ကျွန်မတို့ငယ်ငယ်က ရုပ်ရှင်ကြည့်ခြင်းကို အပမ်းဖြေခြင်းတစ်မျိုးအဖြစ်နဲ့ လုပ်လေ့လုပ်ထရှိခဲ့တယ် ။ ရုပ်ရှင်ရုံကိုသွား ၊ ရုပ်ရှင်ကြည့်ရတာထက် ၊ ရုပ်ရှင်ကြည့်နေရင်း မုန့်တွေ စားရတာကို သဘောပိုကျလို့ပါပဲ ။ အဲ့ဒီခေတ်က တီဗွီတွေဒီလောက်ကြီးခေတ်မစားသေးဘူး ။ အိမ်တိုင်းမှာ တီဗွီဝယ်ကြည့်တဲ့ အခြေနေမျိုးမဟုတ်ကြသေးဘူး ။ နောက်ပိုင်း တီဗွီဆိုတာ ခေတ်စားလာတော့ ရုပ်ရှင်ရုံကို တကူးတက သွားမကြည့်တော့ပဲ အိမ်မှာပဲ တီဗွီကြည့်ဖြစ်ကြတယ် ။ နည်းနည်းခေတ်မှီလာတော့ တစ်အိမ်ကို တီဗွီတစ်လုံးစီ ပိုင်ဆိုင်လာကြပြီလေ … ။ ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးတဲ့ အစီစဉ်ထဲ .. ရုပ်ရှင်အစီစဉ်ကိုပဲ စောင့်ကြည့်ဖြစ်ခဲ့တယ် … ။ ရုပ်ရှင်ကြိုက်လွန်းလို့ … အစီစဉ်မစခင်အချိန်ကတည်းက တီဗွီဖွင့်ထားရတဲ့အထိပါပဲ … ။ လွတ်သွားလျှင် ပြန်ကြည့်လို့ မရတာကြောင့်လည်း ပါတယ် … […]