kaiMarch 15, 20111min37118
အောက်မှာ အီလဲဗန်း ကသတင်းကို ကူးတင်ပေးထားပါတယ်..။ နောက်ပုံတပုံကတော့ ..အီးမေးလ်ကရတာပါ..။ ဒီမိုဝေယံလိပ်စာပါတာမို ့..အဲဒီကို ခရက်ဒစ်ပေးပါတယ်..။ သာမန်အားဖြင့်… မြန်မာပြည်မှာ .. ငွေသိန်းသောင်းချီလို့.. စေတီတွေ၊ပုထိုးတွေဆောက်လုပ်လှူနေကြတာတွေ့ခဲ့ဖူးတာပါ..။ ဗိုလ်ချုပ်ကြီးများတို့တတွေလည်း အဲဒီနေရာတွေမှာ ကိုယ့်အတ္တနဲ့ကိုယ်..နောင်နောက်ဘဝတွေအတွက် ..လှူတယ်ဆိုပြီး ..သန်းချီထည့်လို့..ငွေအရင်းအမြစ်တွေ..မြုတ်နှံထားကြတာကိုလည်း..တနေ့တခြားမရိုးနိုင်အောင် တွေ့ဖူးနေတာပါ..။ အဲဒါတွေနောက်..အခုထူးထူးခြားခြား. ကျမ်းမာရေးအတွက် သိန်းပေါင်းသန်းချီရင်းနှီးလှူပေးလိုက်တဲ့ မက်စ်အုပ်စုကို အလွန်သာဓုခေါ်မိတာပါပဲ..။ ကလေးတွေအတွက်ဖြစ်တဲ့ ဆေးရုံမို ့… ပိုပြီးတောင် သာဓုခေါ်ပါတယ်..။ တပြိုင်ထဲ.. တပ်မတော်ခေါင်းဆောင်တွေကလည်း.. သိန်းဂဏ္ဍန်းထည့်လှူကုသိုလ်ယူထားတာ သတင်းစာထဲက အလှူရှင်စာရင်းမှာတွေ့လိုက်ရပါတယ်..။ ကျန်တဲ့ သူဌေးတွေလည်း မက်စ်က ကိုဇော်ဇော်လို … အဓိပါယ်ရှိတဲ့..မွန်မြတ်တဲ့အလှူမျိုး … လိုက်လုပ်ကြရင်သိပ်ကောင်းမှာပဲ..အကြိမ်ကြိမ်တွေးမိနေပါရဲ့..။ နိုင်ငံတခုမှာ… ဆေးရုံတွေလိုပါတယ်..။ ကျောင်းတွေလိုပါတယ်..။ အင်ဖရာစရပ်ချာခေါ်တဲ့ လမ်းပန်းဆက်သွယ်ရေး.။ လျှပ်စစ်၊ ဖုန်းလိုင်း. စတာတွေလိုပါတယ်..။ ဖွံ့ဖြိုးဆဲတိုင်းပြည်ရဲ့ ဂျီဒီပီကနေ မျှသုံးကြရာမှာ.. အဲဒီနေရာတွေကို […]