သို့ ဘကြီးစိန် သမီး စာရေးလိုက်ပါတယ်။ ဘကြီးစိန် နေကောင်းပါရဲ့လား။ ၂၀၁၅ ခုနှစ်ထဲမှာ ဘကြီးစိန် အတော်လေး စိတ်ဖိစီးရမယ် ထင်ပါတယ်။ အဲဒါကြောင့်ပဲ ဒီစာကို ရေးလိုက်ရပါတယ် ဘကြီးစိန်။ ဘကြီးစိန်ရဲ့ စိတ်ထဲမှာ ငါ့နဲ့ပတ်သက်ပြီး ကောင်းစားနေတဲ့သူတွေကလွဲလို့ ကျန်တဲ့ အောက်ခြေပြည်သူတွေက ငါ့ကို အမုန်းကြီးမုန်းနေကြမယ်လို့ ထင်နေကောင်း ထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး ဘကြီးစိန်။ ပြည်သူတွေထဲမှာလည်း ဘကြီးစိန်ကို ချစ်နေတဲ့သူတွေ ရှိနေပါတယ်။ ဘကြီးစိန် ဝမ်းသာသွားအောင် ပြောပြချင်လို့ပါ။ သူတို့တွေက အကျိုးအမြတ်ကို မျှော်ကိုးပြီးတော့ ဘကြီးစိန်ကို ချစ်တာ မဟုတ်ပါဘူး။ ဘကြီးစိန်ကို ဒီအတိုင်းချစ်နေကြတာပါ။ ဘကြီးစိန် သိပါတယ်။ သမီးကတော့ ကြီးမေကိုပဲ ချစ်တဲ့သူလေ။ သူတို့တွေနဲ့ စကားပြောရတာ အတော်လေးတော့ စိတ်ကသိကအောင့် ဖြစ်ရတာပေါ့။ သူတို့တွေက ဘကြီးစိန်ကို […]