သွားကြမလား Ice World မှာ မထည့်လိုက်ရတဲ့ ပုံတွေ ထပ်တင်ပေးလိုက်ပါတယ်ဗျာ.. မသွားတော့ဘူးဆိုတဲ့သူတွေလည်း မြင်ဖူးသွားအောင် သွားမယ်ကြံထားသူတွေလည်း ကြိုပီး အားခဲနိုင်ဖို့ပေါ့ဗျာ..           credit: Jinx Aung’s facebook photos  


moethidasoeJuly 11, 20111min21914
ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး .. ဒီအဖြစ်အပျက်က ရန်ကုန်မြို့မှာတင် ဖြစ်တာ အဲဒီမိသားစုက ရပ်ကွက်တွေ တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်း မလုပ်ခင်တုန်းက ဒီရပ်ကွက်ထဲကပဲ .. သူတို့ရဲ့မိသားစု ဆရာဝန်လဲ ဖြစ်ခဲ့ရတယ် ..  အဲဒီမိသားစု ထဲ မှာ ဆရာဝန်ကို ကြောက်တတ်တာ ယောက်ျားဖြစ်သူပဲ .. ကျန်တဲ့ မိန်းမ .. ကလေးတွေ အခြား မိသားစုဝင်တွေ တယောက်မှ မကြောက်တတ်ဘူး .. သူ ဘာ ကြောက် သလဲ ဆိုတော့ အနာဖြစ်ရင် ဆေးထည့်မှာ အကြောက်ဆုံး .. စပ်မှာကြောက်တယ် .. နာမှာ ကြောက်တယ် .. ရပ်ကွက် ဖျက်တော့ တခြား ပြောင်းသွားတော့ ဆေးခန်းနဲ့ နည်းနည်း […]


padonmarApril 18, 20111min11210
ဒီနေ့ဟာ မြန်မာလို တန်ခူးလပြည့်နေ့ပါ။ ရန်ကုန်တရုတ်တန်း ကမ်းနားလမ်းတဝိုက်ကို မိုးတွင်းဒီရေတက်တဲ့ရက်တွေမှာ ဖြတ်သန်းသွားဘူးကြရင် ရေတွေတက်လို့ ကားတွေ ဂျမ်းဖြစ်တာ၊ဓာတ်ဆီကားတွေ ရေဝင်ပြီးထိုးရပ်သွားတာ၊လူတွေ ဒူးလောက်ပေါင်လောက်ရေတွေထဲ ဖြတ်ကြရတာ၊၊အိမ်တွေဆိုင်တွေထဲ ရေတွေဝင်တာတွေ့ဘူးမှာပါ။အထူးသဖြင့် ဘုန်းကြီးလမ်းနဲ့ လသာလမ်းကြားမှာ အဆိုးဆုံးပါဘဲ၊မိုးရွာတာနဲ့များဆုံရင်တော့ ရေတွေပိုကြီး ရေကြီးချိန်ပိုကြာ တတ်တာပေါ့၊အဲဒီတဝိုက်နေသူတွေကတော့ ရိုးနေပါပြီ၊ကိုယ့်အိမ်ထဲ ဆိုင်ထဲကပစ္စည်းတွေ ရေမစိုအောင် မြှင့်ထားတာပေါ့၊ရေထဲ လျှောက်ရတာ ပျော်တဲ့သူတွေလည်းရှိတာပါဘဲ၊ရုံးဆင်းချိန်နဲ့ ကြုံတတ်တော့ မိန်းကလေးတွေလည်း ရှက်မနေနိုင်တော့ဘဲ ထမီတိုတိုဝတ်ပြီး ရေထဲဖြတ်ကြရပါတယ်၊၊ ဒီရေထရက်က လပြည့်နေ့၊လဆုတ် ၁-၂-၃-၄-၅ နေ့၊လကွယ်နေ့၊ လဆန်း၁-၂-၃-၄-၅ နေ့တွေပါ၊ ၃ ရက်နေ့ က ရေအမြင့်ဆုံးတက်လို့ ခေါင်ရေလို့ခေါ်ပါတယ်၊ မနက်ပိုင်းတစ်ကြိမ်။ညနေပိုင်းတစ်ကြိမ်တက်တတ်ပါတယ်၊ ထူးကဲဒီရေတက်မယ့်ရက်ကို သတင်းစာကနေ ကြေငြာပေးတတ်ပါတယ်၊ ထုံးစံကတော့ ဝါဆို။ဝါခေါင်။တော်သလင်း။သီတင်းကျွတ် လေးလဟာဒီရေတက်တဲ့ရာသီပါ။ လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်ကစပြီး ကဆုန်မှာ နည်းနည်းတက်လာပါတယ်၊အခု တန်ခူးလပြည့်နေ့မှာရေတက်သွားပါတယ်၊ကမ္ဘာကြီးပူနွေးလာလို့ […]


CharTooLanSeptember 24, 20101min691
ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ မိုးရေတို့ကြောင့် ပိုမိုမဲမှောင်နေလောက်ရော့မယ် ။ ရန်ကုန်ဟာ ဒဏ်ရာတွေ ပွထနေပေမယ့် လှသွေးကြွယ်နေဆဲ စစ်ဘုရင် ရွှေနန်းကြော့ရှင် တစ်ပါးလိုပဲ .. အနောက်တောင်မုတ်သုံလေရဲ့ မိုးရေစက်တွေရဲ့အောက် လှချင်တိုင်းလှနေတော့မှာတော့ သေခြာတယ်။။။ အနီရောင်တွေနဲ့ ရန်ကုန်ရဲ့အလှကို ဆင်မြန်းနေကြတဲ့ စိန်ပန်းတွေက ကြွေကျလာတဲ့ ပွင့်ဖက်တချို့က ဝန်ကြီးများရုံးရဲ့ အနောက်ဘက် ဗိုလ်အောင်ကျော်လမ်းမ တလျှောက် အဆုတ်လိုက် ကျဲဖြန့်ထားသလိုဖြစ်နေပေလိမ့်မယ်။။။ ပင်လယ်ဝကနေ တိုးဝှေ့လာတယ်လို့ ထင်ရတဲ့ လေနုအေးလေးတွေကြောင့် ခံစားမှုတွေကို ပိုပြီး အေးဆက်သွားစေလိမ့်မယ်။ အီမိုဖက်ရှင်နဲ့ လူငယ်တစု … နောက်တကြိမ် မိုးမမိအောင်လို့ .. ဗိုလ်အောင်ကျော် တာဝါဆီကို ပြေးလွှားဝင်ရောက်သွား ကြလိမ့်မယ်။ ကားဟွန်းသံတွေ မကြားရပေမယ့် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတဲ့ ကားအချို့ရဲ့ စက်သံတွေကတော့ ရန်ကုန်ရဲ့ သရုပ်ကို ဖော်ဆောင်နေတုန်းပဲ။။ […]