ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများသည် ၎င်းတို့ကို ၎င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးက ဖော်ပြလေ့ရှိသည်။ ၁၉၅ဝ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝရှိကြောင်း ကြေငြာဖော်ပြကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း (၅၀) ကျော်တို့က ၎င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၎င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။ စကားလုံးရင်းမြစ် ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး […]


သုဇနကဏ္ဏ (၁)သူတော်မြတ်မှပေါင်းဖက်ကြ၊မိတ္တပြုကြရာ သူတော်တရားသိသူများ၊မြတ်ထားမယုတ်မာ။ (၂)သူယုတ်မာလျဉ်းပေါင်းဖက်ခြင်း၊ဝေးကင်းရှောင်ကြဉ်လော့ ပေါင်းဖက်အပ်မှန်သူမြတ်ထံ၊နာခံဆည်းကပ်လော့၊ နေ့ညဉ့်ပတ်လုံးကုသိုလ်ထုံး၊နှလုံးမူပြုလော့ သင်္ခါရပေါင်းမမြဲကြောင်း၊မစောင်းအောင့်မေ့လော့။ (၃)ရေသဖန်းမှည့်အပကြည့်၊ဆင်းပြည့်လွန်နီမြန်း အတွင်း၌မူပိုးလောက်ထူ၊မြင်သူကြောက်ခမန်း သူယုတ်နှလုံးဤတူနှုန်း၊ဖြစ်ထုံးနည်းမှီငြမ်း။ (၄)ပိန္နဲမှည်ရော်ပြင်ပနော်၊ဆူးသော်ထင်စေမူ အတွင်းဝယ်မှာချိုမြိန်စွာ၊ရသာပြည့်စုံဟူ သူတော်နှလုံးဤတူနှုန်း၊နည်းထုံးမခြားဟူ။ (၅)စန္ဒကူသစ်ခြောက်သွေ့လစ်၊ရင်းဖြစ်နံမစွန့် စစ်မြေရောက်ဆင်လူ့မှောက်တွင်၊နှိပ်အင်မှန်မစွန့် စက်ယန္တရားရောက်သော်ငြား၊ချိုအားကြံမစွန့် သူတော်ကဝိဆင်းရဲဘိ၊မိမိကျင့်မစွန့်။ (၆)ခြင်္သေ့ဟူပေမွတ်သိပ်စေ၊ပဏ္ဏေမြက်မစား ကြုံလှီကာမူမစားဟူ၊နည်းတူဆင်အသား မျိုးနွယ်စောင့်တတ်အမျိုးဇာတ်၊မြင့်မြတ်သူမှာကား မိမိဆင်းရဲရောက်သော်လည်း၊ကြဉ်မြဲမှုယုတ်များ။ (၇)လောကတွင်ဦးစန္ဒကူး၊အထူးဧကြည်မြ ထို့ထက်တဖုံငွေလယုန်၊အပုံချမ်းမြေ့လှ သူတော်နှုတ်မြွက်စကားထွက်၊ထို့ထက်သီတလ။ ဆက်လက်ဖေါ်ပြပါမည်။