သင်၏စီးပွားရေး၊ အလုပ်အကိုင် အားလုံးအဆင်ပြေစေသော ယတြာ

koyin sithuNovember 10, 20111min41929

တစ်နေ့သ၌ ကျွန်ုပ်သည် ပြည်မြို့မှ ရန်ကုန်မြို့သို့ ရထားနှင့်ပြန်ရန်အတွက် မီးရထားဘူတာသို့ နံက် (၄) နာရီခန့်တွင် တည်းခိုသောပရိယတ္တိ စာသင်တိုက်မှ ဆိုက်ကားဖြင့် ထွက်လာခဲ့လေ၏။ မီးရထား ဘူတာသို့ ရောက်သော အခါတွင် ရထားထွက်ရန် ၄၅ မိနစ်ခန့် လိုနေသေးသောကြောင့် ကျွန်ုပ်နှင့် ဆိုက်ကားသမားသည် ဘူတာရုံနှင့် မလှမ်းမကမ်းရှိ လဘက်ရည်ဆိုင်သို့ သွားကာ လဘက်ရည် တစ်ယောက်တစ်ခွက်မှာ ယူသောက်နေမိ၏။

ကျွန်ုပ်တို့ ဝင်ရောက် လဘက်ရည်သောက်သော ဆိုင်တွင် စားပွဲခုံ(၉)ခုံရှိ၏။ ဆိုင်ထဲတွင် နှစ်ခုံတစ်တန်းဖြင့် (၆)လုံး ချထား၍ အပြင်ဘက်တွင် စားပွဲခုံလေးလုံး ချထားလေ၏။ ကျွန်ုပ်နှင့် ဆိုက်ကားသမားသည်လည်း ဆိုင်အပြင်ဘက် ခုံများတွင် ကျွန်ုပ်ကဲ့သို့ ခရီးသွားများ လဘက်ရည် သောက်နေသောကြောင့် ခုံများ ပြည့်နေသောကြောင့် ဆိုင်အတွင်းသို့ ဝင်ကာ တံခါးနောက်ဘက် ချောင်ကျကျ စားပွဲဝိုင်းကို ဝင်ထိုင်ရလေ၏။

ခနအကြာတွင် ကျွန်ုပ်တို့ စားပွဲဝိုင်း၏ ဘေးဘက်ကပ်ရက် ခုံတစ်လုံးသို့ အသက်အရွယ်အားဖြင့် (၆၀)ကျော် (၇၀)လောက် ရှိမည်ဟု ခန့်မှန်းမိသော ဝတ်ဖြူစင်ကြယ် ဝတ်ထားသော အဘိုးအိုတစ်ဦး ဝင်ရောက်ထိုင်လေ၏။ ထိုအဘိုးအိုကို မြင်လိုက်ရသော အခိုက်အတန့်တွင် လဘက်ရည်ဆိုင် ပိုင်ရှင်ဖြစ်သူသည် သူထိုင်နေသောငွေသိမ်းကောင်တာမှ ထလာကာ ထိုအဘအား ခရီးဦးကြို ပြုလေ၏။ ဆိုင်ရှင်ဖြစ်သူက

အဘလည်း ပျောက်ချက်သား ကောင်းလိုက်တာ။ မတွေ့တာတောင် ကြာပြီနော်။ ဘယ်မှာ သွားပြီး သီတင်းသုံးနေတာလဲဟု မေးလိုက်၏။ ထိုအခါ ဝတ်ဖြူစင်ကြယ်နှင့် အဘက ငါတို့မှာ ဘယ်နေရာမှာလို့ ပုံသေ မရှိပါဘူး မောင်အောင်သိန်းရယ်။ ဒီလိုပဲ ရှောက်သွားနေရတာပါပဲဟု။ ခေတ်စကားနဲ့ ပြောရရင်တော့ ဓာတ်ကျတဲ့နေရာ ဆိုသလိုပေါ့ကွာဟု ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလေ၏။

ကျွန်ုပ်သည်လည်း ထိုဝတ်ဖြူစင်ကြယ် ဝတ်ထားသော အဘိုးအိုအား မသိမသာ အကဲခတ်ကြည့်လိုက်မိ၏။ ဝင်းစိုနေသော အသားအရည်များ ရှိ၏။ ဗျိုင်းတောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော ဦးခေါင်းထက်မှ ဆံပင်များကို ရောင်ထုံးထား၏။ အပေါ်ဘက်တွင် အကျီႌ အဖြူရောင် ဝတ်ထား၍ အောက်ဘက်ပိုင်းတွင် ပင်နီရှမ်းဘောင်းဘီကို ဝတ်ထားလေ၏။ မျက်လုံးများသည် ကြည်လင်၍ တောက်ပနေလေ၏။ သူ၏ အကြည့်များသည် စူးရှနေ၏။ ကျွန်ုပ်လည်း ဆိုင်ရှင်ဖြစ်သူ ဦးအောင်သိန်းဆိုသူနှင့် ထိုအဘဖြစ်သူတို့ စကားပြောနေသည်ကို တဘက် ဝိုင်းမှနေ၍ နားစိုက်၍ နားထောင်နေမိလေ၏။

ဆိုင်ရှင်ဖြစ်သူက အောက်ပါအတိုင်း ပြောလေ၏။ အဘရေ မနှစ်တုန်းက အဘ လုပ်ခိုင်းခဲ့တဲ့ နည်းအတိုင်း ဆောင်ရွက်လိုက်တာ ဆန်စက်က သိန်း(၈၀)ကျော်နဲ့ တစ်လအတွင်း ရောင်းထွက်သွားတယ်။ အဲဒါနဲ့ အဘကို ကျေးဇူးဆပ်ချင်လို့ အဘများ လာလေမလားလို့ မျှော်နေသေးတယ်။ တစ်နှစ်သာ ကျော်သွားတယ်။ အဘကတော့ ပေါ်မလာဘူးနော်ဟု ပြောလေ၏။ ထို့နောက် ၎င်းက ခပ်ထူထူ စာအိပ်တစ်အိပ်ကို အဘအား ပေးလိုက်၍ အဘ သာသနာ ပြုဖို့ပါအဘဟု ပြောဆိုကာ ထိုင်၍ ရှိခိုးလေ၏။ ထိုအဘကလည်း သာဓု သာဓု သာဓုဟု ခေါ်၍ ဆုပေးလေ၏။

ထို့နောက် လဘက်ရည်ဆိုင်ပိုင်ရှင်က အဘရယ် အဘရောက်လာတုန်းလေး လဘက်ရည်ဆိုင် ရောင်းကောင်းအောင် မ-ခဲ့ပါဦးဟု ကလေးတစ်ယောက်ကဲ့သို့ ပူဆာလေတော့၏။ ထိုအခါ အဘက မင်း လဘက်ရည်ဆိုင် ရောင်းကောင်းချင်ရင် လဘက်ရည်ဆိုင်ကို ခမဲပေးရမယ်ကွဟု ပြန်ပြောလေ၏။ ထိုအခါ လဘက်ရည်ဆိုင်ပိုင်ရှင်က ကတ်သီးကတ်သတ် အဘရယ် ကလေးတွေသာ ခမဲပေးရတယ်ဆိုတာ ကြားဖူးတယ်။ လဘက်ရည်ဆိုင်ကို ခမည်းပေးရတယ်လို့ အခုမှပဲ ကြားဖူးတော့တယ်ဟု ပြန်ပြောလေရာ ထိုအဘက …

ဒီလိုရှိတယ် မောင်အောင်သိန်းရဲ့။ ကလေးတွေ နေထို်င်မကောင်း ဖြစ်တဲ့အခါ၊ ချူချာတဲ့အခါ ခမဲပေးရတယ်။ အဲဒီလို ခမဲပေးလိုက်တာနဲ့ ချူချာနေတဲ့ ကလေးလေးဟာ ချက်ချင်းဆိုသလိုပဲ နေကောင်းသွားတယ်။ တဂျီဂျီ မဖြစ်တော့ဘူး။ ဆေးကုနေရင်လည်း ဆေးတွေဘာတွေ တိုးသွားသလိုပဲ။ လုပ်ငန်းတစ်ခုက မအောင်မမြင် ဖြစ်နေတယ်ဆိုတာ ချူချာနေတဲ့ သဘောပေါ့။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုဟာ မကြာခန ပြဿနာတွေ ပေါ်နေတယ်။ အခက်အခဲတွေ တစ်ခုပြီးတစ်ခု ဝင်ဝင်လာတယ်။ ဆုံးရှုံးမှုတွေ ဝင်ဝင်လာတယ်။ တေ့လွဲတေ့လွဲလေးတွေ အဖြစ်များလာတယ်။ ကိုယ့်ဖောက်သည်တွေ သူများဆီကို ရောက်ရောက်ကုန်တယ်။ အဲဒါ ဆိုရင်တော့ မင်းလုပ်ငန်းကို ခမဲပေးဖို့ လိုနေပြီကွ။

နောက်ပြီး လူတစ်ဦးတစ်ယောက်နဲ့ ကြည့်မယ်ဆိုရင်လည်း ကိုယ်ကိုတိုင်က အလုပ်လုပ်ရတာ စိတ်မဝင်စားသလို ဖြစ်လာမယ်ကွာ။ အလုပ်မှာ မကြာခန ဆိုသလို အမှားအယွင်းတွေ ကြုံလာမယ်။ ကိုယ့်အကြီးအကဲကလည်း ကိုယ့်ကို အပြစ်တင်ကြိမ်းမောင်နေမယ်။ ဘာလုပ်လုပ် အဆင်မပြေဘူး။ ဘာကြံကြံ လွဲချော်နေမယ်။ ဝင်ငွေထက် ထွက်ငွေက အရမ်းများနေမယ်။ လာဘ်ပိတ်နေမယ်။ ကျန်းမာရေး ချူချာနေမယ်။ ရန်များနေမယ် စသည်ဖြင့်ပေါ့ကွာ အဲဒီလို ဖြစ်နေမယ်ဆိုရင်လည်း အဲဒီလူကို ခမည်းပေးလိုက်ရတယ်။

အဲဒီလို ခမည်းပေးလိုက်ပြီဆိုတာနဲ့ သိသိသာသာ အောင်မြင်ကုန်တော့တာပဲဟေ့ဟု ထိုအဘိုးအိုက ဆိုင်ရှင်အား ပြောလိုက်လေရာ ဆိုင်ရှင်ဖြစ်သူက အဲဒါဆိုလည်း အဘရယ် ခမည်းပေးနည်းလေး ကျွန်တော့်ကို ပြောပြပေးခဲ့ပါဟု တောင်းပန်လေတော့၏။ ထိုအဘကလည်း ခမည်းပေးနည်းကို ပေးလေ၏။ ထို့နောက် ဆိုင်ရှင် ကိုအောင်သိန်းက ကျွန်တော့်မိန်းမ အထည်ဆိုင်ကိုလည်း ခမည်းပေးရမယ်။ သင်ပေးပါဦး အဘဟု ထပ်၍ မေးပြန်လေ၏။ အဘကလည်း ပြောပြလေ၏။

ကျွန်ုပ်လည်း အဘပြောပြသော လုပ်ငန်းများကို ခမည်းပေးသည်ဆိုသော နည်းကို လွန်စွာ စိတ်ဝင်စား သွားသောကြောင့် အဘထံတွင် သွားရောက်၍ (၇)ရက်သားသမီးများ အားလုံးအတွက်မေးကာ ကျွန်ုပ်တွင် အသင့်ပါလာသော နိုကီရာဟန်းဆက်လေးနှင့် အသံသွင်းလာခဲ့လေတော့၏။ ထို့နောက် ကျွန်ုပ်လည်း အဘအား ထိုင်ကန်တော့၏။ ထိုအချိန်တွင် ရန်ကုန်ဘက်သို့ ရထားထွက်တော့မည် ဖြစ်ကြောင်း မီးရထားဘူတာမှ အသံချက်စက်ဖြင့် အော်လေတော့၏။ ကျွန်ုပ်လည်း ပြည်ဘူတာတွင် အမှတ်မထင် ဆုံဖြစ်သော အမည်မသိ အဘအား နှုတ်ဆက်ရင်း အဘရေ… သွားတော့မယ်။ နောင်လည်း ပြန်ဆုံချင်ပါသေးတယ်ဟု နှုတ်ဆက်လိုက်လေရာ အဘက ကျွန်ုပ်အား ခေတ္တခနမျှ စိုက်ကြည့်လိုက်ပြီးနောက် လူကလေးက ပင်လယ်ထဲ သွားလာလုပ်ကိုင်နေရတဲ့ သင်္ဘောသား မဟုတ်လား။ ဒီတစ်ခေါက် လူကလေး သင်္ဘောပေါ်ပြန်ရောက်ရင် အသက်အန္တရာယ်နဲ့ ကြုံတွေ့ရမယ်။ ဒါပေမယ့် ဘာမှတော့ မဖြစ်ပါဘူး။ လူကလေး ဘုရား၊တရားနဲ့ ဆရာဆီက သင်ထားခဲ့၊ ကျင့်ကြံထားတာတွေကို မမေ့နဲ့ အဆင်ပြေသွားလိ်မ့်မယ်။ စိတ်မပူပါနဲ့ဟု လှမ်းပြောလိုက်သောကြောင့် ကျွန်ုပ်လည်း ပါးစပ်အဟောင်းသာ ဖြစ်သွားလေတော့၏။

ထိုအချိန်တွင် ရန်ကုန်မြို့ဘက်သို့ ထွက်ခွါမည့် မီးရထားသည် ဥဩကို စွဲလျှက် စတင်ထွက်ခွါလေသောကြောင့် ကျွန်ုပ်လည်း ကသောကမျောဖြင့် အဘအား နှုတ်ဆက်ကာ အပြေးအလွှား မီးရထားပေါ်သို့ ပြေးတက်ခဲ့ရလေတော့၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ထိုအဘသည် အဘယ်ကြောင့် သင်္ဘောသားတစ်ယောက် ဖြစ်မှန်းဘယ်လိုသိနေပါသနည်းဟု မတင်မကျဖြစ်လျက် ရှိနေတော့လေသည်။

ကျွန်တော် လုပ်ကိုင်သည့် သင်္ဘောပေါ်သို့ မကြာခင်ရောက်ရှိလာပြီး အမှန်တကယ်ပင် အသက်အန္တရာယ် ရင်ဆိုင်ခဲ့ရလေသည်။ အဖြစ်အပျက်ကို သေချာမရေးပြတော့ပေမဲ့ ကျွန်တော်တို့ သင်္ဘောကို Tag သင်္ဘောလာခေါ်ပြီး ဆိပ်ကမ်းကပ်ဖို့လုပ်နေရင်းနဲ့ ကြိုးတစ်ချောင်းကြောင့် ကျွန်တော် အသက်ဆုံးရှူံးတော့မလို့ပါ။ တကယ့်ကို ကံသီပေလိုပါ။ ထိုစဉ်က ထိုနေရာတွင် အသက်ပျောက်ခဲ့ပါက ယခုအချိန် ရွာထဲတွင် ကိုရင်စည်သူဆိုတာ ဖြစ်ပေါ်လာစရာတောင် မရှိတော့ပေ။ ထိုညမှ ကျွန်တော် ပြည်မြို့ရောက်ခဲ့စဉ်က တွေ့ဆုံခဲ့ရသော ဝတ်ဖြူစင်ကြယ် အဘိုးအိုပြောပြစဉ် အမှတ်ရသွားလေတော့သတည်း။ ထို့ကြောင့် ကျွန်ုပ်၏ မိတ်ဆွေများ အားလုံးအတွက် မိမိတို့၏ လုပ်ငန်းဆောင်တာများ အဆင်ပြေ ချောမော အောင်မြင်စေရန် ရည်ရွယ်လျှက် အောက်ဖော်ပြပါ စီးပွားရေး လုပ်ငန်းအတွက် ယတြာနည်းကို မချွင်းမချန် ပြန်လည် ဖော်ပြပေးလိုက်ရပေသတည်း။

စေတနာကောင်းစွာဖြင့်

ကိုရင်စည်သူ

တနင်္ဂနွေသားသမီးများ
ဖန်နှင့် ပြုလုပ်ထားသော (မြဘုရားကဲ့သို့ အစိမ်းရောင် ဖန်သားနှင့် ပြုလုပ်ထားသော ဗုဒ္ဓဆင်းတုတော်ကို အင်္ဂါနေ့တွင် စတင်ဝယ်ယူ ပူဇော်ကာ အလုပ်နေရာ ၊ အလုပ်စားပွဲ ၊ အလုပ်ဝန်းကျင်တွင် အမြင့်တစ်နေရာတွင် ကျကျနန တင်ထားပြီး ပူဇော်လိုက်ပါ။ ဗုဒ္ဓဆင်းတုတော်ရှေ့တွင် ပုတီးတစ်ကုံး ထားလိုက်ပါ။ မွှေးသော ပန်း ကပ်လှူပါ။ ရေတော်ကပ်လှူပါ။ ထူးထူးခြားခြား အဆင်ပြေသွားပေလိမ့်မည်။ လုပ်ငန်းတွင် ချောမော သွားပေလိမ့်မည်။

တနင်္လာသားသမီးများအတွက်
စနေနေ့တွင် ရွှေရောင်လှေ၊ ရွှေရွက်လှေပုံ ၊ ရွှေရောင်သုပ်ထားသော သင်္ဘောပုံစံငယ်လေးကို ဖြစ်စေ ဝယ်ယူလာကာ အလုပ်နေရာ ၊ အလုပ်စားပွဲ ၊ အလုပ်ဝန်းကျင်တွင် အမြင့်တစ်နေရာတွင် တင်ထားလိုက်ပါ။ ၎င်းပုံရှေ့တွင် ရေဖလားနှင့် ရေဖြည့်၍ ငွေအကြွေအချို့ ရေတွင် စိမ်ထားပါ။ ထူးထူးခြားခြား အဆင်ပြေသွားပေလိမ့်မည်။ လုပ်ငန်းတွင် ချောမောသွားပေလိမ့်မည်။

အင်္ဂါသားသမီးများအတွက်
အလုပ်အကိုင် အဆင်မပြေ ခမည်းလိုနေပါက တနင်္ဂနွေနေ့ တစ်ရက်တွင် ကမာခွံ လှလှပပလေး တစ်ခုကို ဝယ်ယူပါ။ ထို့နောက် ၎င်းကမာခွံအတွင်း ဖြူစင်သော သဲ ကို ထည့်ပါ။ ၎င်းနောက် သဲပေါ်တွင် ပုလဲဖြူလေး ထည့်ပါ။ ထို့နောက် လှပသော ခရုခွံငယ်လေးများ ပုလဲဖြူဘေးမှာ ချထားပါ။ ပုလဲလုံးနှင့် ခရုခွံများ ရေမြုတ်အောင် ရေဖြည့်ထားပါ။ အလုပ်စားပွဲ ၊ အလုပ်ဧည့်ခန်း ၊ ကောင်တာတစ်နေရာတွင် လှပစွာ ဆင်ယင်ပြီး ထားလိုက်ပါ။ ထူးထူးခြားခြား အဆင်ပြေသွားပေလိမ့်မည်။ လုပ်ငန်းတွင် ချောမောသွားပေလိမ့်မည်။

ဗုဒ္ဓဟူးသားသမီးများအတွက်
ကြက်ဖအဖြူ အရှင်တကောင်ကို ဗုဒ္ဓဟူးနေ့တွင် ဝယ်ယူကာ အလုပ်ခန်း ၊ အလုပ်နေရာ ၊ ဆိုင်ခန်းစသည်တွင် တစ်ပတ်တိတိ ထားရမည်။ တစ်ပတ်ပြည့်သော အခါတွင် အမှန်တကယ် ရှင်အောင် မွေးလိုသော သူတစ်ဦးအား လက်ဆောင်ပေးပါ။ ၎င်းနေ့တွင်ပင် ကြက်ဖ အဖြူရုပ်တစ်ခုကို စားပွဲပေါ်တင်ပါ။ အမြင့်တစ်နေရာတွင် တင်ပါ။ ထူးထူးခြားခြား အဆင်ပြေသွားပေလိမ့်မည်။ လုပ်ငန်းတွင် ချောမောသွားပေလိမ့်မည်။

ကြာသပတေးသားသမီးများအတွက်
သောကြာနေ့တွင် သစ်သားနှင့် ပြုလုပ်ထားသော လှပသော ဆေးတံတစ်ချောင်း ဝယ်ယူပါ။ သောက်သုံးရန် မဟုတ်ပါ။ အလှထားရန် ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် အတို အရှည် အဖြောင့် အကောက် နှစ်သက်ရာ ဝယ်၍ အလုပ်စားပွဲ ၊ အလုပ်နေရာ ၊ အလုပ်ခန်း လူမြင်သော နေရာတွင် ကျကျနန လှလှပပ တင်ထားလိုက်ပါ။ ထူးထူးခြားခြား အဆင်ပြေသွားပေလိမ့်မည်။ လုပ်ငန်းတွင် ချောမောသွားပေလိမ့်မည်။

သောကြာသားသမီးများအတွက်
ကြာသပတေးနေ့တွင် ဆင်ရုပ်ဝယ်ယူ၍ အလုပ်စားပွဲ ၊ အလုပ်နေရာ အမြင့်တစ်နေရာတွင် ထားပါ။ မြေ ၊ ကြွေ ၊ သစ်သားပန်းပု ၊ သတ္တု ၊ သစ်သားပန်းပု ကျောက်ဖြူ ၊ ကျောက်ကိစိမ်း နှစ်သက်ရာနှင့် ထုလုပ်ထားသော ဆင်ရုပ်ပုံပန်းပု ရုပ်ပုရုပ်ကို ထားလိုက်ပါ။ ထူးထူးခြားခြား အဆင်ပြေသွားပေလိမ့်မည်။ လုပ်ငန်းတွင် ချောမောသွားပေလိမ့်မည်။

စနေသားသမီးများအတွက်
ဗုဒ္ဓဟူးနေ့တွင် ကြက်မအဖြူတစ်ကောင်ကို အလုပ်နေရာ အလုပ်စားပွဲ ဝန်းကျင်တွင် တစ်ရက်ထားရှိပါ။ နောက်နေ့ နံက်တွင် အမှန်တကယ် ကြက်မွေးသောသူတစ်ဦးအား လက်ဆောင်ပေးပါ။ ထိုနေ့တွင်ပင် အလုပ်စာပွဲပေါ်တွင် ကြက်မအဖြူ အရုပ်ပုံ ကြက်မနှင့် ကြက်ငယ်များပုံကို တင်ထားပါ။ ထူးထူးခြားခြား အဆင်ပြေသွားပေလိမ့်မည်။ လုပ်ငန်းတွင် ချောမောသွားပေလိမ့်မည်။

 

 

29 comments

  • windtalker

    November 10, 2011 at 2:53 pm

    အေးဗျာ ။ ကိုရင်စည်သူ ့ကောင်းမှုနဲ ့
    ဆင်ရုပ်တစ်ရုပ် သွားဝယ်ပြီး အမြင့်မှာ ထားကြည့်ဦးမယ်
    အရမ်းကြီး ထူးခြားမှု ရှိခဲ့ရင်တော့ ၊ အကြောင်းပြန်မယ်ဗျို ့

    • ကိုရင်စည်သူ

      November 10, 2011 at 10:46 pm

      ကပေ့ရေ..
      ဆင်ရုပ်ထားပြီး ကျနော်ပြောတဲ့အတိုင်းထားကြည့်ပါ
      အိုကေသွားပါ့လိမ့်မယ်…
      အဲ့အဘက ခေတဲ့သူမဟုတ်မှန်း
      ကိုရင်လည်း ခုမှသိကြောင်းပါ….
      ကျနော် ပြောထားတဲ့ဆောင်ရွက်ချက်တွေတိုင်း
      လုပ်ဆောင်ပါ…မုချ အဆင်ပြေစေရပါမယ်…

      ခင်တဲ့
      ကိုရင်စည်

  • ဆူး

    November 10, 2011 at 2:57 pm

    ဟိဟိ.. ကြက်ဖ တို့ ကြက်မ တို့ အိမ်ထဲ ခေါ်ထားရမှာပဲ.. ဆန်မကြွေးနိုင်လို့ မခေါ်ထားတော့ဘူး။
    အလကား နောက်တာ

    • ကိုရင်စည်သူ

      November 10, 2011 at 9:55 pm

      ဖွားဆူး ကြက်ကလေးတွေကို ဆန်မကျွေးနိုင်လို့ မလုပ်နိုင်နိုင်ရင်လဲ ရပါတယ်ခင်ဗျာ..
      ဖွားဆူး ခါနာနေပြီး သိပ်မထိုင်နိုင်ဘူးကြားတယ် …
      ကိုရင်က ဆရာဝန်မဟုတ်တဲ့ ဗေဒင်ဆရာဆိုတော့ ယတြာလေးတစ်ခုပေးပါ့မယ်..
      ဖွားဆူးမွေးနေ့ကို ၈ နဲ့စားပါ
      ကြွင်းတဲ့ ဂဏန်းနဲ့ ရွှေရောင်ဖယောင်းတိုင်အရေအတွက်ဖြင့်
      မြတ်စွာဘုရားထံ ကပ်လှူပေးပါခင်ဗျာ…

      ခင်မင်တဲ့
      ကိုရင်စည်သူ (ပင်လယ်ပျော်ကြီး)

      • ဆူး

        November 11, 2011 at 4:04 pm

        ခါးနာတာ စေတနာနဲ့ ယတြာပေးထားတာ ကျေးဇူးတင်ရှိပါ၏။

        ဆူး လည်း ခါးနာတာ ကောင်းသွားပါပြီ။
        ခါးနာတဲ့ ဇစ်မြစ်ကတော့ ဖိနပ် ပြသနာ ကြောင့်ပါပဲ.. ဖိနပ် ဒေါက်ချွန်ချွန် မစီးရပဲ ခါးနာတာ တော်တော် ခံပြင်းတယ်။ ဖိနပ် မထူမပါး တပြေးထဲကို ကြိုးသိုင်း ဖိနပ် ခြေထောက် က အကြော နဲ့ ညိလို့ ခါးနဲ့ ဆက်နေတဲ့ အကြောပါထိလို့ ခါးနာသွားတာပါ။
        အခုတော့ ကောင်းသွားပါပြီ။

        ယတြာ မလုပ်ရသေးပဲ ကောင်းသွားတဲ့ အတွက် ယတြာလေး မစမ်းလိုက်တာ စိတ်မကောင်းဘူး နောက်တခါ တခုခု ဆို ကိုရင် ကို လာပြောမယ် ယတြာ ကောင်းကောင်းလေး ပေးနော်။

  • aye.kk

    November 10, 2011 at 3:28 pm

    ကိုရင်စည်သူ
    နည်းလေးပေးတာကျေးဇူးတင်တယ် ထပ်ဆင့်မျှဝေပေးလိုက်ပါ့မယ်

  • kai

    November 10, 2011 at 4:32 pm

    တလက်စထဲ.. ရှုပ်နေတာလေးရှင်းပေးပါဦး ကိုရင်စည်သူ..
    ကျုပ်လို မြန်မာပြည်မှာမွေး.. တခြားနိုင်ငံတွေရောက်နေတဲ့သူအဖို့..
    မွေးနေ့..မွေးရက်တွေက.. ဂြိုလ်နက္ခတ်နဲ့ကြည့်ရင်အလွဲလွဲအချော်ချော်လို့ တွေးမိပါတယ်..။
    တနင်္လာနေ့ဖွားဟာ.. မြန်မာပြည်မှာ တနင်္လာဖြစ်နေပေမဲ့.. ယူအက်စ်မှာကျ.. နေ့တဝက်ညတဝက်နဲ့..တနင်္ဂနွေဖြစ်ချင်ဖြစ်နေမယ်ဆိုတဲ့ သဘောပါ…။

    နောက်တခုက.. မြန်မာနှစ်သစ်ကူးဆိုပါတော့..
    မြန်မာပြည်မှာနှစ်ကူးပေမဲ့.. ယူအက်စ်ကျ နှစ်ကူးချိန်နက္ခတ်မှ မရောက်သေးတာလေ..
    ဂြိုလ်သွားဂြိုလ်လာတွေကလည်း.. တူမှမတူတာနော..။
    ဂြိုလ်နက္ခတ်ကြည့်ဟောရတဲ့… ဗေဒင်တွေမှန်ပါ့မလား..။

    အဲဒါမျိုးတွေမှာ…
    ဘယ်နေ့..ဘယ်ဟာ..ဘယ်နေရာကို အမှန်ယူရမလည်း ဆိုတာလေးပါ..။ 😆

    • ကိုရင်စည်သူ

      November 10, 2011 at 9:31 pm

      @အဘသဂျီးခိုင်…
      ဘယ်နေရာရောက်ရောက် မြန်မာစံတော်ချိန်သာ ကိုက်၍
      လုပ်ဆောင်ပါအဘရယ်… မြန်မာစံတော်ချိန်သာ အမှန်ယူ၍
      လုပ်ဆောင်ပါ… ကိုရင်အသက်နဲ့ အာမခံပါတယ်…
      အဘက တင်္နလာဖွား ကျွန်တော်နဲ့ အတူတူပါ…
      ဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက်
      ဆောင်ရွက်လိုသမျှကို မြန်မာစံတော်ချိန်နဲ့သာ
      အတည်ယူ၍ဆောင်ရွက်ပါ… ဖလာ့…

      လေးစားစွာဖြင့်
      ကိုရင်စည်သူ

  • ပေါက်ဖော်

    November 10, 2011 at 4:42 pm

    ဒုတိယ အဘမင်သိင်္ခ လားလို ့အောက်မေ့ရတယ်..အဘစည်ရဲ့
    😆
    ယတြာခ ဗေဒင်ခ မကုန်ပဲ ..ရွာထဲမှာ..အခမဲ့ တွက်ပေးတဲ့ အဘစည်ကို..
    ကျေးဇူးများကြီးတင်ရှိပါ၏ခင်ဗျ

    • ကိုရင်စည်သူ

      November 10, 2011 at 9:47 pm

      ကပေါက်ဖော်…
      ချီးကျူးတာကျေးဇူးတင်ပါတယ်ခင်ဗျာ… အဘနဲ့ ယှဉ်ရင်
      ကိုရင်ဆိုတဲ့ကောင်က ခြေဖျားတောင်မရှိပါဘူးဗျာ…
      ထမင်းတလုပ်စာတောင် ပင်လယ်ထဲသွားပြီး ရုန်းကန်နေရတာပါ..
      နောက်များတော့ အားလုံးအဆင်ပြေစေမယ်..
      လွယ်ကူရှင်းတဲ့ ယတြာလေးတွေ ပေးပါမယ်…
      ယုံယုံ မယုံယုံ သိသူဖော်စား မသိသူ ကျော်သွားပါခင်ဗျာ…

  • MaMa

    November 10, 2011 at 10:04 pm

    စနေသားသမီးတွေအတွက် ပိုမိုလွယ်ကူရိုးရှင်းတဲ့ ယတြာလေးများ မရှိဘူးလား ကိုရင်ရယ်။

  • ကိုရင်စည်သူ

    November 10, 2011 at 10:30 pm

    @ MaMa
    စနေသားသမီးဖြစ်တာနဲ့တော့ ပိုမိုလွယ်ကူတဲ့ ယတြာတော့
    ကျနော်မှာ သိပ်မရှိကြောင်းပါ…
    စနေတစ်ခုတည်းနဲ့ ပေးလိုက်တဲ့ ယတြာဟာသိပ်ယေဘုယျဆန်လွန်းပါတယ်
    မမ… တကယ်ထိရောက်တဲ့ ယတြာသိချင်ရင်တော့..
    မွေးနေ့ မွေးနံ သေချာရှင်းလင်စွာ ပေးသိဖို့လိုကြောင်းပါ…
    လုပ်ငန်းဆောင်တာမှန်သမျှ အဆင်ပြေချင်ရင်
    လွယ်ကူရှင်းလင်းတဲ့ ယတြာလိုချင်ရင်တော့
    မွေးနေ့ မနက် ၉း၄၅ မိနစ်မှာ အတာအိုး ရွှေရောင်ဖြင့်
    နှင်းဆီပန်း အဖြူရောင် ၉ပွင့်ကို မြတ်စွာဘုရားထံ ရည်စူး၍
    ဆည်းကပ်ပါဟု ကိုရင် တိုက်တွန်းပ်ပါတယ်ခင်ဗျာ..

    စေတနာကောင်းဖြင့်
    ကိုရင်စည်သူ

  • Foreign Resident

    November 11, 2011 at 5:11 am

    ကိုရင်ရေ

    အဘလဲ ဗေဒင် ယတြာလေး စိတ်ဝင်စားတယ် ။
    ကိုရင်ဆီ PM ပို့လိုက်တယ်နော် ။

    • ကိုရင်စည်သူ

      November 11, 2011 at 7:46 pm

      အဘမာစတာဖောရေ..
      ကျနော်ဆီကို အဘ PM မေလ်းမရောက်ရှိကြောင်းပါ…
      ကျနော့် လိပ်စာက sithu.marine@gmail.com
      ဖြစ်ကြောင်းပါဖလာ့….

  • PEACEMAKER

    November 11, 2011 at 6:58 am

    ဗုဒ်ဓဟူးသားနဲ့ တနင်္ဂနွေသမီး အိမ်ထောင်ရေးသာယာချမ်းမြေ့စေဖို့ ယတြာလေး မစပေးပါလားရှင့်။

    • ကြောင်ကြီး

      November 11, 2011 at 11:18 am

      ဆင်တကောင်နဲ့ ဂဠုန်တကောင် (အရှင်နော်) ရှာပြီး သူတို့နဲ့အတူ ကနိုင်ရင်က။ ဒါမှမဟုတ်ရင် ဆူးလေဘုရားလမ်းမပေါ် ညနေရုံးဆင်းချိန်မျိုးမှာ ဆင်ကြီးဂဠုန်ချီသီချင်း ဖွင့်ကပါ။ 😀

  • စုံ စုံ

    November 11, 2011 at 11:26 am

    ကိုရင်ရေ တခုမရှင်းတာမေးချင်လို့ပါ စနေသားသမီးအတွက်
    (ကြက်မအဖြူတစ်ကောင်ကို အလုပ်နေရာ အလုပ်စားပွဲ ဝန်းကျင်တွင် တစ်ရက်ထားရှိပါ။ နောက်နေ့ နံက်တွင် အမှန်တကယ် ကြက်မွေးသောသူတစ်ဦးအား လက်ဆောင်ပေးပါ။ )ဆိုတာလေးကိုမေးချင်လို့ပါ
    အဲ့ဒိစနေသားကသင်္ဘောပေါ်ရောက်နေရင်ကော သူကဘယ်လိုမှကြက်မအဖြူကိုရှာဖို့လွယ်
    မှာမဟုတ်ဘူးလေ
    ဒါဆိုရင်ဘယ်လိုနည်းနဲ့ယတြာချေရင် အိုကေနိုင်မလဲလို့

    အပန်းမကြီးဘူးဆိုရင် ဖြေပေးပါဦးနော် 😛

    • nozomi

      November 11, 2011 at 11:57 am

      ယတြာမှာ အတိအကျ မရှိရင် နီးစပ်တာ ယူလို့ ရသလားလို့
      တကယ့်ကြက် မရှိရင် ကြက်လို့ယူဆရတဲ့ အဖြူရောင်ဝတ်ထားတာ ရှာလိုက်ပေါ့ အဲဒါဆို အဆင်ပြေမယ်ထင်တယ် ပြီးမှာ ကြက်မွေးသူဆီ ပြန်လွှတ်လိုက်ပေါ့ 🙂

      ကိုရင် ပညာကို စော်ကားတာ မဟုတ်ဘူးနော်
      အပျော်သဘောနဲ့ ဖြစ်နိုင်တာလေး တွေးကြည့်တာ

    • ဆူး

      November 11, 2011 at 4:09 pm

      နီးစပ်ရာ ယူဆိုလို့ ကြက်မ အဖြူ အစား ကြွက်မ အဖြူ ဆိုရင်ကော ဟမ်းစတားလေးတွေဆို လွယ်မှ လွယ်.. ဟိဟိ မေးကြည့်လိုက် ကိုရင်ကို ရမရ

      • ကိုရင်စည်သူ

        November 11, 2011 at 7:43 pm

        @ စုံစုံ
        အဲ့ထက် လွယ်ကူပြီး အဝေးရောက်မြန်မာများ
        အဆင်ပြေစမေယ့် ယတြာများကို ကျနော်
        နောက်ပို့စ်များမှာ တင်ပေးပါ့မယ်ခင်ဗျာ…

        @ နိုဇိုမိ
        ယတြာဆိုတာ တိတိကျကျ ပြောတဲ့အတိုင်းလုပ်မှ
        အကျိုးဖြစ်ထွန်းတာပါ… ကျနော်ကို တခါ လူတစ်ယောက်လာမေးဖူးတယ်..
        ယတြာအတွက် ပန်းအစစ်မသုံးပဲ ပန်းအတုလေးတွေနဲ့ ချေလို့ရလားတဲ့…
        ကျနော်က သစ်ပင်ပန်းပင်ဆိုတာ… ရေ၊လေ၊ မြေ ပထဝီဓါတ်ကြီးလေးပါးပေါင်းစပ်ပြီးမှ
        ဖြစ်ပေါ်လာတာပါ… အဲ့ဒါကို အတုသုံးပြီးလုပ်မယ်ဆိုတော့ စဉ်းသာစဉ်းစားကြည့်ပါတော့

  • မှော်ဆရာ

    November 11, 2011 at 12:28 pm

    အင်း လုပ်ကြည့်လိုက်ဦးမယ်ဗျာ …
    မှော်ဆရာက တနင်္လာသားဆိုတော့ သင်္ဘောလေး ရှာရမယ်. ..
    အတော်ပဲ ကျွန်တော်ကလဲ အဲဒီလို သင်္ဘောသေးသေးလေးတွေဆို သိပ်စိတ်ဝင်စားတာ ..
    စကားမစပ်
    ဆိုက်ထဲမှာ ပရိုက်ဗိတ်မက်ဆေ့ ပို့နည်းလေး မျှကြပါဦး …

  • ရာဇဝင်လူဆိုး

    November 11, 2011 at 2:06 pm

    လိုတရ ယတြာတစ်ခု ပေးချင်တယ်ဗျ ကိုယ်တွေ့။ အညံ့တွေ အကုန်ပျောက်တယ်။ ဘာအလုပ်မှမလုပ်ရပဲ အေးဆေးဖြစ်သွားမယ်။
    ‘ ကိုယ့်မွေးနေ့ မွန်းတည့်ချိန် ၁၂ နာရီတိတိမှာ သူရိယ နေမင်းကိုမော့ကြည့်ပြီး နှာခေါင်းထဲကို ရေသက်စေ့လောင်းထည့် လိုရာဆုသာတောင်းပေတော့”

  • aungnng87

    November 11, 2011 at 2:08 pm

    ကိုရင်စည်သူရေ ကျနော်လဲရွှေရောင်ရွက်လှေလေးရှာကြည့်လိုက်ဦးမယ်။ ကျနော်တို့လည်းအဲဒီလိုလူထူးဆန်းတွေနဲ့တွေ့ချင်ပါတယ်။ ဒါပေမဲ့ကံမကောင်းသေးတော့မတွေ့သေးဘူးပေါ့။
    ကိုရင်စည်သူကစရဏတွေလုပ်လားမသိဘူး။

  • small cat

    November 11, 2011 at 3:53 pm

    ကိုရင်ရေ ကျွန်တော်က အင်္ဂါသား ပါ ၊ပုလဲလုံးရှာရမယ်ဆိုတော့်တန်ဘိုးက ကြီးနေမလားပဲ၊အလုပ်စာပွဲမှာတင်ထားလို့သူများမသွားရင်တော့ ခက်ရချည်ရဲ့၊
    ကော်ပုလဲလုံး အတုလေးထားလို့ရနိုင်ပါသလားဗျာ။

    ကိုရင်က အဘမင်းသိင်္ခရဲ့တပည့် ဆိုတော့ မင်းမြတ်သူရများဖြစ်နေမလား၊
    စာရေးသားပုံလေးကခပ်ဆင်ဆင်။

    • ပေါက်ဖော်

      November 11, 2011 at 4:56 pm

      အင်း..အနော်လဲ..ကိုကြောင်လေးနဲ ့တူနေတယ်..ကိုရင်ရေ့..
      အားရင်..လွယ်ကူတဲ့ ယတြာလေး..မ.စ. ပါဦး.

    • ကိုရင်စည်သူ

      November 11, 2011 at 7:33 pm

      @ အောင်ကြူလေး
      ကျနော် မင်းမြတ်သူရ မဟုတ်ပါ…
      ပုလဲက အတုထားလို့ မရပါဘူး။
      ပုလဲအစစ်ထားရှိရပါမယ်…
      အရည်အသွေးနိမ့်တဲ့ ပုလဲတွေ
      ဈေးကွက်မှာဘယ်လောက်မှာမရှိပါဘူး…
      ရှာဝယ်ကြည့်ပါခင်ဗျာ…

  • တညင်သား

    November 11, 2011 at 7:58 pm

    ကိုရင်စည်သူရေ ရာဟုသားအတွက်ရောမပါဘူးလားဗျ……..

  • ကြောင်ကြီး

    November 12, 2011 at 9:03 am

    {{{{{{{ကိုရင်စည်သူ says: အဘမာစတာဖောရေ..
    ကျနော်ဆီကို အဘ PM မေလ်းမရောက်ရှိကြောင်းပါ… ကျနော့် လိပ်စာက sithu.marine@gmail.com ဖြစ်ကြောင်းပါဖလာ့….}}}}}}}
    ပီအမ်မေးလ်ဆိုတာ ရွာထဲက သဂျီးတီထွင်ထားတဲ့ မေးလ်ကို ပြောတာပါ။ ဖိုရမ်ထဲ ဝင်လိုက်ရင် mailbox မှာတွေ့ပါလိမ့်မယ်။ သုံးရတာ ရိုးစင်းသလားမမေးနဲ့ စာတစောင်ဖွင့်ဖို့ တနာရီလောက် လှည့်ပတ်ကလိမှ ရတယ်။ နောက်တစောင်ဆို နောက်ထပ်တနာရီ။ ဒါနဲ့ပဲ သဂျီးကသူ့ဆိုက်မှာ ဝင်ဖတ်သူများ အချိန်ကြာကြာနေကြောင်း အမှတ်ယူနေဒါ။။ 👿

    တစ်ခြောက်လုံး အထိမ်းအမှတ်အနေနဲ့ ရွာသားများကို မေတ္တာနဲ့ တားရော့ကတ် ကြည့်ပေးဖို့ အစီအစဉ် မရှိဘူးလားကွယ်။ မေးခွန်းမသတ်မှတ်ထားပဲ မေးသူရဲ့ စာဝင်လာတဲ့ အချိန်အတည်ယူပြီး မိမိအာရုံကြရာ ဖြေပေးပေါ့။ ဒါဆို ကိုရင်စည်သူအတွက် အချိန်ကုန် သက်သာမယ်ထင်တယ်။ သဘောတူရင် အခုတောင်းဆိုတဲ့ ကြောင်မင်းနဲ့စ။ 🙂

    ကိုရင်စည်သူ says: @ နိုဇိုမိ
    {{{{{{{ယတြာဆိုတာ တိတိကျကျ ပြောတဲ့အတိုင်းလုပ်မှ
    အကျိုးဖြစ်ထွန်းတာပါ… ကျနော်ကို တခါ လူတစ်ယောက်လာမေးဖူးတယ်..
    ယတြာအတွက် ပန်းအစစ်မသုံးပဲ ပန်းအတုလေးတွေနဲ့ ချေလို့ရလားတဲ့…
    ကျနော်က သစ်ပင်ပန်းပင်ဆိုတာ… ရေ၊လေ၊ မြေ ပထဝီဓါတ်ကြီးလေးပါးပေါင်းစပ်ပြီးမှ
    ဖြစ်ပေါ်လာတာပါ… အဲ့ဒါကို အတုသုံးပြီးလုပ်မယ်ဆိုတော့ စဉ်းသာစဉ်းစားကြည့်ပါတော့}}}}}
    ဤလောကကြီးမှာ ဓာတ်ကြီးလေးပါးနဲ့ ကင်းလွတ်တဲ့အရာဆိုလို တခုမှမရှိပါဘူးကွယ်။။။ ဓာတ်တခုခြင်းဆီမှာတောင် အခြားဓာတ်သုံးခု ပါဝင်ဖွဲ့စည်းထားရပါတယ်။ အနည်းအများသာ ကွာပါတယ်။ စကားကပ်တယ် မထင်ပါနဲ့။ အကျင့်ပါနေလို့ပါ ငှဲ..ငှဲ…ငှဲ။။။။။

    • ကိုရင်စည်သူ

      November 12, 2011 at 12:02 pm

      အဘကြောင်မင်းရှင်းပြမှပဲ… မထုံတတ်သေး
      ကိုရင်တစ်ယောက် PM အကြောင်းရှင်းလင်းသွားတယ်ဗျာ..
      ကိုယ့်ခဗျာမှာလည်း ကွန်ပျူတာဆို စာလေးရိုက်တတ်တာပဲ
      သိတာ.. 😀 😀 😀
      ရွာမှာ ရွာသူ/သား တွေ့ဆုံပွဲ အထိမ်းအမှတ်ကျရင်တော့
      အပြင်မှာပဲ ဟောပေးဖို့ စဉ်းစားထားလို့… ဘကြောင်မင်းကို
      အဲ့ကျမှ စပါယ်ရှယ် တွက်ပေးပါ့မယ်…
      ဓါတ်ကြီးလေးပါးလွှတ်တာမရှိတာတော့ဟုတ်ပါတယ်..
      သို့သော်လည်း ဓါတ်တည့်ဖို့တော့လည်း လိုပါသေးတယ်..
      ဒီလိုထောက်ပြပေးလို့ အောင်ကြူးမင်းကို ရှဲရှဲပါဖလာ့….

Leave a Reply