etoneSeptember 11, 20101min830
ဒီပုံပြင်လေးက ဆရာမင်းခိုက်စိုးစံရဲ ပုုံ့ပြင်လေးပါ။ဖတ်စေချင်လို့ ဝေမျှပေးလိုက်ပါတယ်။ တစ်ခါတုန်းက မြို့လေးတစ်မြို့အစွန်က အိမ်လေးတစ်အိမ်မှာ အလွန်တော်တဲ့ သိပ္ပံပညာရှင်ကြီးသုံးဦး နေကြသတဲ့ဗျာ။အဲဒီသိပ္ပံပညာရှင်ကြီးတွေ နေတဲ့အိမ်မှာ မီးဖိုမရှိတဲ့အတွက် သူတို့ဟာ ထမင်းချက်မစားနိုင်ဘူးတဲ့။အဲတော့ မြို့ ဂုဏ်ဆောင်တဲ့ သူတို့တွေကို မြို့မိ ၊ မြို့ဖတွေ က ထမင်းပို့ပေးရတော့တာပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားကြရတာပေါ့ဗျာ။အဲဒီလိုနဲ့ နေတာကြာလာတော့ မြို့မိ ၊ မြို့ဖတွေက သည်းမခံနိုင်တော့ဘဲ “ခင်ဗျားတို့ဟာ ခင်ဗျားတို့ ချက်စားပေတော့ဗျို့။ကျုပ်တို့တော့ မပို့ပေးနိုင်တော့ဘူး”…လို့ပြောကြသတဲ့။ အဲတော့လည်း ပညာရှင်ကြီးတွေက …. “ချက်တော့ စားချင်ပါတယ်ဗျာ။ကျုပ်တို့မှာ မီးဖိုမရှိလို့ပါ” “မီးဖိုမရှိလည်း ဝယ်ကြပေါ့ဗျာ။ဒါမှ မဟုတ်လည်း ခင်ဗျားတို့က သိပ္ပံပညာရှင်တွေပဲ။ကိုယ့်ဟာကိုယ်ဆောက်ကြပေါ့။” “အင်း…ဟုတ်တာတော့ ဟုတ်တယ်ဗျို့။သူများထမင်းစားရတာ သိပ်တော့ မကောင်းလှဘူး”…ဆိုပြီး အသိတရားဝင်လာကြကာ…သူတို့ ထမင်းချက်ဖို့ မီးဖိုတစ်ခုကို လုပ်ကြပါလေရောလားဗျာ။ သိပ္ပံပညာရှင်ကြီးတွေက သူတို့ရဲ့မီးဖို လုပ်ဖို့ လေးလေးနက်နက်စဉ်းစားကြသတဲ့။သူတို့ကိုယ်တိုင် […]