တစ်နေ့သ၌ ကျွန်ုပ်သည် ပြည်မြို့မှ ရန်ကုန်မြို့သို့ ရထားနှင့်ပြန်ရန်အတွက် မီးရထားဘူတာသို့ နံက် (၄) နာရီခန့်တွင် တည်းခိုသောပရိယတ္တိ စာသင်တိုက်မှ ဆိုက်ကားဖြင့် ထွက်လာခဲ့လေ၏။ မီးရထား ဘူတာသို့ ရောက်သော အခါတွင် ရထားထွက်ရန် ၄၅ မိနစ်ခန့် လိုနေသေးသောကြောင့် ကျွန်ုပ်နှင့် ဆိုက်ကားသမားသည် ဘူတာရုံနှင့် မလှမ်းမကမ်းရှိ လဘက်ရည်ဆိုင်သို့ သွားကာ လဘက်ရည် တစ်ယောက်တစ်ခွက်မှာ ယူသောက်နေမိ၏။ ကျွန်ုပ်တို့ ဝင်ရောက် လဘက်ရည်သောက်သော ဆိုင်တွင် စားပွဲခုံ(၉)ခုံရှိ၏။ ဆိုင်ထဲတွင် နှစ်ခုံတစ်တန်းဖြင့် (၆)လုံး ချထား၍ အပြင်ဘက်တွင် စားပွဲခုံလေးလုံး ချထားလေ၏။ ကျွန်ုပ်နှင့် ဆိုက်ကားသမားသည်လည်း ဆိုင်အပြင်ဘက် ခုံများတွင် ကျွန်ုပ်ကဲ့သို့ ခရီးသွားများ လဘက်ရည် သောက်နေသောကြောင့် ခုံများ ပြည့်နေသောကြောင့် ဆိုင်အတွင်းသို့ ဝင်ကာ တံခါးနောက်ဘက် […]