ဂန္တဝင်မြောက် နှုတ်ခမ်းပါးက မှော်ဆန်တဲ့ မင်းအပြုံးတွေဟာ အခုတော့ ငါ့ကိုလွမ်းတေးဖွဲ ့စေခဲ့ပြီ……. မျှော်လင့်မထားတဲ့ မင်းရဲ ့ရင်ဝှက်ဓားက ငါ့ရင်တံခါးကို ကျိုးပျက်စေခဲ့ပြီ… အပြင်မှာ. မှောင်သလား လင်းသလား…???? မကွဲပြားတော့ဘူး။ နေထွက်၊နေဝင် ကျွန်တော်နဲ ့မသက်ဆိုင်သလို… မေ့ကို စွဲလမ်းမှုဟာ ကော်ပီသီချင်းမဟုတ် နီကိုတင်းမဟုတ် အဓမ္မမှုမဟုတ်ပေမယ့်….????? နောက်လူတွေ ဘာသာပြန်ဖို ့ ထားပေးခဲ့ရင်း…. ကျွန်တော်ကတော့ အထီးကျန်ဆန်ခြင်းကို ဘဝမှတ်လို ့ အနာဂတ်ကို အမှတ်တမဲ့နဲ ့……. ခရီးဆက်နေဆဲ…………။ ဘဝဆိုတာသာ ကိုယ်ရေးချင်တာရေးပြီးပြန်ဖျက်ခွင့်ရှိတဲ့ Whiteboard တစ်ချပ်ပေါ်က မှင်စက်တွေဖြစ်ခဲ့မယ်ဆိုရင် ငါရေးထိုးခဲ့တဲ့ ငါ့သမိုင်းကြောင်းကို ပြန်ချေဖျက်ခွင့်ရချင်တယ်……. ဘယ်သူမှ မဖိတ်ခေါ်ဘဲ ငါဝင်ရောက်လာခဲ့သလို ဘယ်သူ ့ကိုမှနှုတ်မဆက်စေဘဲ ငါ့ကိုပြန်ထွက်ခွာခွင့်ပြုပါ. မေ……….