ဘယ်လိုခေတ်ပျက်ကြီးလဲ..???

   တစ်ထောင့်တစ်ညပုံပြင်တွေသာ ပြောလို ့ကုန်သွားနိုင်တယ် လူတွေရဲ ့အကျင့်ပျက်ခြစား၊တိရစ္ဆာန်စိတ်ပေါက်နေတာကို ပြောမယ်ဆိုရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်ပေါ့….
   ဘာရယ်တော့မဟုတ်ပါဘူး။မင်းမှုထမ်း ၊အစိုးရဝန်ကိုထမ်းပြီးဆိုတာနဲ ့ခိုးမစားရင် စားဖို ့တောင်အနိုင်နိုင်ပေါ့၊ကုသိုလ်ကောင်းမှုအလှူအတန်းဆိုတာဝေးရောပေါ့နော့။တစ်ချို ့ရုံးဌာနတွေများဆို တစ်နှစ်ပတ်လုံးကျွေးမွေးစရိတ်(၇၀၀)ကျပ်နဲ ့ရပ်တည်နေရတာ ဒီကနေ ့ဖွတ်ကြားဒီမိုကရေစီခေတ်ထိပါဘဲ။
   အဲဒီလို မလောက်ငှလေတော့ ရုံးဌာနတွေမှာ ဖြတ်စား၊လာဘ်စားတွေပေါ်လာတာအဆန်းမဟုတ်ပါဘူးနော့။ဒီနေ ့ထိအောက်ခြေမှာ ဝန်ထမ်းစုတ်၊ဝန်ထမ်းပျက်တွေ ကိုစိတ်ထင်သလိုခိုးစားခိုင်း၊ဝှက်ခိုင်း၊နောက်ဖေးမီးဖိုချောင်လှေကားကနေ အထုပ်ပါမှဝင်ရတဲ့အိမ် ရှိနေသေးတဲ့ဒီခေတ်ဟာ ဖွတ်ကြားခေတ်၊ကတုံးပေါ်ထိပ်ကွက်တဲ့ခေတ်၊ပါလေရာငပိချက် အာဏာရူးတွေမှော်ထတဲ့ခေတ်ပျက်ပါဘဲ။
  အများအားဖြင့်ကျွန်တော်တို ့ဒေသခံတွေရဲ ့အများစုသောလူထုက ဆင်းရဲသားလူတန်းစားတွေမို ့၊ဒီလူတွေအပေါ်မှာ အနိုင်ကျင့် ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ၊အမြတ်ထုတ်တဲ့စိတ်ဓာတ်မျိုးကို သာမန်အောက်တန်းကျတဲ့စိတ်ဓာတ်ပြောလို ့မရတော့ဘူး။ဒီစိတ်က အင်မတန်ယုတ်ညံ့တဲ့တဲ့ “လူ ့တိရစ္ဆာန်တို ့”ရဲ ့စိတ်ဘဲဖြစ်တယ်လေ။ဆရာတစ်ယောက်ကပြောတာကတော့““လူ ့တိရစ္ဆာန်တွေများသထက်များလာရင် လူ ့လောကကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်ကြီးဖြစ်သွားပါမယ်””တဲ့။
  ကျွန်တော်တို ့ဟာလူ ့လောကကြီးကိုခဏတာအလည်လာသူတွေမို ့တနေ ့ပြန်ကြရမှာပေါ့။အိမ်အပြန်လမ်းလေးဖြောင့်အောင်လို ့………..

15 comments

  • rapperlay

    November 15, 2011 at 11:40 pm

    ဒါဆို ရင်ပေါ့နော်၊
    သင့်တဲ့လမ်းလေး ခင်း၍ လျှောက်သင့်ပြီပေါ့နော်၊
    သပွတ်အူထ အရိကျအောင်ပြောခံနေရတဲ့ အာနရှင် တွေမှာလဲ
    အရမ်းအပြစ်မကြီးဘူးပေါ့နော် ၊

  • maetu

    November 16, 2011 at 11:20 am

    လူ ့လောကကြီးဆီသို ့အလည်လာသော ဧည့်သည်များတဲ့ ကောင်းတဲ့အသုံးနှုန်းလေးပါလား။ခေတ်ပျက်တော့ ခေတ်ပျက်ပါလား ဘယ်လိုလဲတော့
    မပြောတတ်ပါဘူး။အမြန်အေးချမ်းပါစေ တောင်းဆုပြုပါရစေ။

  • ကြောင်ကြီး

    November 16, 2011 at 1:14 pm

    လူ့တိရာစာ္ဆန်တွေကတော်သေး၊ လူ့ဘီလူးတွေ များလာတော့ တိုင်းပြည်ကို လုယက်သတ်ဖျက် စားသောက်လိုက်ကြတာ လူတွေမှာ အရိုးပဲကျန်ပါတော့လား။။ 😥

    • etone

      November 16, 2011 at 2:51 pm

      လူ့ဘီလူးက တိုက်ရည်ခိုက်ရေ မိုက်တယ်နော် … အဟဲ 😛 ရှောင်လင်ကျောင်းက ကိုးဆယ့်ကိုးဆက်မြောက်တပည့်ဆိုပဲ … ။ အခုတော့ ရှောင်လင်က ခိုးထွက်ပြီး ကြောင်လိုက်ဖမ်းနေသတဲ့ … ။ အရက်ဆိုင်မှာ ပြန်သွင်းမလို့ပါတဲ့လေ 😀

  • etone

    November 16, 2011 at 2:48 pm

    ဒါပေါ့ မော်မော်သီးရယ် .. (ဒီnick လေးကို သဘောကျနေတုန်းမို့ပါ … ဟီး ဆောရီး 😀 )
    မြို့နံမယ်သာ ထည့်မရေးတာ … ဒေသသံအတွက် တောက်ခေါက်သံကလည်း ပြင်းတယ်နော် … ။
    သူတို့ခေတ်နဲ့ သူတို့ဇာတ်ဆိုတော့လည်း … ကိုယ်တိုင်က ဘာမှ မလုပ်နိုင်သေးတဲ့ အခြေနေ ၊ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့ လို့ပဲ ပြောလိုက်ပါတော့ …. ။

  • Gipsy

    November 16, 2011 at 3:58 pm

    မိုးတွေကလဲ ရွာဘဲ ရွာန်ိုင်လွန်းတယ် … ဘယ်တော့မှ တိတ်ပါ့မလဲနော်…
    မြိ့နာမည်မပါတာက ငပွကြီးတို့မြို့ ဖြစ်နေလို့ထင်တယ်…
    လိုုက်ဖျက်နှောင့်ယှက် အာဏာရှင် အလိုကျ ကပြသုံးတော်ခံတွေ ကလဲ တစ်မှောင့် .. ။

    • etone

      November 16, 2011 at 4:48 pm

      ဖားနိုင်မှ ဝါးနိုင်မယ့်ခေတ်ဆိုတော့လည်း … မပြောလိုတော့ပါဘူး … ။ ဝဋ်ရှိသရွှေ့သီချင်းသာ အော်ဆိုလိုက်ပါတော့ အိမ်ကြီး ရခိုင်သားတို့ရေ 🙁

  • Gipsy

    November 16, 2011 at 4:52 pm

    မှန်လိုက်လေ မ etone ရာ…
    တူဘဝလဲ မရချင်ပါဘူး…
    ပေ ချည်းပဲ ဖြစ်နေလို့ ခက်နေတာကလား…။ 😥

  • myaphay

    November 16, 2011 at 6:03 pm

    မိုးကလဲ ရွာမယ့်ရွာတော့ စနေမိုးလို အမိုက်အမှောင်မိုးပေမို ့
    ပင်လယ်ထွက်ဝမ်းစာရှာနေတဲ့ ကိုတံငါတွေလဲ မပြောတတ်တော့ဘူး။
    သူတို ့စားဖို ့၊သောက်ဖို ့ရှာပေးနေရသလိုဖြစ်နေတယ်လေ။

  • htet way

    November 16, 2011 at 6:38 pm

    ဒီလိုပဲလေ
    အပြန်လမ်းဆိုတာကိုစဉ်းစားတဲ့လူရှိသလို
    မစဉ်းစားမကြောက်ရွံ့တဲ့လူလည်းရှိလို့သာပေါ့နော်
    ဖျက်စားရိုက်စားညာစား ဟောက်စားခြောက်စား….စား

  • ဝေးလွင့်တိမ်

    November 16, 2011 at 6:49 pm

    တို့မြို့ဟာ ဘီလူးကြီးများထွက်ချဉ် ဝင်ချဉ် ခိုနားရာ ။ (ဘီလူးကြီးများ = ရသမျှကိုအားမနာတမ်းစားသူများ)

  • ဒီလို နဲ ့ဘဲဆယ်စုနှစ်ပေါင်းများစွာကုန်လွန်ခဲ့ပီဘဲလေနော့်။
    တနေ ့တော့ ကောင်းလာမယ်မျှော်လင့်ရုံကလွဲရင် မတတ်နိုင်တော့ပါဘူး။
    ဒါပေမယ့်ပြုသမျှ ခံနေရမယ့်ခေတ်မဟုတ်တော့တာအသေချာဆုံးပါဘဲ။

  • မောင်တုတ် ကြီး

    November 19, 2011 at 2:10 pm

    ထိုင်ပီးဆက်သာ ဆုတောင်းနေရုံထက် အကိုတို ့လက်တွေ ့လုပ်ကိုင်ကြည့်ကြပါလား။ကျနော်တော့
    အကိုတို ့လောက်မကျွမ်းကျင်လေတော့ ခက်နေပါပီဗျာ။တိုင်းပြီးပြောရဲဆိုရဲနေရအောင် ဘာအားကိုး
    နဲ ့မိုက်နေတာလဲ တော့ မသိအောင်ပါလား။အဟင်း. အဟမ်းးး

    • ကျိန ္တလီသား

      November 19, 2011 at 11:59 pm

      မိုက်တဲ့သူက marywee ပါ ၊ မသိတာပဲကောင်းတယ်၊

  • naywoonni

    November 19, 2011 at 10:25 pm

    သင်္ခ ါရတွေပါ…။ ကောက်ရိုးသင်္ခ ါရ မြက်သင်္ခ ါရ …။ အဲဒိလိုတော့မဟုတ်ဘူး…။ သူတို့ ကတစ်ခါတစ်လေ သံမဏိ သင်္ခ ါရ တွေ ဖြစ်ဖြစ်နေတတ်တာတော့ ဆိုးဗျ…။ 😀

Leave a Reply