ရင်ငြိမ်းနှင့် ပေါက်တက်ကရဖြစ်စဉ်များ

Yin Nyine NwayNovember 20, 20111min2579

ရင်ငြိမ်းတယောက်လုပ်လိုက်ရင်ပေါက်တက်ကရတွေပဲတဲ့
လုပ်တာမဟုတ်ပေမဲ့ သူ့အလိုလို ဖြစ်သွားတာပါ
ရင်ငြိမ်း တတိယအလုပ်ရတော့ အရှင်ဆန္ဒာဓိက ရဲ့စာအုပ်မျက်နှာဖုံးဆွဲတဲ့ နှင်းဝေနေဝင်းမှာပါ
ဆရာက နေဝင်းအောင် သူ့မိန်းမနာမည်က နှင်းဝေငြိမ်း
ဒါကြောင့် နှင်းဝေ နေဝင်းလို့ နာမည်ပေးထားတယ်လို့ဆိုပါတယ်
စာပေလောကကို သိတဲ့အတိုင်းပဲ ဘုန်းကြီးတွေပဲရေးတာများနေပြန်ရော
တရားတပုဒ် စာတအုပ်လို့ဆိုရလောက်အောင် တရားတပုဒ်ပြီးတိုင်း
စာအုပ်ကတော့ တစ်အုပ် ထွက်ပြီးသားပဲ
စီးပွါးရေးသမားတွေကလည်း ဒါကိုပဲစောင့်နေပုံရပါတယ်
ဒီဆရာတော် တရားဟောကောင်းရင် လာထား ထုတ်မယ်ဆိုတာချေးပဲ
—————————————————-
အဲဒီမှာ မျက်နှာဖုံးဆွဲတဲ့ ရင်ငြိမ်းတို့လို လူတွေကတော့ စိတ်ညစ်လာရတော့တယ်
တချို့ဘုန်းကြီးတွေက သူ့စာအုပ်အဖုံးမှာ ဘာပုံလေးနဲ့ ဆင်ချင်တယ်ပြောရင်တော့ သိပ်ခေါင်းမစားရပေမဲ့
တချို့ကျတော့ နာမည်လေးပဲပေးခဲ့တယ်
ပြီးတော့ စာမူပေးပြီး ဖတ်
စာမူသာ ဖတ်ပြီးဆွဲမယ်ဆိုရင်တော့ သေချာပါတယ်
တလ ရေတောင်သောက်ရမှာမဟုတ်ဘူးတဲ့
ဒီတော့ နီးစပ်ရာလေး လုပ်ပေးတော့ အဆင်ပြေသလိုရှိသလို အဆင်မပြေသလိုရှိပြန်ရော
————————————————————–
ဘုန်းကြီးတွေဆိုတာကလည်း ဘာဝနာပွါးတဲ့ ဘုန်းကြီး၊ စာပေဖတ်လိုက်တဲ့ဘုန်းကြီး တွေကလွဲရင် အားလုံးလိုလိုက နေ့ဆွမ်းစားပြီးရင် ဘာအလုပ်မှမရှိတော့ ခက်တယ်
တနေ့တနေ့ သူတို့မှာ လုပ်စရာဆိုလို့သူတို့ရေးထားတဲ့ စာမူပြန်ဖတ်ရင်ဖန် မဖတ်ရင်ဆွဲထားတဲ့ ဒီဇိုင်းကို တနေကုန်ထိုင်ကြည့်
စေ့စေ့ကြည့်တော့ရေးရေးပေါ်ဆိုသလိုပဲ
ကြည့်လေ မြင်လေ အပြစ်တွေ ဖြစ်လာပါလေရော
လာပြီနောက်ရက် ဒကာ ဒီပုံဘာဖြစ်လို့ ပြင်ပေးရပြန်ပြီ
နောက် proof ထပ်ထုတ် တွေ့ပြန်ပြီနောက် အမှား ပြန်ပြင်
မပြီးနို်င်တဲ့ပြင်ခြင်းနဲ့ပြင်လာပါရော…
—————————————
ဒါကတော်သေးတယ်
တခါတခါ နဘေးကနေထိုင်ပြီး ပြင်နေတာကတော့ ထမင်းတောင် မစားရဘူး
ဒီလို ဘုန်းကြီးတွေက များလာတော့ လုပ်ရပြီ ပေါက်တက်ကရ
မသိမသာ အောက်ဆင်း ပြီးတော့ဆရာ့ဖုန်းကိုခေါ်
ဆရာက ဟုတ်ဟုတ် ကျွန်တေ်မေ့သွားတာ ကျွန်တော် အခုပဲလာခဲ့မယ်
ဆိုတာနဲ့ ဘုန်းကြီးတွေကို ဘုရားခဏ ဗျ
ကျွန်တောအရေးကြီးတဲ့ အပွိုင့်မတ်တခု မေ့နေလို့ဗျ
ဆိုပြီးဆင်းလာ 2ယောက်သား လမ်းထပ်က king မှာ 1နာရီလောက်ထိုင်နေလိုက်တော့တယ်
ဘုန်းကြီးတွေဆိုတော့လဲ ပစ္စည်းပျောက်မှာ ကြောက်စရာမလိုဘူးပေါ့
1နာရီ လောက်ကြာ ပြန်တက်သွားတော့ အစက မကြိုက်တဲ့ ဒီဇိုင်းကြိုက်သွားရော
အဆင်မပြေတဲ့အရောင် ဒီမှာ လိုက်ဖက်တော့တယ်
ဒီပုံမှ ဒီပုံ ဒီပုံပဲ ထုတ်တော့မယ်ဖြစ်သွားရော
ငရဲတော့ကြီးမလား ဘာလားတော့မသိတော့ဘူး
ဒီလိုမှမလုပ် ရင်ငြိမ်းတို့ ထမင်းကို ညနေစာပေါင်းစားရတော့မယ်လေ…
—————————————————-
တနေ့မှာတော့ နှင်းဝေနေဝင်းအောင်ဖက်မှာ နှင်းစာပေလာဖွင့်ထားပါလေရော
လာဖွင့်တဲ့ သူက အပျိုကြီး
ပစိပါးစပ်ကလည်းများပါ့
ဖြစ်ချင်တော့ နှင်းစာပေ ဆိုတော့ အားလုံးက ဆရာ အမျိုးသမီး ဖွင့်ထားတယ်အောင့်မေ့ပြီး
သွားသွားမေးကြတယ်
မေးတိုင်းလည်း ကောင်းကောင်းမဖြေဘူး
ဆဲဆိုနေတော့တာပဲ
ဆဲဆိုတိုင်း အားလုံးက ဆရာ့ကို ပြန်တိုင်ကြတယ်
တနေ့မှာတော့ အရှင်ဆန္ဒာဓိက တပည့် ဘုန်းဘုန်းက ဆရာ့ဆီ မျက်နှာဖုံးလာအယူ ဆရာ့ကိုမတွေ့တာနဲ့
အောက်ထပ်လဲဆင်းမေးရော ဘုန်းဘုန်းက ရွက်ဆိုတော့တာပဲ
ဘုန်းဘုန်းမှာ မနေနိုင်တော့လို့ တက်လမ်းကိုဖုန်းဆက် ဆရာ့ဖုန်းကိုမေး ဆရာ့ကို ရှင်းပေးဖို့ ပြောရော
ဘာမှတော့ လုပ်လို့လဲမရ ပြန်ဆဲလို့လဲမရ ဘူး
နောက်ဆုံး ပေါက်တက်ကရ လုပ်တဲ့ရင်ငြိမ်းကပဲ နှင်းစာပေအောက်မှာ ညဘက်ကြီး
စာပေကို စလုံးအောင် ဝဆွဲလေးပဲ ထည့်ပေးလိုက်တယ်
သူ့ခမျာမှာ မသိရှာဘူး
တွေ့သမျှလူ တွေရော
ပြီးတော့ ရှေ့တဲ့တဲ့က ဆိုက်ကားဆရာတွေပါ ပြုံးစိစိလုပ်သွားကြပါလေရော
သူ့ခမျာမှာ မသိရှာဘူး သူ့ဆိုင်းဘုတ်သူမကြည့်မိတာနေမှာပါ
တွေ့လည်းတွေ့ရော စိတ်ဆိုးရွက်ဆိုပြီး ဆိုင်းဘုတ်ပါဖြုတ်
နောက်တော့ ဆိုင်ပါဖြုတ်သွားပါလေရော

9 comments

  • ပေါက်ဖော်

    November 20, 2011 at 9:54 am

    ကင်ပွန်းတပ် ချရာမဂျီး..လာဘီ
    ဝေါင်ဝေါင်ရှေးကြ………

  • အဲဒါ မောင်ပုအဒေါ်ဆိုင်တဲ့ဗျာ။
    သူ့ဆိုင်ကိုပေါက်ကရလုပ်သွားတဲ့လူရှာနေတာအခုတော့ တွေ့ပြီတဲ့။
    ဲ ရင်ငြိမ်းရေ
    ကဲ အခုဘယ်လိုလုပ်ကြမလဲ………….
    မောင်ပုကတော့ ……………………….

  • windtalker

    November 20, 2011 at 1:35 pm

    အမှန်က
    တန်ဆောင်မုန်းလပြည့်ည သတင်းစာရှင်းလင်းပွဲ ကို
    ဒီလူကြီးမက (ကလေးအရွယ်မဟုတ်) ဂေဇက်မှာ လာလုပ်တာဗျ ။
    ဟုတ်တယ်ဟုတ်

    • ပေါက်ဖော်

      November 20, 2011 at 3:19 pm

      အောင်မယ်..အောင်မယ်..
      စွာပေ ဆိုတာ တူ ့ကိုစောင်းဖဲ့လို ့ဖဲ့မှန်းမသိဘူး..
      စွာပေရေ..နုံပါ့..နုံပါ့.. 😆

  • Yin Nyine Nway

    November 20, 2011 at 1:51 pm

    :0
    ကိုမောင်ပု အဒေါ်ဆိုင်ဆိုရင်တော့ နွေးသီးတော့ သေပြီ
    ဂဟေဇက်မှာ နွေးသီးကို အညိုးနဲ့ပြန်လုပ်ရင်
    သူကြီးကယ်ပါ… 🙂
    လုပ်သာလုပ်လိုက်ရတယ် စိတ်တော့အကောင်းဝူးဂျ
    ဒါပေမဲ့ သူပြောင်းပြီးမကြာဘူးနော်
    ဆိုင်ခန်းခက 2ဆလောက်တက်သွားတယ်
    သူ့ဆိုင်လည်း ဘယ်သူမှမဝင်ဘူး
    အပေါက်လည်းဆိုးတော့ မြန်မြန်ပြောင်းတော့ သူ့အတွက်ကောင်းတာပေါ့…ဟီး

  • etone

    November 21, 2011 at 2:49 pm

    ရင်ငြိမ်းဆိုတာ … နွေးသီးမှန်းသိလျှက်နဲ့ …. တိုက်ပေါ်က ခုန်ချတဲ့ ရင်ငြိမ်းပွင့် အကြောင်းများလားဆိုပြီး … မဆီမဆိုင်တွေးမိသွားသေးတယ် ….. ။ ဟီး … ။

    ဒါနဲ့ ယဉ်ငြိမ်းရေ … တရားဟောကောင်းတဲ့ ဘုန်းကြီးက ဘာလို့ ချေး(ချီး) ထုတ်ချင်ရတာလဲ … နည်းနည်း နားမလည်ဘူးဖြစ်သွားလို့ပါ … ။

  • Yin Nyine Nway

    November 21, 2011 at 7:16 pm

    အဲဒီအကြောင်းလည်းရေးရအုန်းမယ်
    တယောက်ပြီးတယောက် စင်ကာပူက ရင်ငြိမ်းပွင့်ပါဆိုနေမှ ရင်ငြိမ်းနွေးလာပဲ လာလာမေးနေကြတယ်
    မဆီမဆိုင် အိမ်ကိုတောင် ဖုန်းဆက်မေးတဲ့ လူကရှိသေး
    တော်တော်စေချင်ပုံရတယ် 🙁
    ချေး(ချီး) ဟုတ်ဝူး… ချည်း… ထပ်ထပ်ပြီး ထုတ်နေတာကို ပြောတာဟီး
    စကားမပီလို့ 🙂

  • cobra

    November 21, 2011 at 7:32 pm

    အမ် စကားမပီတာနဲ ့
    စာရိုက်တာနဲ့ဘာမှလည်းမဆိုင်ဘူး

  • padonmar

    November 21, 2011 at 10:45 pm

    ရင်ငြိမ်းရေ
    အန်တီလည်း အဲဒီစာပေဖွင့်ကာစက နှင်းဝေငြိမ်းရဲ့ မင်္ဂလာရှိသောမိန်းမ ကလည်းရုပ်ရှင်ရိုက်နေချိန်(နာမည်ကြီးနေချိန်ပေါ့) နှင်းဝေငြိမ်းစာအုပ်တွေ ဝယ်စုနေချိန် ဆိုတော့ သူ့ကိုနှင်းဝေငြိမ်းလားလို့ ထင်မိတယ်။အဲဒါနဲ့ စာအုပ်သွားဝယ်ရင်းစပ်စုကြည့်တော့မှ မဟုတ်မှန်းသိရတယ်။
    အန်တီနဲ့တော့ ဆိုက်တူဂိုက်တူ အပျိုကြီးချင်းတူလို့လားမသိဘူး လေပေးဖြောင့်ခဲ့သား၊
    သူညွှန်လို့ ဓမ္မဒူတအရှင်ပညိဿရရဲ့ တရားစာအုပ်တွေတောင် ဝယ်ဖြစ်ခဲ့သေးတယ်။
    ရင်းတော့မရင်နှီးပါဘူး။ စာအုပ်စုံအောင်မတင်နိုင်တော့ ၂ခါလောက်ဘဲဝယ်ဖြစ်ပါတယ်။
    ဆိုလိုတာက အမြဲတော့လည်း ဆိုးနေမယ်မဟုတ်လောက်ပါဘူးကွယ်။
    ဒီစာလေးကို သူနဲ့ပတ်သက်တဲ့သူတွေ များဖတ်မိရင် သူ့ခမျာ ငါ့ကို ပစိပစပ်များတယ်လို့ ဝေဖန်ကြပါလားလို့
    စိတ်မကောင်းဖြစ်သွားပါမယ် သမီးရယ်။
    အဖြစ်အပျက်လေးက ရယ်စရာပေမယ့် သူ့ကိုလည်း ကိုယ်ရေးကိုယ်တာ မထိခိုက်အောင် ဆိုင်နာမည်လေးပြောင်းတင်လိုက်ရင် အားလုံးအတွက်ကောင်းမယ်လို့ မေတ္တာနဲ့ အကြံပေးပါရစေကွယ်။

Leave a Reply