သုတဓမ္မတရားတော်တွေကို လေ့လာရတာ လောကီအတွက်ရော လောကုတ္တရာအတွက်ရော သိပ်တန်ဖိုးရှိတာပဲ။ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်လာတဲ့အခါ သမ္မာသင်္ကပ္ပဆိုပြီး အမှန်တွေးလာတယ်။ အမှန်တွေးလာတဲ့အခါ သမ္မာဝါစာ – မှန်တာပြောတယ်။ သမ္မာကမ္မန္န – မှန်တာလုပ်တယ်။ မှန်တာပြောပြီး မှန်တာလုပ်တဲ့အခါ သမ္မာအာဇီဝလို့ခေါ်တဲ့ မှန်ကန်စွာ အသက်မွေးမှုဖြစ်လာတယ်။ မဂ္ဂင်ရှစ်ပါးကို လောကီနယ်မှာ ကျင့်သုံးတာပေါ့။ ခု BA Part 3 တရားတွေဖြစ်တဲ့ ဗောဓိပက္ခိယတရားကို လေ့လာသုံးသပ်ခြင်း တရားတော်တွေကို နားထောင်နေတာ။ ဝီရိယရဲ့ စွမ်းဆောင်ချက် (၄) ချက်ရှိတယ်တဲ့။ (၁) မဖြစ်သေးတဲ့ အကုသိုလ်တွေ ဖြစ်မလာအောင် ကြိုးစားရမယ်။(၂) ဖြစ်လာတဲ့ အကုသိုလ်တွေကို ပိတ်ဆို့ဖယ်ရှားရမယ်။(၃) မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်လာအောင် ကြိုးစားရမယ်။(၄) ဖြစ်ပြီးတဲ့ ကုသိုလ်တရားတွေ တိုးပွားလာအောင် ကြိုးစားရမယ်။ဒီ (၄) ချက်ကို […]