Yin Nyine NwayNovember 20, 20111min2709
ရင်ငြိမ်းတယောက်လုပ်လိုက်ရင်ပေါက်တက်ကရတွေပဲတဲ့ လုပ်တာမဟုတ်ပေမဲ့ သူ့အလိုလို ဖြစ်သွားတာပါ ရင်ငြိမ်း တတိယအလုပ်ရတော့ အရှင်ဆန္ဒာဓိက ရဲ့စာအုပ်မျက်နှာဖုံးဆွဲတဲ့ နှင်းဝေနေဝင်းမှာပါ ဆရာက နေဝင်းအောင် သူ့မိန်းမနာမည်က နှင်းဝေငြိမ်း ဒါကြောင့် နှင်းဝေ နေဝင်းလို့ နာမည်ပေးထားတယ်လို့ဆိုပါတယ် စာပေလောကကို သိတဲ့အတိုင်းပဲ ဘုန်းကြီးတွေပဲရေးတာများနေပြန်ရော တရားတပုဒ် စာတအုပ်လို့ဆိုရလောက်အောင် တရားတပုဒ်ပြီးတိုင်း စာအုပ်ကတော့ တစ်အုပ် ထွက်ပြီးသားပဲ စီးပွါးရေးသမားတွေကလည်း ဒါကိုပဲစောင့်နေပုံရပါတယ် ဒီဆရာတော် တရားဟောကောင်းရင် လာထား ထုတ်မယ်ဆိုတာချေးပဲ —————————————————- အဲဒီမှာ မျက်နှာဖုံးဆွဲတဲ့ ရင်ငြိမ်းတို့လို လူတွေကတော့ စိတ်ညစ်လာရတော့တယ် တချို့ဘုန်းကြီးတွေက သူ့စာအုပ်အဖုံးမှာ ဘာပုံလေးနဲ့ ဆင်ချင်တယ်ပြောရင်တော့ သိပ်ခေါင်းမစားရပေမဲ့ တချို့ကျတော့ နာမည်လေးပဲပေးခဲ့တယ် ပြီးတော့ စာမူပေးပြီး ဖတ် စာမူသာ ဖတ်ပြီးဆွဲမယ်ဆိုရင်တော့ သေချာပါတယ် တလ ရေတောင်သောက်ရမှာမဟုတ်ဘူးတဲ့ ဒီတော့ နီးစပ်ရာလေး […]