Zaw WonnaSeptember 29, 20121min25112
ကော်ရှုတယ်ဆိုတာ စက်ဘီး ဘီးဖာတဲ့ကော်၊ ဒါမှမဟုတ် PVC ပိုက်ဆက်တဲ့ကော် စတဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ကော်မျိုးကို ရှုတာပဲ ဖြစ်ပါတယ်။ ကော်တွေကို လက်ထဲ၊ ပလတ်စတစ်အိတ်ထဲ ထည့်ပြီးတော့ နှာခေါင်းနဲ့ အနံ့ကို ရှုတာပါ။ မူးယစ်ဆေးဝါး သုံးစွဲသလိုမျိုးပါပဲ။ ကျနော့်စိတ်ထင်တော့ ကော်ကထွက်လာတဲ့ အငွေ့ဟာ အဆိပ်အတောက် ဖြစ်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ပုံတွေကို ကမောက်ကမ ဖြစ်စေတာမျိုး ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးအတွက် အတော့်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော် စတင် တွေ့ဖူးတာကတော့ ထိုင်းနိုင်ငံ နယ်စပ်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေဆီမှာပါ။ ကော်ရှုပြီးရင် ဘယ်လို ခံစားရသလဲဆိုတော့ ဟိုးအဝေးမှာ ရှိတဲ့ အရာတွေဟာ ကိုယ်နဲ့ နီးနီးလေးမှာ ရှိသလိုမျိုး အာရုံလှည့်စားမှု ဖြစ်စေပါတယ်တဲ့။ […]


အင်းပြောမယ်သာပြောရပါတယ်။ကြားရသူ အပေါင်းနားနဲ ့မနာ ဖဝါးနဲ ့နာစေ့ချင်ပါတယ်။မှားကြပြန်ပါပီတဲ့။အဲဘယ်လို များတုန်း။ဘယ်တုန်းကလဲ။ဘယ်သူတွေလဲ။ဘာကြောင့်လဲ။အမျိုးမျိုးသော မေးခွန်းတွေ လားပေါင်းများစွာ အဖြေကျပ်အနေကျပ်လှပါရဲ ့။ချစ်သူ သမီးရည်းစား တွေ ချိန်းတွေ ့ကြရာက နေဖြစ်ကြတာပါတဲ့။အယ် ချိန်းတွေ ့ကြတာ ဘာဆန်းသလဲ မမေးပါနဲ ့ ဟုတ်ဖူးလား။ဟုတ်ပါတယ် ဘာသာဘာဝ ရှိကြတာပေါ့။ခုက နည်းနည်းပို ဆန်းနေမလားဘဲ။ဘယ်လို မှထင်မထားတဲ့ လက်လွန်ခြေလွန် နယ်ကျော်ကြတာပါတဲ့။ဘယ်လိုကြီးလဲနော်—?ဒီပို ့စ်ကို ရေးမယ်ဆိုတော့ ဒီအဖြစ်က ဟုတ်မှဟုတ်ပေါ့ မလား. စုံစမ်းရသေးတယ်။ဒေသခံတွေရော၊နယ်မြေရဲစခန်းပါ၊ကျောင်းသားတွေပါ မကျန် အားလုံးလိုက်မေးရတော့တာပေါ့။ဘယ်သူ တဦးတယောက်ကိုမှ မနစ်စေလိုတဲ့ အတွက်နာမည်များကို ချန်လပ်ခဲ့ပါမယ်။ ဖြစ်ပျက်တာက မုဒိမ်းမှုလား၊အလိုတူအလိုပါများလား ရွာသားများကူပြီးစဉ်းစားပေးကြပါဦး။ဘယ်လိုဖြစ်ပါစေ အားလုံးအတွက်တန်ဖိုးရှိမယ့်မက်ဆေ့စ်လေး ဖြစ်မယ်ဆိုရင်ဝေငှ ရကျိုးနပ်ပါပီ။ ဒီလိုပါ—စစ်တွေတက္ကသိုလ် ပထမနှစ် ဓာတုဗေဒ ကျောင်းသူလေးက သူ ့ချစ်သူ ကောင်လေးနဲ ့ချိန်းတွေ ့ဖို […]