မောင်ဝိုင်းငတိမှာပါးစပ်မရှိလေခဲ့သလား

mg wineNovember 15, 20111min724

ကျွန်ပ်မောင်းဝိုင်းတယောက်ပုသိမ်မြို့တော်ကြီးကဆေးရုံကြီးရှေ့တွင်ရှိသောနိက်တင်းဂေးလက်ဖက်ရည်တိုင်တွင်ထိုင်၍
ဟိုတွေးဒီငေးရှိစဉ်တွင်အိမ်မဲသားတသိုက်လေအတိုက်ပါလာသည်ထင်ဝုန်းကနဲထိုင်ပြီး“ဆရာကိုရှာရတာမောနေပြီ
ဂေဇက်မှာအသေနှက်တာကလား၊ခင်ဗျားပြောတော့ကုလားအရေးဓါးမသွေးဘူးဆို”ထိုသို့ပြောသူကားဂေါပကအတွင်းရေးမှူးလေး
မောင်ကျော်ဖြစ်ပြီး၎င်းကဂေါပကပြဿနာကိုအဖြေရှာခိုင်းနေရဲ့။
ကျွန်ပ်လည်းပြုံးပြီးနေတာပလေ။ဒီမှာတင် ၎င်းကအုပ်ချုပ်ရေးမှူးပြောင်းတာလည်းသတင်းလား ခင်ဗျားကဝိမှာအလုပ်မရှိတော့ဘူးလား
ဟုရ.ယ.ကစာရေးလေးကစကားနာထိုးပါလေရော။ေဩာ် ခက်ပြီထင်..သတင်းဆိုတာဘာလဲ၊ဒီခောတ်မှာသတင်းကိုဘယ်လိုနား
လည်ကြပါလိမ့်ဟုကျွန်ပ်အတွေးပွားရင်းမေးရသည်တကား။
ကဲ..ကြာလို့..ဂေါပကပြဿနာခင်ဗျားရေးတော့ရောဘာထူးလည်းအဲ့ဒီဂေါပကတွေကအင်တာနက်ဆိုတာကြားဖူးရုံကြားဖူးတာ
ခင်ဗျားစာကိုဘယ်ဖတ်လိမ့်မလဲလေ။သတင်းပါတော့ရောဘာထူးလဲ..။
ဂေဇက်လောက်မပြောနဲ့ဗလီပစ္စည်းခိုးမူရဲတိုင်တာတောင်ရဲကိုချည်းကပ်ပြီးအမူမဖွင့်ခိုင်းလို့(၁၅.၇.၂၀၁၁)ရက်ကတိုင်တာအရေးမယူဘူးလေ
ကျုပ်က(၁.ဂ.၂၀၁၁)မှာတရားရုံးတရားစွဲတာတောင်ရဲအရေးပိုင်ဆိုပြီး၁၄၁၄အရဆောင်ရွက်ရန်ဆိုပြီးရဲကိုတရားသူကြီးကပြန်လွဲပေးတာ
ကိုကျုပ်ခံရတယ်လေ။ခင်ဗျားသတင်းလောက်တော့ ဘာမူမလဲဟူူ၏
ကျွန်ပ် လည်းရေငုံနုတ်ပိတ်တိတ်နေရတာပလေ။မောင်ကျော်ကဆက်ပြီး ကျုပ်လည်းတိုင်းမူခင်းတပ်ဖွဲ့တိုင်တော့မှအမူဖွင့်လို့ရတယ်
၁ဝလပိုင်းမှတရားရုံးစွဲတင်အမူစစ်တာပါ။ဂေါပကလုပ်ချင်တဲ့လူကလည်းကျုပ်တို့မြို့မှာများသားကလား၊အခုလူကတော့မထွက်ဘူးဗျ။
ဤနှယ်သို့နှယ်ရောက်တတ်ရာရာသူတို့ပြောသော်လည်းကျွန်ပ်မှာပါးစပ်မရှိသလိုစကားစမထွက်…
ရုံးစာရေးက ခင်းဗျားရေးတဲ့အုပ်ချုပ်ရေးမှူးပြောင်းရွေ့ သတင်းဖတ်ရပါတယ် မြို့သားတွေကအုပ်မှူးပြောင်းတော့
မျက်ရည်လည်လို့….ဝမ်းသာလွန်းလို့မျက်ရည်များတောင်လည်ရှာတယ်သီချင်းလိုပေါ့ဗျာဟုစာရေးလေးကတမုံ့ပြော၏
ဗလီအတွင်းရေးမှူးက….ခင်ဗျားရေးရဲရင်ဗလီပစ္စည်းခိုးမူပုဒ်မ၃၈ဝအကြောင်းရေးပါလား ကျုပ်ပြောပြမယ်………
ကျွန်ပ်မောင်းဝိုင်းကဝိမှာခေါင်းအတွင်တွင်ခါ၍ ကျွန်ပ်ငတိမှာပါးစပ်မရှိသည့်အလား ကျွန်ပ်ငတိမှာပါးစပ်မရှိသည့်အလား …….။ ။
.

4 comments

  • htet way

    November 17, 2011 at 7:53 pm

    ေဩာ်မောင်ဝိုင်း
    ရေးရဲရင်သွေးမကွဲစေနဲ့
    ငွေပေးနိုင်ရင်အနိုင်ရတဲ့ခောတ်ကရှိသေးလား
    တရားမျှတမူကိုရောက်အောင်သတင်းသမား
    အချင်းမများပဲ
    ရှင်းထားကိုယ့်လူရေ

  • small cat

    November 19, 2011 at 8:49 am

    သတင်းသမား
    ထမင်းစားဖို့
    တင်းထားဖို့လဲလိုလိမ့်မယ်။

    • etone

      November 19, 2011 at 11:15 am

      သတင်းသမား
      ထမင်းစားဖို့
      တင်းထားဖို့လဲလိုသလို

      အကင်းပါးပါး
      အချင်းမများ
      ပြုုံးထားတတ်ဖို့ကလည်း အရေးကြီးပါသေးတယ် ။ 🙂

  • ကြောင်လတ်

    November 19, 2011 at 1:18 pm

    အောင် မယ် ဒီနှစ်ယောက်
    တယ် အတိုင်အဖောက် ညီနေပါကလား

Leave a Reply