“မေ”ဆိုတဲ့ ကဆုန်-နယုန် ကုန်ခါနီး အမီလေးမှာ မိုးတွေကဆုန်။ ဆုန်ပါလေ့ ကိုရွှေမိုး ကိုယ်တို့မြို့ ရန်ကုန်ကြီးမှာ ရေတွေက တိုး။ တိုးကာရယ် ရေတွေဖွေးဖွေး အေးရက်တဲ့ ရာသီရယ် အိမ်ပေါ်မှာ စောင်ခြုံကွေးမယ်ဟဲ့ စိတ်ကူးအတွေး။ တွေးမိတဲ့ အတွေးကိုချင့် ပျင်းရိတဲ့ စိတ်အစဉ်ရယ် ရန်ကုန်က ရေတွေတိုးကာလို့ ရုံးတက်ရမလေး။ လေးပင်တဲ့စိတ်ကို တွန်းကာပိုကာဟဲ့ တိုးတက်ဟဲ့ ဘတ်စ်ကားကိုလေ ပျိုတို့မောင် တိုးကာတက်ရတယ် ခပ်သွက်သွက်ပြေး။ ပြေးကာသွားကာ ဒီရန်ကုန်ရယ် ရယ်မောကာ မနေနိုင်ပေမယ့် ဘဝအတွက် ရုံးကန်ရသည်မို့ ရုံးအပြန် ငိုက်ကာနေမိတယ် မောင့်အဖြစ်မသေး။ ……………………. အောင်မိုးသူ