kaiFebruary 17, 20111min1679
မနေ့က … ၁လ၊၁၁ရက်၊၁၁ခုနှစ်… တစ်ငါးလုံးဆုံတဲ့နေ့နော်။ အမေရိကားကလူငယ်လေးတွေလိုအမှတ်တရလက်ထပ်လို့ကလဲ မဖြစ်နိုင်တော့၊ တခြားထူးထူးခြားခြား ဘာများလုပ်ရရင်ကောင်းမလဲလို့ ကျုပ်စဉ်းစားကြည့်မိတယ်။ ဒါမျိုးက နှစ်ပေါင်း၁၁နှစ်ကြာမှ တခါသာကြုံရရတဲ့ရက်နော်။ မရှေးမနှောင်းကကျော်လွန်လာခဲ့တဲ့ ၁လ၊၁ရက်၊၁၁ခုနှစ်။ တစ်လေးလုံးဆုံခဲ့တဲ့နေ့တုန်းကကျတော့လဲ နှစ်ဆန်းတရက်နေ့ New Year Day နဲ့ထပ်နေတော့၊ သူတို့နှစ်သစ်ကူးပွဲတွေနဲ့ရောပြီး ဝေလေလေဖြစ်သွားခဲ့တယ်။ သည်တခါတော့ အဲလိုမဖြစ်ရအောင် လေးလေးနက်နက်ထိုင်စဉ်းစားတယ်။ သည်မှာမေ့မရနိုင်တဲ့ ရှစ်လေးလုံးက ခေါင်းထဲရောက် လာတော့တာပဲ။ ဒီမိုကရေစီလူ့အခွင့်အရေးအပြည့်အဝရရှိရေးအတွက် စတင်ဆန္ဒပြတိုက်ပွဲဝင်တဲ့နေ့။ မဆလအစိုးရသုံးကြိမ်သုံးခါ ပြုတ်ကျအောင်လုပ်ဆောင်နိုင်ခဲ့တဲ့နေ့။ ဒါပေမယ့်ပြည်သူတသိန်းကျော် ထွက်ပြေးခဲ့ရပြီး သုံးထောင်ကျော်အသတ်ခံရတဲ့နေ့။ ပြီး တမျိုးသားလုံးအကြော်ဆီပူအိုးထဲကနေအောက်က မီးဖိုထဲခုန်ချကြရတဲ့နေ့။ ဘယ်မေ့ပါလိမ့်မလဲ။ ဒါပေမယ့်မနေ့ကလို ဂဏန်းငါးလုံးဆုံရမယ့်နေ့..ကိုတွက်ကြည့်လိုက်တော့ အနာဂတ်မှာ နောင်၁၁နှစ်ကြာရင် ၂၂ရက် ၂လ ၂၀၂၂ခုနှစ် တခုပဲတွေ့ရတော့တယ်။ အဲ… ရှစ်ဂဏန်းငါးလုံးဆုံတဲ့နေ့ တော့ရှိပါရဲ့။ ၈လ ၈ရက် ၁၈၈၈ခုနှစ်ကဖြစ်တယ်။ နှစ်ပေါင်း၁၂၂နှစ်လွန်ခဲ့ပြီ။ […]