ကြောင်လတ်November 12, 20111min18417
ကျီးမနိုးပွဲ   ကြောင်လတ် ဒီစာကိုရေးတဲ့အချိန်ဟာ မြန်မာစံတော်ချိန် နဲ့ဆိုရင် ၁၂.၁၁.၂၀၁၁ မနက် ၁း၄၂ နာရီရှိ်နေပါပြီ။ကြောင်လတ် တော်တော်လဲမူးနေပါတယ်၊ စာကိုအတော်ကြိုးစားပြီးရေး(ရိုက်) နေရပါတယ်။ တကယ်တော့ ဒီရက်မှာ ကြောင်လတ်   ဪ ယောကျင်္ားဆိုတဲ့စာကို  တင်ဖို့ပါ၊ ဖြစ်ချင်တော့  ဂေးဖြစ်နေတဲ့ယောင်္ကျားတစ်ယောက်အကြောင်းကိုရေးထားတဲ့ပို့ စ်မှာ ကိုကြောင်ကြီးက ဒီလောက်နိုင်ငံရေးအရေးကြီးနေချိန်မှာ ဂေးအကြောင်းရေးတဲ့သူကိုပြစ်ပြစ် နစ်နစ်ကြီး ပြောထားတော့ ယောကျားတစ်ယောက်အကြောင်းရေးထားတဲ့ ပို့စ် ကိုမတင်ရဲပဲ နေ  နေရတာပါ။ မြစ်ကြီးနားမှာတာဝန်ကျနေတဲ့ ဘော်ဘော်တစ်ယောက် ခွင့်နဲ့ပြန်လာပြီး ပြန်ကာနီးနှုတ်ဆက်ရင်း သောက်ကြရင်းနဲ့ ဝါသနာတူသူတွေ ကေတီဗွီ ကိုရောက်သွားပြီး ပြန်လာခဲ့ပါတယ်။ သောက် ကြတဲ့နေ့ကတော့ ၁၁.၁၁.၁၁နေ့ ည   ၁၉းဝဝ ပါ၊ ပြန်လာတော့ အထက်ကပြောတဲ့ နေ့နဲ့အချိန်ဖြစ်နေပါပြီ။ မြို့ထဲလမ်းတလျှောက်လုံးမှာ အမှိုက်တွေ လမ်းပေါ်မှာဟိုတစ်ပုံ ဒီတစ်ပုံဖြစ်နေပါတယ်၊ ကျောက်ခဲတွေ၊လှည်းတွေ၊ခြင်းတောင်းတွေ […]