ကျီးမနိုးပွဲ

ကြောင်လတ်November 12, 20111min18417

ကျီးမနိုးပွဲ

 

ကြောင်လတ် ဒီစာကိုရေးတဲ့အချိန်ဟာ မြန်မာစံတော်ချိန် နဲ့ဆိုရင် ၁၂.၁၁.၂၀၁၁ မနက် ၁း၄၂ နာရီရှိ်နေပါပြီ။ကြောင်လတ် တော်တော်လဲမူးနေပါတယ်၊ စာကိုအတော်ကြိုးစားပြီးရေး(ရိုက်) နေရပါတယ်။ တကယ်တော့ ဒီရက်မှာ ကြောင်လတ်   ဪ ယောကျင်္ားဆိုတဲ့စာကို  တင်ဖို့ပါ၊

ဖြစ်ချင်တော့  ဂေးဖြစ်နေတဲ့ယောင်္ကျားတစ်ယောက်အကြောင်းကိုရေးထားတဲ့ပို့ စ်မှာ ကိုကြောင်ကြီးက ဒီလောက်နိုင်ငံရေးအရေးကြီးနေချိန်မှာ ဂေးအကြောင်းရေးတဲ့သူကိုပြစ်ပြစ် နစ်နစ်ကြီး ပြောထားတော့ ယောကျားတစ်ယောက်အကြောင်းရေးထားတဲ့ ပို့စ် ကိုမတင်ရဲပဲ နေ  နေရတာပါ။

မြစ်ကြီးနားမှာတာဝန်ကျနေတဲ့ ဘော်ဘော်တစ်ယောက် ခွင့်နဲ့ပြန်လာပြီး ပြန်ကာနီးနှုတ်ဆက်ရင်း သောက်ကြရင်းနဲ့ ဝါသနာတူသူတွေ ကေတီဗွီ ကိုရောက်သွားပြီး ပြန်လာခဲ့ပါတယ်။ သောက် ကြတဲ့နေ့ကတော့ ၁၁.၁၁.၁၁နေ့ ည   ၁၉းဝဝ ပါ၊ ပြန်လာတော့ အထက်ကပြောတဲ့ နေ့နဲ့အချိန်ဖြစ်နေပါပြီ။ မြို့ထဲလမ်းတလျှောက်လုံးမှာ အမှိုက်တွေ လမ်းပေါ်မှာဟိုတစ်ပုံ ဒီတစ်ပုံဖြစ်နေပါတယ်၊

ကျောက်ခဲတွေ၊လှည်းတွေ၊ခြင်းတောင်းတွေ လမ်းမှာကန့်လန့်ခံထားပါတယ်။ ကျီးမနိုးပွဲကျင်းပထားကြတာပါ။ ဒီအကြောင်းကို ကြောင်လတ် ၁ဝ တန်းတုန်းက ဒုတိယအစမ်း စာမေးပွဲမှာထင်ပါတယ်၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုန်းမှာ ရေးခဲ့ဖူးပါတယ်။

လူငယ်တွေ မဟုတ်တဲ့အလုပ်ကိုလုပ်နေကြတယ်ဆိုတဲ့ အကြောင်းပါ။ ဆရာမ က နင်ဘာတွေလျှောက်ရေးတာလဲဆိုပြီးအတန်းထဲမှာဖတ်ပြပြီး ပြန်ပြောပါတယ်။

ကြောင်လတ်ရေးတာက ကျီးမနိုးပွဲရဲ့အကြောင်းပါ၊ ကျီးမနိုးပွဲဆိုတဲ့အဓိပ္ပါယ်ဟာ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့မှာ ကျီးမနိုးခင် မကောင်းမှု (သူများပစ္စည်းများကို လုပ်ချင်သလို်လုပ်တဲ့အမှု)ကိုပြုရင် အပစ် မဖြစ်ဖူးဆိုတဲ့အယူအဆနဲ့ လုပ်ကြတာလို့ကြားဖူးပါတယ်။ အဲဒီမှာ သူတပါးပစ္စည်းတွေကိုဟိုရွှေ့ ဒီရွှေ့ အပျော်သဘောမျိုးလုပ်ကြပါတယ်၊ အဲဒီကစပြီး မသမာသူတွေက ပစ္စည်းခိုးတဲ့အဆင့်ထိရောက်လာတဲ့အကြောင်းရေးလိုက်တာပါ။ အဲဒါထားလိုက်ပါတော့ ကြောင်လေးမူးနေလို့စာကောင်းကောင်းမရေး(ရိုက်)နိုင်တော့ပါဘူး။ အိမ်ရောက်အောင်မနဲပြန်ခဲ့ရပါတယ်၊လမ်းလယ်ကောင်မှာ ကွမ်းယာလှည်းတွေ၊ စဉ့်အို်းတွေ၊ တိုင်ကီတွေကို မနဲကွေ့ရှောင်လာရပါတယ်၊အိမ်ရှေ့ရောက်တော့  စိုက်ထားတဲ့အပင်ကိုဆိတ်မစားအောင် ကာထားတဲ့ ယို်င်အခွေတွေမရှိတော့ပါဘူး၊လိုက်ရှာတော့ နှစ်လမ်းကျော်လောက်က လမ်းပေါ်မှာရောက်နေပါတယ်၊ ဒါနဲ့ ဆိုင်ကယ်နဲ့တွန်းပြီးပြန်ယူလာရပါတယ်၊ ခြေရင်းအိမ်က ကုန်ကားပိုင်ရှင်ရဲ့ ကားတာယာအဟာင်းတွေကို လမ်းမှာပိတ်စီထားလို့ ပြန်ပြီးဖယ်ပေးလိုက်ပါသေးတယ်၊ လမ်းမှာပြန့်ကျဲနေတဲ့ အမှိုက်တွေ ကို လမ်းဘေးကိုဆွဲချလို်က်ပါတယ်။ ပြီးမှ အိမ်ပေါ်တက်၊ထမင်းစားပြီး ဒီစာကိုရေးလိုက်တာပါ။

ကျွန်တော်ပြောချင်တာက  ဒီ ပွဲတော်၊ဒီအလေ့အထ ကိုဘယ်သူတွေက၊ ဘယ်အချိန်ကတည်းက၊ဘာအဓိပ္ပါယ်နဲ့ လုပ်ခဲ့ကြတာလဲ၊ ဘာအကျိုးအပစ်တွေ ရှိသလဲ၊တာဝန်ရှိသူတွေကဘာဖြစ်လို့် ဒီဆိုးရွားတဲ့အလေ့အထကို မတားမြစ် ကြတာလဲ၊ အိမ်နားမှာကင်းတဲရှိနေလျှက်နဲ့ ကင်းတဲရှေ့မှာ အမှိုက်ပုံအကြီး ကြီး ဖြစ်နေတာ ဘယ်လိုလုပ်မလဲ။စဉ်းစားမိတာပါ။(အကိုကြောင်ကြီးရေ နိုင်ငံရေး အရေးကြီးချိန်မှာ ဘာမဟုတ်တဲ့အကြောင်းကိုရေးတယ်လို့ မထင်ပါနဲ့၊ မြန်မာလူငယ်တွေရဲ့ သောက်တလွဲအလေ့အထ ကိုပြုပြင်ပြောင်းလဲသင့်တယ်ထင်လို့ပါ။ )  ကျွန်တော် ၁ဝတန်းကျောင်းသား လူငယ်အရွယ်ကတည်းက ဒီအလေ့အထကို မကြိုက်ခဲ့တာပါ။

 

 

17 comments

  • MaMa

    November 12, 2011 at 8:38 am

    ဘယ်လိုအဓိပ္ပါယ်နဲ့ ဘယ်သူက ဘယ်တုန်းက စခဲ့မှန်း မသိပေမယ့် ကြောင်လတ် (ဆိုတော့ ကြောင်ကြီးကို ကြောက်ရ အဲ မှားလို့ လေးစားရ တာပေ့ါ။) ပြောသလို အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဓလေ့လို့ပဲ မြင်မိပါတယ်။

  • Diamond Key

    November 12, 2011 at 9:18 am

    လူငယ်တွေ ဆိုတော့ ပျော်ချင်တာ သက်သက်နဲ့ လုပ်ခဲ့ကြတာပါ။ ပစ္စည်းရောင်းတဲ့ ဆိုင်က လျှော့ဈေးနဲ့ ရောင်းမယ် ဆိုတဲ့ ဆိုင်းပုဒ်မျိုးကို အပျိုကြီးတွေ အိမ်ရှေ့ချိတ်ပြီး စိတ်ဆိုးနေတာ အဝေးက ကြိတ်ရယ်တာ လောက်က အပျော်သက်သက်ပေမယ့် အနောက်အယှက်ပေးလိုတာ၊ ကိုကြောင်လတ်ပြောသလိုတွေ ဖြစ်လာတော့ မကောင်းတာတော့ အမှန်ပါ။

  • parlayar46

    November 12, 2011 at 9:22 am

    အပေါ်က မန်းထားနှင့်တဲ့ MaMa ကိုတော့ အားနာပါတယ်။

    ဒါပေမယ့် ဒီဥစ္စာက လေသံပြင်းပြင်းနဲ့ပြောရမယ့်ကိစ္စ ဖြစ်နေတယ်။
    ဆိုတော့…
    ကျုပ်အမြင်တော့ ကျီးမနိုးပွဲဆိုတာ-
    သူများပစ္စည်းခိုး+ သူများပစ္စည်းဖျက်စီး+
    သူများဂုဏ်သိက္ခာကိုဖျက်စီးပြီး ရယ်စရာလုပ်-လစ်ရင်အတည်လုပ်တဲ့
    လူရမ်းကားသူခိုးဂျပိုး ဓလေ့ပဲဖြစ်ပါတယ်။

    အခုအလုပ်များနေလို့ ခဏနေမှ ထပ်မန်း(အကျယ်ချဲ့)ဦးမယ်။
    ဆဲနှင့်ကြပါ။

  • ပေါက်ဖော်

    November 12, 2011 at 9:33 am

    အင်း..
    ဒီမနက် ကျနော်လာတော့လဲ…ဆိုင်းဘုတ်တွေ..အိမ်ရှေ ့လျှောက်ကပ်ထားတယ်..
    နာမည်ကြီး..မုန် ့ဟင်းခါးသည်အိမ်ရှေ ့..“အမှိုက်မပစ်ရ” တဲ့
    အင်ကြင်းပင် တဲ့..တော်သေး..နာ့ကွမ်းယာဆိုင်လေး..ကင်းစောင့်ခိုင်းထာလို ့..
    ကွိ..ကွိ..
    😆

  • etone

    November 12, 2011 at 9:47 am

    ကိုကြောင်လတ်ရေ ကျွန်မလည်း မနေ့က ကျီးမနိုးပွဲအကြောင်းတင်မလို့ နည်းနည်းရေးတုန်း အရေးတကြီးအလုပ်ကပြသနာဖြစ်တာနဲ ့ မရေးဖြစ်တော့ဘူး ။
    ပြန်ရေးမယ်ဆိုတော့လည်း စိတ်မပါတော့ဘူးလေ … ။

    ကျီးမနိုးပွဲဆိုတာ ရှင်းရှင်းပြောရလျှင် သောက်ကျင့်ယုတ်တဲ့လူတွေ ပေါ်တင်ပြောင်ခိုးတဲ့ပွဲပါပဲ …. ။
    မနှစ်ကတော့ ပစ္စည်းတွေပြောင်သွားတယ် 🙁 ကျီးမနိုးပွဲ အကြောင်းပြပြီး ခိုးသွားလို့ပါပဲ ။ ခိုးလို့မလွယ်တဲ့ပစ္စည်းတွေကိုတော့ ဖျက်ဆီးခဲ့တယ်လေ …. ။
    အရင်ကတော့ အချင်းချင်း စချင် နောက်ချင်လို ့ ပန်းအိုးတွေ ရွှေ့တာပဲ ရှိတယ် အခုတော့ … အကုန်ကို ပြောင်းဆန်နေတာပဲ …. လှိုင်သာယာဖက်ပိုဆိုးတယ် ။ ဒီနှစ်ကတော့ လူစောင့်ငှားလိုက်ရတယ် … တညလုံး စောင့်မယ့်လူကို ပိုက်ဆံ နည်းနည်း ပိုပေးပြီး ထိုင်ကိုစောင့်ခိုင်းရတဲ့ အဖြစ်လေ ။

  • ကြောင်ကြီး

    November 12, 2011 at 10:03 am

    သူလုပ် ကိုယ်လုပ်၊ အများမိုးခါးရေသောက် လိုက်သောက်၊ အစဉ်အလာဆိုတာ မဖျက်ကောင်းဘူးကွဲ့။ ကျီးမနိုးပွဲ မဖြစ်စေချင်ရင် အဲဒီညဖက် ကျီးတွေ အိပ်တန်း မတက်နိုင်အောင် လုပ်ထား။ ဒါဆို ပညတ်သွားရာ ဓာတ်သက်ပါ၊ ကျီးမနိုးပဲ ပျက်သွားလိမ့်မယ်။။။ မယုံရင် ဝေဒကဝိပညာရှိ ကိုရင်စည်သူ့ကို မေးကြည့်။။။ 😮

    • ကိုရင်စည်သူ

      November 12, 2011 at 3:17 pm

      အောင်ကြူးကြီးလုပ်တဲ့
      ကျီးမနိုးပွဲ
      ကိုရင်ကြောက်လို့
      အသဲကွဲ
      သောက်ပါသော်လည်း
      မပျက်တဲ့ပွဲ…
      အောင်ကြူးမနိုးတဲ့
      ကျီးမနိုးပွဲ….. 😀 😀 😀

  • htoosan

    November 12, 2011 at 10:17 am

    စိတ်မဆိုးဖို့ တောင်းပန်ရင်းနဲ့ ပြောလိုက်ပါရစေလား ……. 😉
    အလွဲသုံးတဲ့ ကျွန်တော်တို့ ဓလေ့လေးတွေများ ……………….. 💡 :mrgreen:
    ဘယ်သော ခါမှပျောက်မယ် မသိတော့ပါလား……. ❓ 😥

    • pooch

      November 12, 2011 at 11:38 pm

      ကိုထူးဆန်းပြောသလိုပါပဲ မြန်မာ နှစ်သစ်ကူးပွဲတော်ကို လည်း ရိုးရာဓလေ့ အတိုင်း ဆင်နွှဲကြရင်းကနေ အခု သင်္ကြံန်ပွဲတော်ဆိုတာ ကို အလွဲသုံးပြီး ရိုးရာပျောက်နေပါပြီ။

  • aye.kk

    November 12, 2011 at 10:18 am

    ကျီးမနိုးပွဲဆိုတဲ့ အလေ့အထဟာ လူငယ်လူရွယ် လူပျိုအပျိုအရွယ်တို့ရဲ ့ ရပ်ရွာဓလေ့ အရ
    ကာလသားခေါင်းတို့ ကဦးဆောင်ပြီးတန်ဆောင်မုံးလပြည့်ကျော် တစ်ရက်နေ ့ရောက်တိုင်းရောက်တိုင်း အာရုဏ်ဦးဆွမ်းဆန်လောင်းမယ့် အချိန်ဟာကျီးတောင်မှမနိုးသေးခင် ထကြရတာမို့ ဘာသာရေးမှာ နိုးနိုးကြွားကြွား တက်တက်ကြွကြွနဲ့
    ်ဝိုင်းဝန်းလုပ်ကိုင်ပါဝင် ဆောင်ရွက်ကြစေဘို့အတွက်
    တစ်အိမ်တက်ဆင်း လိုက်လံနိုးပြီး မနိုးတဲ့သူများကိုတော့
    သူတို ့ရဲ ့ပိုင်ဆိုင်တဲ့ပစ္စည်းအချို ့ကို မတွေ့မမြင်နိုင်အောင် တစ်နေရာကနေ တစ်နေရာကို
    အပင်ပန်းခံ သယ်ဆောင်ပြောင်းရွေ့လို့ို့ကျီစားရာကနေနောက်မှပြန်ပေးကာ
    တာဝန်သိစေရန် အတွက်ဆောင်ရွက်ပြုလုပ်ခဲ့ ရာမှတစ်ဆင့်ချစ်စရာကောင်းတဲ့ ရွာဓလေ့တစ်ခု အနေနဲ့
    အလေ့အထဖြစ်တည်လာခဲ့တာပါ
    ကာလတစ်ခုအနေနဲ့ ဘာသာရေးမှာ အားနည်းခဲ့ရာကစပြီး
    အာရုဏ်ဦးဆွမ်းလောင်းတဲ့ အလေ့အကျင့်တို့လွန်စွာနည်းပါးလာခဲ့တဲ့အပြင် ချစ်စရာကောင်းတဲ့
    ရပ်ရွာဓလေ့ကနေ အကျီစားသန်မှုဖက်ကို လွန်ဆွဲရင်း အယူအဆတွေ တိမ်းစောင်း
    မှားယွင်းလာတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ် ယနေ့ခေတ်ကာလ လူငယ်လူလတ်တို့ ပြုလုပ်တဲ့ ကျီးမနိုးပွဲဟာ ဘာသာရေးအသိတစ်ရား ပျောက်ကွယ်နေတဲ့အပြင်
    ရုပ်ဆိုးပြီး အကျည်းတန်နေတဲ့ အတွက် အသိအမြင် တည့်မတ်ပေးဖို့
    လိုအပ်နေပြီဆိုတဲ့ အကြောင်းပြောလိုက်ပါရစေ

  • windtalker

    November 12, 2011 at 11:19 am

    ကိုကြောင်လတ် အဆိုကို ထောက်ခံပါတယ် ။
    ဒီသောက်ကျင့်ကြီးကို လုံးဝ ပျောက်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း

  • ကြောင်လတ်

    November 12, 2011 at 11:25 am

    အေး ကေကေ ခင်ဗျာ ကျီးမနိုးပွဲဓလေ့ ဖြစ်ပေါ်လာပုံလေးကိုရှင်းပြတဲ့အတွက်ကျေးဇူးပါ။ မူလရည်ရွယ်ချက်ကလေးကတော်တော်ကိုချစ်စရာကောင်းခဲ့တာပါလား၊
    အခုများတော့ဗျာ ဖြစ်ချင်တိုင်းကိုဖြစ်နေတာပဲ၊ ရဲတွေစောင့်နေတာတောင်တားလို့မရဘူး၊လူငယ်တွေအုပ်စုဖွဲ့ပြီး အခုအချိန်ဟာ သူတို့ရဲ့အခွင့်အရေးတစ်ရပ်အနေနဲ့ကိုလုပ်နေကြတာပါ။

    အိတုန်ရေ ရွာထဲမှာတော့ ကိုကရေးမယ်ကြံလိုက်ရင် ရေးပြီးသားတွေချည်းပါပဲ။ဂေဇက်ဟာ လူစုံ လိုင်းစုံ၊ ပညာရှင်အစုံ ရှိတဲ့ ဂေဟာတစ်ခုပါ။သူ့ကဏ္ဍနဲ့သူ ဆရာတွေများပါတယ်။ အကိုကြောင်ကြီးတို့ လို ဘယ်ဘက်ကစမ်းစမ်း၊ညာဘက်ကစမ်းစမ်း ဆိုတဲ့သူတွေကလည်းများမှများ၊ ဦးသစ်မင်းတို့ ၊အကိုဖောတို့လိုပေါ့၊ ပြောရရင်အများကြီးပါဗျာ။

  • “ဘီလူးကြီး”ogre

    November 12, 2011 at 3:41 pm

    ကျုပ်ငယ်ငယ်က…ကျီးမနိုးပွဲကတော့ အဲလိုအပင်ပန်ခံပြီး ပစ္စည်းတွေလိုက်မရွှေဘူးဗျ
    တစ်ညထဲ ဘဲ(၁၃)ကောင် ကုန်အောင်ခိုးစားတာပဲရှိတယ်…ဟီး 😛

  • small cat

    November 12, 2011 at 6:18 pm

    ဘီလူးတစ်ယောက် က ဘဲ ၁၃ ကောင်ထဲစားတာဆိုတော့မနဲလွန်းဘူးလားဗျာ၊
    ဒါ့ထက်များများစားသင့်တာပေါ့။ ကျွဲ/နွား အကောင် ၂ဝ လောက်ပေါ့။

  • Yin Nyine Nway

    November 12, 2011 at 8:50 pm

    ဟုတ်တယ်ဗျို့
    ဒါကတော့ စိတ်အညစ်တကာ့အညစ်ဆုံးပဲ
    အဆောင်မှာလဲ ကုန်ပြီလှန်းထားတဲ့အဝတ်တွေရော
    ခုံတွေရောရိုက်ချိုးခံရတယ်
    ဓမ္မာရုံရှေ့က ကွမ်းယာဆိုင်ဆို တွားရော…

  • naywoonni

    November 12, 2011 at 9:04 pm

    တို့ မန္တလေး မှာ ကျောင်းတက်တုန်းကတော့ အဲဒိကျီမနိုးပွဲရှိဘူးဟ…။ အပျော် ညစာစားချင်တဲ့သူတွေက ဖလားတွေ ဘာတွေနဲ့ အလှူထွက်ခံကြတယ်..။ ကလေးတွေကို ပိုက်ဆံကျဲတဲ့သူတွေလည်းရှိတယ်…။ အပျော်ပေါ့…။ နေဝန်းနီတို့အဆောင်ကလည်း အလှူခံပြီး ညလယ်စာ ထမင်းဟင်းတွေချက် ပုလင်းတွေ ဘာတွေ ထောင် တစ်ညလုံး မူးတာပဲ…။ အဆောင်ပိုင်ရှင်တွေက လည်း အဲဒိတစ်ညတော့ ခွင့်ပြုတယ်လေ…။ ထမင်းဟင်း ချက်စားတာနဲ့ အရက်သောက်တာကိုပြောတာပါ…။ ဒီထက်တော့ ပိုကဲလို့ မရဘူးပေါ့…။ မကောင်းတဲ့ အကျင့်စရိုက်ကို လမ်းပြောင်းပေးလိုက်တာပါပဲ…။

  • ချစ်ရင်ထူး

    November 12, 2011 at 10:11 pm

    ကျီးမနိုးပွဲဆိုလို့ အဲဒီနေ့ညနေပိုင်း 7:30 လောက်လို့ပြောတာပဲ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မြန်အောင်မြို့ ရေနံမြေဝန်း အတွင်းမှာ ချိန်ကိုက်ပုံး နှစ်လုံး (မိနစ်အနည်းငယ်ခြား၍) ပေါက်ကွဲခဲ့တယ်လို့သူငယ်ချင်းတစ်ယောက်က ပြောပြပါတယ်။ အဲဒီ ပုံး မတိုင်ခင် နှစ်ရက်လောက်က မြန်အောင် မှာပဲ သေနတ်ပစ်မှု တစ်ခုဖြစ်ပွါးခဲ့သေးတယ်လို့ပြောပါတယ်။ စစ်တပ်က အရာရှိက ပစ်တာ လို့ပြောပါတယ်။ သေတော့မသေပါဘူးတဲ့။ ဒါလဲပဲ ကျီးမနိုးပွဲ ဆိုပြီး စ တဲ့သဘောလားမသိဘူးနော်….

Leave a Reply