ချစ်သူ ့စိတ်ကုန်မှာစိုး

ဂန္တဝင်မြောက် နှုတ်ခမ်းပါးက
မှော်ဆန်တဲ့ မင်းအပြုံးတွေဟာ
အခုတော့ ငါ့ကိုလွမ်းတေးဖွဲ ့စေခဲ့ပြီ…….

မျှော်လင့်မထားတဲ့ မင်းရဲ ့ရင်ဝှက်ဓားက
ငါ့ရင်တံခါးကို ကျိုးပျက်စေခဲ့ပြီ…

အပြင်မှာ. 
မှောင်သလား လင်းသလား…????
မကွဲပြားတော့ဘူး။
နေထွက်၊နေဝင်
ကျွန်တော်နဲ ့မသက်ဆိုင်သလို…

မေ့ကို စွဲလမ်းမှုဟာ
ကော်ပီသီချင်းမဟုတ်
နီကိုတင်းမဟုတ်
အဓမ္မမှုမဟုတ်ပေမယ့်….?????
နောက်လူတွေ ဘာသာပြန်ဖို ့
ထားပေးခဲ့ရင်း….
ကျွန်တော်ကတော့ 
အထီးကျန်ဆန်ခြင်းကို ဘဝမှတ်လို ့
အနာဂတ်ကို အမှတ်တမဲ့နဲ ့…….
ခရီးဆက်နေဆဲ…………။

ဘဝဆိုတာသာ
ကိုယ်ရေးချင်တာရေးပြီးပြန်ဖျက်ခွင့်ရှိတဲ့
Whiteboard တစ်ချပ်ပေါ်က
မှင်စက်တွေဖြစ်ခဲ့မယ်ဆိုရင်
ငါရေးထိုးခဲ့တဲ့ ငါ့သမိုင်းကြောင်းကို
ပြန်ချေဖျက်ခွင့်ရချင်တယ်…….

ဘယ်သူမှ မဖိတ်ခေါ်ဘဲ
ငါဝင်ရောက်လာခဲ့သလို
ဘယ်သူ ့ကိုမှနှုတ်မဆက်စေဘဲ
ငါ့ကိုပြန်ထွက်ခွာခွင့်ပြုပါ. မေ……….

5 comments

  • maetu

    November 16, 2011 at 11:23 am

    စိတ်ကုန်မှာလဲ စိုးတယ်ပြောတယ်။ထွက်သွားမယ်ဆိုတော့ ဘယ်လိုသဘောလဲ အကိုရာ။နားမလည်တော့ပါဘူး။
    ရှုပ်သွားတယ်။သဘောကျလို ့ကူးသွားပါရစေဗျာ။

  • moethuzar

    November 16, 2011 at 11:34 am

    မိမိသမိုင်းကိုပြန်ပြင်ရအောင် အမှားတွေကို မြင်တတ်ရင်အကောင်းဆုံးပေါ့။ရင်ဝှက်စာက မလွယ်ဘူးနော်။
    အားကျပါတယ်။စိတ်တော့ မပျက်ပါနဲ ့ဟယ်။

  • Shwe Ei

    November 16, 2011 at 1:49 pm

    ကဗျာအရ ချစ်သူက စိတ်ကုန်သွားဘီ၊ ခေါင်းစဉ်ကတော့ စိတ်ကုန်မှာစိုးနေတုန်းဘဲ။ (တခုခုတော့မှားနေဘီ)

  • etone

    November 16, 2011 at 3:17 pm

    ဟိတ်….ချူသစ်
    အပြူမယစ်ပေမယ့်
    ညူတစ်တစ်လာမလုပ်ပါနဲ့
    စိုတိတ်လာလျှင် ညူကစ်လိုက်မယ် ( လည်ပင်းကို 😆 )

  • tharbaw

    November 16, 2011 at 9:45 pm

    လည်ပင်းညှစ်မယ်တဲ့
    ဘယ်သူ ့ကိုပါလိမ့်ဗျာ
    ရေးတဲ့သူကိုဘဲ လုပ်လိုက်ဗျာ။အဲလူ ဂေါက်ကြောင်နေတယ်လေ။ဟီး ဟီး

Leave a Reply