Ma MaAugust 11, 20111min48413
MRTV-4 ရဲ့ ရနှစ်ပြည့် လှူဒါန်းမှုတစ်ခုအဖြစ် မခမမ ကို တွေ့မြင်သိရှိပြီး ရောက်သွားခဲ့ရပါတယ်။ မခမမ လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်မိတ်သဟာယ အသင်းဟာ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ခုဆိုရင် ၃၆ နှစ် ပြည့်ပါပြီ။ စတင်တည်ထောင်သူလည်းဖြစ်၊ လက်ရှိမှာလည်း ဦးဆောင်နေသူဖြစ်တဲ့ ဆရာကြီး ဦးသိန်းလွင်နဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အခုလို မေတ္တာကို ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ဆရာကြီးက နှုတ်ဆက်စကား ဆိုပါတယ်။ ဆရာကြီးဟာ ၁ဝတန်းကျောင်းသားဘဝမှာ လက်တွေ့လုပ်ရင်းနဲ့ ဓာတ်ခွဲခန်းပေါက်ကွဲမှုဖြစ်ပြီး မျက်မမြင်ဘဝကို ရောက်ရှိခဲ့ရသူဖြစ်ပါတယ်။ အဲဒီမတော်တဆမှုမှာ ဆရာကြီးဟာ လက်တစ်ဖက်ပါ ဆုံးရှုံးခဲ့ပေမယ့် စိတ်ဓာတ်မကျပဲ မျက်မမြင်ဘဝနဲ့ပဲ ၁ဝ တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ သူ့လို ဘဝတူတွေ စိတ်ဓာတ်ကျအားငယ်ပြီး […]