ဦး ဂ်စ္April 16, 20121min3499
နရသီဟပတေ့မင်းလက်ထက် သင်္ကြန်ကာလ..ကမ်းခြေတွင် မောင်းမအများရေကစားရာ.. ပျိုပျိုမေတို့၏ ရိူက်ဖိုကြီးငယ် အသွယ်သွယ် ရေစိုအလှတို့ကို.. နန်းတွင်းသူ နန်းတွင်းသားတို့ တစ်နှစ်တစ်ခါ တစ်ဝကြီးရူ့စားပြီး သကာလ.. ဟိုပျိုမေကတော့ ဟိုဟာလေး ပေါ်နေတယ်.. ဒီပျိုမေကတော့ ဟိုဟာလေး လုံးနေတယ်.. စသည်ဖြင့်……. သမိုင်းစာမျက်နှာပေါ်တင်ရန် မိဖုရားစောလုံကို ကြည်စားဖို့အကြောင်း.. မင်းကြီးကို အတို့အထောင်လုပ်ရာ..မင်းကြီး၏ အကြည်စားသန်မူ့ကြောင့်.. ရာဇဝင်စာတင်သည့် ကြေကွဲဖွယ် သင်္ကြန်ဇတ်လမ်းဖြစ်ခဲ့ရပါသည်… နောင်နှစ်ပေါင်းတစ်ထောင်ကျော်..၂၀၁၂ သင်္ကြန်ကာလ… သက်ဦးဆံပိုင် ဘုရင်စနစ်မဟုတ် ..ဒီမိုကရေစီစနစ်ကူးပြောင်းစအချိန်..ခေတ်စနစ် လိုက်လျောညီထွေပြောင်းလဲခြင်းတွင်..အစွန်းတစ်ဖက်ကိုသာကြည့်တတ်သောလူတို့သည် အလွန်တရာ ရာခိုင်နူန်းနည်းပါးသော်လည်း (မိကောင်းဖခင်သားသမီးများလက်မခံနိုင်သော) ကျော်ကြားထင်ရှားသူများ အပါအဝင် အချို့ပျိုမေများ၏ ပုံရိပ်ဆိုးများကို အလစ်အငိုက်ချောင်းပြီးသကာလ ဖေ့စ်ဘုတ်ပေါ်တင်ခွင့်ရသူကတင်.. မြင်သူများကလဲ..အလုအယက်ကြွက်ကြွက်ညံ ဝေဖန်ပြောဆိုနေကြရာ… သင်္ကြန်ကာလတွင် အမျိုးဂုဏ် ဇာတိဂုဏ် ထိမ်းသိမ်းရေးအသံများ အလွန်ကျယ်လောင်စွာကြားနေရခြင်းကို ကျွန်ုပ် အလွန်အားရမိပါ၏.. လက်ရှိအစိုးရ၏ လုပ်ပုံကိုင်ပုံ အသုံးမကျပုံများကိုလဲ […]