“မေ”ဆိုတဲ့      ကဆုန်-နယုန် ကုန်ခါနီး         အမီလေးမှာ မိုးတွေကဆုန်။   ဆုန်ပါလေ့      ကိုရွှေမိုး ကိုယ်တို့မြို့     ရန်ကုန်ကြီးမှာ ရေတွေက တိုး။   တိုးကာရယ်     ရေတွေဖွေးဖွေး အေးရက်တဲ့    ရာသီရယ် အိမ်ပေါ်မှာ     စောင်ခြုံကွေးမယ်ဟဲ့ စိတ်ကူးအတွေး။   တွေးမိတဲ့        အတွေးကိုချင့် ပျင်းရိတဲ့         စိတ်အစဉ်ရယ် ရန်ကုန်က      ရေတွေတိုးကာလို့ ရုံးတက်ရမလေး။   လေးပင်တဲ့စိတ်ကို      တွန်းကာပိုကာဟဲ့ တိုးတက်ဟဲ့              ဘတ်စ်ကားကိုလေ ပျိုတို့မောင်               တိုးကာတက်ရတယ် ခပ်သွက်သွက်ပြေး။   ပြေးကာသွားကာ        ဒီရန်ကုန်ရယ် ရယ်မောကာ             မနေနိုင်ပေမယ့် ဘဝအတွက်             ရုံးကန်ရသည်မို့ ရုံးအပြန်                  ငိုက်ကာနေမိတယ် မောင့်အဖြစ်မသေး။   ……………………. အောင်မိုးသူ  


ဖေဖေဟာ တံတိုင်းတစ်ခုဆို သားဟာ တံတိုင်းကိုမှီ ရှင်သန်ရတဲ့ အုတ်ကပ်ပင်လေးတစ်ခုပါ ဖေဖေ…………။ ဖေဖေမပါတဲ့ ရေဆန်လမ်းတွေမှာ ပဲ့ကိုင်မပါခဲ့ဘူး ဖေဖေ မှီတွယ်ရာ မဟုတ်ပေမယ့် ခိုဝင်စရာတော့ ရင်ခွင်တစ်ခုရှိချင်တယ် ဖေဖေ အခုတော……………. အားမာန်နဲ့ကမ်းကပ်တဲ့ရေလှိုင်းက ခိုဝင်စရာ ကျောက်ဆောင်မရှိခဲ့ဘူး ဖေဖေ…………….။ အသက်ကိုကြမ်းကြမ်းရှူ မျက်စိကိုတစ်ချက်မှိတ်လို့………….. …………………………………………. ………………………………………………. ရင်ထဲက တစ်ဆို့နေတဲ့ နာမတစ်ခုကို သား…..ဖွင့်ဟထုတ်ကြည့်တယ်………… …………………………………………… ဖေ…………………………ဖေ…………။ ………………… ရင်းနှင့်ရင်း၍ အောင်မိုးသူ


၂၀၁၅ ၊ ဧပြီ ၂၃ရက် ၊ ကြာသပတေးနေ့ ညနေ (၆)နာရီ (၃၀)မိနစ် မိုးတွေရွာတယ် ……. လျှပ်စီးတွေ လက်တယ်…… ပူပြင်းတဲ့အချိန်မှာ တောင့်တတဲ့အရာ ချက်ချင်းဆိုသလို ရောက်လာတယ်။ စိတ်ထဲက……….တစ်ခဏ နေ့တိုင်းလေး ဒီလိုလေးဆို ဘယ်လောက်ကောင်းမလဲ….. စဉ်းစားလိုက်တယ်………..။   အတွေးက ဖျတ်ကနဲ ဖျတ်ကနဲ ဖျတ်ကနဲ တစ်ဖက်က ခေါင်မိုးမလုံတဲ့ မိသားစုတွေကတော့……….။ အို……………….. အတွေးတွေ……အတွေးတွေ။ ……………………………………………………….. ဒါဟာ………ကိုယ်ချင်းစာတရား…နံပါတ်(၁)။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx   ရင်နှင့်ရင်း၍ အောင်မိုးသူ  


မိုးတွေဟာ မှောင်းလို့ မည်းလို့ ထစ်ချုပ်မိုးနဲ့ ပြန်ကာသွားတယ်။   ချိန်းချိန်းပြီး မရွာခဲ့ဘူး အဲသည် သည်းကြီး မည်းကြီးကို စောင့်နေခဲ့သူတစ်ယောက်။   အချစ်တစ်ခုဟာ တစ်ပါးသူရဲ့လက်အောက်မှာ ပြားပြားဝပ်လို့ အသက်ငင်နေတယ်။   အမှန်တော့ (၁)ဖြစ်နေတဲ့ကောင်က သူ့ရှေ့မှာ (၀)ရှိနေတာ မမြင်ခဲ့ဘူး။   ဒုတိယဟာ အကောင်းဆုံးအရှုံးသမား ဟုတ်တယ် သိပ်ကိုသနားစရာကောင်းတယ် သနားတာကိုလည်း ခံချင်တဲ့ကောင်မဟုတ်ဘူး   လက်တစ်ဖက်ကမ်းလင့်ဖို့ နောက်ထပ်လက်တစ်ဖက်လိုတယ် လက်တစ်ကမ်းနောက်ကျကျန်ခဲ့တဲ့ အရာတွေဟာ ဒုတိယဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့ပြီးဆုံးကာသွားတယ်။   ဒုတိယဆိုတာလည်း အနုပညာတစ်ခုပါပဲ သူဟာသိမ်သိမ်မွေ့မွေ့နဲ့ အဆုံးသတ်ရှာတယ်။   ကြီးကြီးကျယ်ကျယ်စကားလုံးတွေ သူ့နှုတ်ကဘယ်တော့မှမထွက်ရှာဘူး ကြီးကြီးကျယ်ကျယ်စကားကို ကြီးကြီးကျယ်ကျယ်တွေပဲသုံးကြတယ်။   နောက်ဆုံးမှာ အနုပညာဟာ အချစ်လိုပဲ တစ်ယောက်တည်း ခမ်းနားစွာ အဆုံးသတ်ရှာတယ်။   […]


ညတွေ အမှောင်သမ်းလာတော့ ကြယ်တွေထမ်းထားတဲ့ ကောင်းကင်ကြီးကို ငေးရင်း ရင်ဘတ်ထဲ ကြွေလာတဲ့ မိုးတွေ… အချစ်မှာ ထီးမဆောင်းခဲ့သလိုမျိုး နှလုံးသားတည့်တည့်မှာ အလွမ်းမိုးတွေ ဖြာတော့ သန်းခေါင်မှာသည်းတဲ့မိုးကမှ နင့်ရင်ထဲအလွမ်းတွေ ကြွေနိုင်မှာလား ငါကနင့်အပေါ်ကျတဲ့ မိုးတွေကိုတောင် မစဲချင်တာပါ သည်းချင်သလောက် သည်းစမ်းပါစေ ရင်ခွင်တခြမ်းလုံး ရွဲရွဲစိုအောင်ထားမယ် ပုံသေနည်းနဲ့ အကြွင်းတွေ အချစ်မှာ ကမ်းတယ် (ဆိုတော့) အလွမ်းဆိုတာ တယောက်တဝက် မျှသုံးခဲ့တဲ့ တစ်ရှုးစလေးလို လက်တွဲ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေမှာ သတိရခြင်းဟာ သူ့နေရာနဲ့သူပါ *မေရေ အပြင်မှာ ရွာတဲ့မိုးလို ကိုယ့်နားလာပြီး တိုးကာရွာ လက်ခုပ်ပေါ်က ရေစက်လိုပါပဲ မြင်နေတော့လည်း အတိုင်းသား ဆုပ်ကိုင်လိုက်မှ တစ်စစီ…….. ဒါဟာ မျက်လှည့်မဟုတ်ဘူး။ ဒါဟာ လှည့်ကွယ်မဟုတ်ဘူး။ ဒါဟာ အချစ်ရဲ့လှည့်ကွက်တစ်ခု။ မှိုတက်နေတဲ့ […]


မွတ်သိပ်စွာ ငိုကြွေးပြီးနောက်မှာ ချုပ်နှောင်ထားခြင်းတွေ ကွယ်ပျောက်သွားတယ် ဒါဟာ နင်းခြေခံလိုက်ရတဲ့ တေလေတစ်ကောင်ရဲ့တမ်းချင်း။ အားလုံးဟာ အစီအစဉ်အလိုက်ပါပဲ ပိတ်ကားနောက်ကွယ်က ဖလင်အပိုင်းအစတွေက ကုလားဖန်ထိုးခံလိုက်ရတာ ဘယ်သူမှမသိလိုက်ဘူး။ တေလေတစ်ကောင်ထက် ပညာရှင်တွေက ပိုရက်စက်တတ်ကြတယ် တန်ဖိုး နဲ့ တန်ဘိုးကိုတေ့ ပညာရှင်တွေခွဲခြားမသိသွားရှာဘူး ပိတ်ကားနောက်က ဖလင်တွေက အပိုင်းပိုင်းအစစနဲ့ ကျိုးပျက်လို့။ တန်ဖိုးမရှိပေမယ့် တန်ဘိုးရှိချင်ခဲ့တာ အခုတော့ အဲသည်တန်ဘိုးတွေက ကြွေကျလို့ အခက်နဲ့အလက်နဲ့ဝေချင်နေခဲ့တာ အခုတော့ အားလုံးမီးမြိုက်ခံခဲ့ရတာ။ ညိုမှိုင်းတဲ့တိမ်စိုင်တွေမှာ အဖြူရောင်မိုးသားမျှင်တွေရှိတယ် လူတိုင်းမှာ အဖြူရောင်မိုးသားမျှင်တွေရှိတယ် တစ်ဘဝမှ တစ်ခါတော့ ညိုမှိုင်းဖူးကြမှာပါ။ ပူလောခြင်းတွေထဲမှာတောင် အရိပ်တစ်ခုတော့ရှိရမယ် တစ်ခါတစ်ရံ ပူလောင်တာတော့ အဆန်းမလုပ်တာအကောင်းဆုံးပဲ မုန်တိုင်းပြီးရင် လေပြေတော့ လာမှာပါ နည်းနည်းတော့ အချိန်စောင့်ပေါ့။ ချောင်ထဲမှာ ငြိမ်းချမ်းစွာထိုင်နေသူကပြောတယ် သူ့မှာ ဂုဏ် ငွေ ပကာသန […]


သတိရခြင်းများစွာဖြင့်..ငါမင်းဆီစာရေးလိုက်တယ် မင်းအချစ်တွေ…..လွတ်လပ်ပါစေချစ်သူ………   သတိရခြင်းများစွာဖြင့်…ငါမင်းကိုလွမ်းနေတယ်… မင်းအလွမ်းတွေ…အနှောင်အဖွဲ့ကင်းလွတ်ပါစေ   သတိရခြင်းများစွာဖြင့်…ငါငိုနေတယ်… ငါ့မျက်ရည်တွေက…သန့်စင်ပါတယ်ချစ်သူ   သတိရခြင်းများစွာဖြင့်…မင်းကိုငါချစ်တယ်ချစ်သူ မင်းအချစ်တွေ….ကတိတည်ပါစေ…   သတိရခြင်းများစွာဖြင့်…ငါတွေးနေတယ်ချစ်သူ ဒီအချိန် မင်းဘာတွေလုပ်နေမလဲ   သတိရခြင်းများစွာဖြင့်…ငါတစ်ယောက်တည်းပါချစ်သူ မင်းဘေးနားမှာ ဘယ်သူရှိနေမလဲ   သတိရခြင်းများစွာဖြင့်…ဘဝကိုဆက်လျှောက်နေဆဲပါ.. မင်းဘဝတွေ…သန့်စင်နေပါစေ   သတိရခြင်းများစွာဖြင့်…အဝေးကိုငါမျှော်ကြည့်မိတယ်ချစ်သူ မင်းပုံရိပ်တွေ…မြင်ယောင်ဆဲပါ   သတိရခြင်းများစွာဖြင့်…မင်းဆီကိုစာရေးလိုက်တယ် နှလုံးသားဆိုတဲ့စာရွက်ငယ်နဲ့……… သံယောဇဉ်ဆိုတဲ့ ဖောင်တိန်ရယ်…. အလွမ်းတွေကို မှင်ရေလုပ်ပြီး…….. စိတ်ချင်းဆက်သွယ်မှုကြေးနန်းနဲ့…. ငါ…မင်းဆီစာပို့လိုက်တယ်……   သတိရခြင်းများစွာဖြင့်……………….   ××××××××××   ရင်နှင့်ရင်း၍ Base of true story Aung Moe Thu 18.12.2010 (SAT) 9.44AM


အဲသည်နေ့က လက်ပံပွင့်တွေ တစ်တောလုံးကြွေနေတယ်။ ဟုတ်တယ်…….. အဲသည်နေ့က လက်ပံတွေက အရောင်အဆင်းမရှိဘူး။   ကြွေကျတဲ့ လက်ပံတွေ ကိုယ်ပြန်မကောက်မိဘူး လက်ပံတွေဟာ သူ့ခြေရင်းမှာ ခ…ဝပ်ဆင်းလို့။   ကြွေကျတဲ့ လက်ပံပွင့်ကိုမှ သူကခပ်မဲ့မဲ့ပြုံးပြနေသေးတယ် အဲသည်အချိန် သူ့ခေါင်းထက်မှာ စံခွင့်မရှိတဲ့ လက်ပံပွင့်ကငိုတယ်။   သူနဲ့တွေ့မှ ကျွန်တော့်လက်ပံပွင့်တွေက အဖြူရောင် ကြွေလိုက်တာမှ သူ့ဘေးမှာ လက်ပံတွေဖွေးဖွေးလှုပ်။   ရူးသွားတယ်…လို့ သူထင်တယ် ဟုတ်တယ် အဲသည်စက္ကန့်ကလေးမှာ လက်ပံတွေရူးသွားတယ်။   သူ့ခေါ်မှာ နှင်းဆီရဲရဲတစ်ပွင့်ပန်းထားတယ် သူ့ဘေးမှာ လက်ပံပွင့်တွေကြွေကျတယ်။   တစ်ပွင့်ချင်းကနေ အုံလိုက်ကျင်းလိုက် လက်ပံပွင့်အဖြူတွေ ဖွေးဖွေးလှုပ်။   သူ့နှုတ်ခမ်းက စကားတစ်ခွန်းကျလာတယ် “လက်ပံပွင့်ဟာ လက်ပံပွင့်ပါပဲ……. နှင်းဆီမဖြစ်ချင်စမ်းပါနဲ့”တဲ့။   လက်ပံပွင့်တွေကို သူတစ်ချက်ကြည့်တယ် သူ့အကြည့်က……………………………… […]


မျက်တောင်တွေ တစ်ဖျတ်ဖျတ် ခတ်နေတဲ့ကြားက အဲသည်အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ် မေလဆိုရင် သူကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ် ဘာမှမသိလိုက်တဲ့ သူ့အရိပ်အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျတော်ခံစားတမ်းတနေတုန်းပဲ။ သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆခံစားရင် သူဟာကျွန်တော့်ကို အားပေးသူ။ လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ။ သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်ရောက်လာတယ်။ တစ်ခါ တစ်ခါ ကျွန်တော့်နားကပ်ပြီး စကားတစ်ခွန်းပြောတယ်။ ဘဝဆိုတာ ဒီလိုပဲ သားရဲ့……………တဲ့။ …………………… ………………………. တကယ်တော့ သူခေါ်တဲ့ သားဆိုတဲ့အသံတောင် မမှတ်မိတဲ့ ကျွန်တော့်အဖြစ်မှာ မှောင်ပိတ်ခံစားမှုထဲက တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေကြည့်တယ်………။ …………….. (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ ဖေဖေဟာ…………..ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ်တည်ရှိနေဆဲပဲ…….။ ……. မှောင်ပိတ်တဲ့ခံစားမှုထဲမှာပေါ့……။ ရင်နှင့်ရင်း၍ အောင်မိုးသူ ဧပြီ ၃ရက် ၂၀၁၃ခုနှစ် […]


…………………. ……………………………   ဖေဖေဟာ တံတိုင်းတစ်ခုဆို သားဟာ တံတိုင်းကိုမှီ ရှင်သန်ရတဲ့ အုတ်ကပ်ပင်လေးတစ်ခုပါ ဖေဖေ…………။   ဖေဖေမပါတဲ့ ရေဆန်လမ်းတွေမှာ ပဲ့ကိုင်မပါခဲ့ဘူး ဖေဖေ   မှီတွယ်ရာ မဟုတ်ပေမယ့် ခိုဝင်စရာတော့ ရင်ခွင်တစ်ခုရှိချင်တယ် ဖေဖေ   အခုတော……………. အားမာန်နဲ့ကမ်းကပ်တဲ့ရေလှိုင်းက ခိုဝင်စရာ ကျောက်ဆောင်မရှိခဲ့ဘူး ဖေဖေ…………….။   အသက်ကိုကြမ်းကြမ်းရှူ မျက်စိကိုတစ်ချက်မှိတ်လို့………….. …………………………………………. ………………………………………………. ရင်ထဲက တစ်ဆို့နေတဲ့ နာမတစ်ခုကို သား…..ဖွင့်ဟထုတ်ကြည့်တယ်………… …………………………………………… ဖေ…………………………ဖေ…………။   …………………   ရင်နှင့်ရင်း၍ အောင်မိုးသူ 19122012


ကြမ်းရှရှ အေးမြမြနဲ့ ရင်ခွင်မှာလမသာခဲ့ဘူး ညင်သာစွာ တိုးတိတ်တိတ်နဲ့ အရောင်မစုံတော့တဲ့ ညနေခင်းတွေ တိမ်တွေမှာ အရုပ်ရေးထားမယ် မင်းလာရင် ကြိုလင့်ရအောင်။ အဖျားခတ်တုန်ခါမှုတွေက ရင်ခွင်ကိုဗြောင်းဆန်စေတာ မင်းသိမလား မင်းဘက်က အတောင်တစ်ချက်ခတ်ရုံ ငါ့ဘက်မှာက မုန်တိုင်းထန်နေတယ် တိမ်တွေအရောင်မပြောင်းသေးဘူး။ နောက်ဆုံးမှ ထွက်ကျလာတာ Just a kidding နောက်မဆုတ်ဖြစ်တဲ့ ခြေတစ်လှမ်းက ရှေ့လည်းဆက်မတိုးနိုင် စကားတစ်ခွန်းနဲ့တင် တိမ်တွေပေါ်က အရုပ်လေးတွေမရှိတော့ဘူး။ ဝေဝေဝါးတဲ့ ဘဝမှာ ခပ်ထန်ထန်နဲ့ဖြတ်သန်းသွားတဲ့ ဘာသာစကားတစ်ခုက တိမ်တွေကိုအရောင်ပြောင်းပစ်တယ် လက်မခံနိုင်တဲ့ သီအိုရီတစ်ခုကို အရှုံးပေးလိုက်ရတယ် တိမ်တွေအရောင်ပြောင်းတဲ့နေအထိ ဆက်စောင့်နေမယ်။ ဖြူစင်တဲ့ တိမ်ဂွမ်းစိုင်တွေပေါ်မှာ အရုပ်ရေးချင်တယ်……………..။ ******************** အောင်မိုးသူ နိုဝင်ဘာ ၂၈ရက် ၂၀၁၂ခုနှစ် နေ့လည် ၁၂နာရီ ၁၉မိနစ်