ashinindakaFebruary 4, 20111min21211
အမြင်မှန်မှ အမှန်မြင်မယ်ဆိုတာနဲ့ ဆက်စပ်လို့ ဖတ်ဖူးတဲ့ ပုံပြင်လေး ပြောပြချင်တယ်။ တစ်ခါတုန်းက ရွတ်တစ်ရွာမှာ ကိုလူအေးနဲ့ ဒေါ်မွှေးလို့အမည်ရတဲ့ ဇနီးမောင်နှံနှစ်ဦးရှိဘူးတယ်။ ကိုလူအေးတို့နေထိုင်တဲ့ရွာကလေးဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲလှတဲ့အတွက် လူသူအရောက်အပေါက် အင်မတန်နည်းတယ်။ ကိုလူအေးတို့ရွာသူရွာသားတွေကလည်း တခြားမြို့ရွာတွေကို ရောက်ဖူးတဲ့သူ ရှားသတဲ့။ အဲဒီတော့ နဂိုကရိုးသားအေးဆေးလှတဲ့ ကိုလူအေးတို့ရွာသားတွေဟာ အကြားအမြင်ဗဟုသုတနည်းပါးကြတော့ လူရိုးလူအတွေ ဖြစ်ကုန်တာပေါ့။ ကိုလူအေးက ဘယ်လောက်အသလဲဆိုရင် တစ်ခါက မြို့ကို နွားရောင်းသွားတဲ့အခါ လမ်းမှာတွေ့ရတဲ့လူလည်တစ်ယောက်က သူထမ်းလာတဲ့ ကျောက်ဖရုံသီးကြီးကို ဆင်ဥ လို့လိမ်ညာပြီး ကိုလူအေးရဲ့ နွားနဲ့ လဲယူသွားတာ ခံရဖူးသတဲ့။ ကိုလူအေးရဲ့ဇနီးဒေါ်မွှေးကလည်း ကိုလူအေးနည်းတူ ရိုးအတာပါပဲ။ ကိုလူအေးဟာ တောထဲကို လယ်ထွန်သွားရင်းနဲ့ မှန်ဝိုင်းလေးတစ်ချပ်ကို လမ်းဘေးက ကောက်ရသတဲ့။ သူကတော့ မှန်ရယ်လို့ မမြင်ဘူးတော့ မသိပါဘူး။ ဒါပေမဲ့ မှန်ဝိုင်းလေးကို ကောက်ယူကြည့်တဲ့အခါ […]