kotun winlattAugust 14, 20161min49414
ကျနော်နဲ့ အိမ်နီးချင်း (1) နေပူလိုက် မိုးရွာလိုက်နှင့်မို့ နေရထိုင်ရ မကောင်းလှ။ မိုးကရွာသော်လည်း ဖွဲဖွဲမျှသာ မိုးရွာပြီးလျှင် ပူသည့်နေက ခပ်ပြင်းပြင်းမို့ နေရထိုင်ရခက်သည့် ရာသီဥတု အိုက်စပ်စပ် …။ ဒီနေ့မှ လူက ထိုင်းမှိုင်းလေးလံပြီး အိပ်ချင်စိတ်ကကြီးစိုးနေသည်။ တစ်ရေး တစ်မောလောက် အိပ်လိုက်ဦးမည်ဟု ကြံစည်နေတုန်း။ “ဟေ့ကောင် …. လာခဲ့စမ်း … ငါပြောနေတယ်နော် …. အခု ပြန်လာခဲ့စမ်း …” “မလာဘူး … မလာဘူး …. ငါက သွားတိုင်ပြောမှာ နေခင်းကြောင်တောင် မူးနေတာလို့ …” “ဘာကွ ….. တိုင်ချေကွာ …. တိုင်ချေ…. မင်းလာခဲ့စမ်းလို့ ငါပြောနေတယ်နော်..” ” ဂလုံ …. ဂွမ် …. ထန် […]


  ညနေ(၅)နာရီမို့ တိမ်တောက်သလိုလို အလင်းရောင်ခပ်ဖြာဖြာပင်ရှိနေသေးသည်။ အနော်ရထားလမ်း လမ်း(၅၀)ဘက်ကနေ ဆူးလေဘက်ကို ရုံးအဆင်းလမ်းလျှောက်လာ ခဲ့သည်။ စိန်ပေါကျောင်းအကျော် ဝန်ကြီးများရုံးခြံစည်းရိုးတစ်လျှောက် ခရေပင်များတန်းစီ ကာ စိုက်ထားသည်ကိုတော့ သတိထားမိသည်။ အခုတော့ ပလက်ဖောင်းတစ်လျှောက် ခရေပန်းများဖွေးဖွေးလှုပ်ကျနေသည်ကို ကျောင်းအပြန်ကလေးငယ်များ လက်ခုတ်လေး ထဲကောက်ယူနေကြသည်ကို ကြည့်ပြီးကျွန်တော်ပြုံးမိလိုက်သည်။ လမ်းများလည်း အတော် ပိတ်သည်မို့ အိမ်အပြန်စောစောရောက်ရန် စိတ်ကစောနေသောကြောင့် ရှေ့မှာကျနေသော ခရေပးန်ေးလများ ကို မနင်းရက်ဘဲ သုံးလေးပွင့်ကောက်ယူပြီး နမ်းရှိုက်မိသည်။ ခရေပန်း ရဲ့ မွှေးရနံ့တို့က ကျွန်တော့်အတိတ်ပုံရိပ် များကို ရေးရေးမြင်ယောင်လာစေမိသည်။ ငယ်ငယ်ကတည်းက သစ်ပင် ၊ ပန်းပင်များနှင့် အကျိုးပေးသည်ဟုပင် ခေါ်ရမလားပင်။ သစ်ပင် ၊ ပန်းပင်နှင့် ပတ်သက်လာလျှင် မှတ်မှတ်ရရ အဖြစ်အပျက်များစွာရှိခဲ့ဖူးသည်။ ထိုအဖြစ်အပျက်များစွာထဲမှ ခရေပန်းလေးများနှင့် ပတ်သက်သော အဖြစ်အပျက်များမှာ […]


ကဲကဲကို ဗီုက်ခွဲမွေးတဲ့အကြောင်းလေး ပြောပြီးတော့ သူ့ရဲ့ကလေးတွေအကြောင်းပေါ့။ ကဲကဲနဲ့ ကလေးတွေကို အိမ်ခေါ်လာတဲ့အခါမှာ။ လူတွေအားက တယ်ရီယာအမျိုးက ငါးကောင်တောင် အများကြီး ပေါက်သလား။ ဘယ်ခွေးနဲ့ စပ်တာလဲဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။ ထွေထူးရှင်းပြမနေတော့ ကျတော်က ကလေးတို့အဖေကြီးပေါ့။ ကဲကဲကတော့ ဗိုက်ခွဲပြီးပြီးချင်း ရေစိုနေတဲ့ စက္ကူရွက်လေးလိုပါပဲ။ ကလေးတွေကိုလည်း နို့မတိုက်နိုင် ဘူးပေါ့။ ဒီလိုနဲ့ နို့မှုန့်ဖျော်တိုက်ဆိုတော့ ရိုးရိုးနို့မှုန့်ဆိုလည်း ဝမ်းသွားမယ် တိုက်လို့မရဘူး။ ဆေးခန်းမှာ ဆွစ်ဇလန်နို့မှုန့်ဖျော်တိုက်ရမယ်ဆိုတာနဲ့ နို့တိုက်ဖို့ နို့မှုန့်အပြေးဝယ်ရပါတယ်။ နံနက်စောစောနိုးတာနဲ့ နို့မှုန့်ဖျော် ဆေးထိုးအပ် ကလေးတစ်ကောင်ချင်းစီကို တိုက်ရတော့တာပါပဲ။ ကဲကဲကတော့ မိခင်နို့မတိုက်နိုင်သေးတာကိုး။ ကလေး ငါးကောင်နဲ့ အလုပ်တွေဆို ရှုပ်လိုက်သည့်ဖြစ်ခြင်း။ ကျတော်တို့အိမ်လေးဟာ ကျဉ်းပြီးရှည်ပါတယ်။ မြေ(၁၃)ပေခွဲမှာမှ (၁၁)ပေလောက်သာကျယ်ပြီး (၅၅)ပေလောက်ရှည်ပါတယ်။ အမေကလည်း ကျန်းမာရေးမကောင်းဆိုတော့ ဒီကလေးတွေကို ဘယ်သူမှ ယုယုယယမကြည့်နိုင်ပါဘူး။ […]


အဲသည်နေ့က ကျွန်တော်တို့အိမ်ကို မကြီးကခွေးလေးတစ်ကောင်ယူလာခဲ့တယ်။ အဲ့သည်တုန်းက ၂၀၀၅ခုနှစ် လောက်ကပေါ့။ ကျတော်က အိမ်အလုပ်နဲ့ အိမ်မှာကလေးတွေစာသင်နေခိုက်အချိန်။ အိမ်ကလူ အကုန်က ကြောင်လေးတွေဆို သိပ်မချစ်တတ်ကြဘူး။ ကျွန်တော်အပါအဝင်ပေါ့။ အဲသည်အချိန်တုန်းက အစိုးရဝန်ထမ်း တွေဟာလည်း နေပြည်တော်ကိုပြောင်းရတဲ့အချိန် မှတ်မှတ်ရရပါပဲ။ ကျွန်တော့် အစ်မကလည်း MRTV-4 မှာမဟုတ်ဘဲ ဘဏ်မှာလုပ်နေတဲ့အချိန်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အစ်မကြီးက နေပြည်တော်ပြောင်း ရမှာမို့ အထီးနဲ့အစ်မနှစ်ကောင်ရှိတဲ့အထဲက “ကဲကဲ”ဆိုတဲ့ တယ်ရီယာခွေးမလေးကို အစ်မကိုပေးလိုက်တာ ပါပဲ။ ရောက်ရောက်ချင်း အဖော်မဲ့နေတဲ့ ကျွန်တော့်အတွက်ပျော်စရာပါပဲ။ အိမ်မှာလည်း အမွှေးပွပွခွေးလေး တစ်ခါမှ မမွေးဖူးသေးတော့ ပျော်တာပေါ့။ “ကဲကဲ”က ရောက်ခါစ သုံးနှစ်သမီးလောက်ရှိမှာပါ။ ထိန်းရကျောင်းရ တာ ကျွန်တော့်အလုပ်ပဲပေါ့။ မကြီးကတော့ ပေးလိုက်တဲ့သူတွေက အလုပ်ရှုပ်မှာစိုးလို့ တားဆေးထိုးပေး လိုက်တယ်ပြောတယ်။ ရောက်တာတစ်ပတ်လောက်ကြာတဲ့အခါ “ကဲကဲ”မှိုင်မှိုင်နေတာ ကျွန်တော် […]


ဒီဇင်ဘာ(၃၁) အပြင်ကိုလှမ်းကြည့်တော့ မှောင်ရီပျိုးစပြုနေပြီ။ ပြတင်းလိုက်ကာကနေတဆင့် ခပ်ဝေးဝေးကို ကြည့်လိုက်မိတယ်။ ခမ်းလှမ်းလှမ်းနေရာမှာ တောင်ဥက္ကလာပစေတီက ရွှေရောင်တစ်ဝင်းဝင်းနဲ့ တွေ့နေရ တယ်။ မှောင်ရီပျိုးစ ငှက်လေးတွေ အိပ်တန်းတက်ချိန်ထင်ပါတယ်။ အုပ်စုလိုက် ပျံသွားကြတာကို မြင်မြင် နေရတယ်။ သူတို့ဘယ်ကိုပြန်သွားကြသလဲ ကျွန်တော်မသိပါဘူး။ ဒီဇင်ဘာလမို့ထင်ပါတယ် အအေးဓာတ်က နည်းနည်းပိုကဲလာသလိုပဲ။ ဪ နောက်တစ်ရက် ၊ နှစ်ရက်ဆို နှစ်သစ်ကိုတောင် ကူးတော့မှာပဲ။ စဉ်းစားရင်း ပြတင်းပေါက်ကနေ သစ်ပင်လေးတွေလှုပ်သွားတာ ၊ ငှက်ကလေးတွေပျံသွားတာ ၊ တစ်ဖြည်းဖြည်းမှောင်လာတဲ့ ကောင်းကင်ကို ကျွန်တော်ကြည့်နေမိတယ်။ ခေါင်းစဉ်တပ်လို့မရတဲ့ ခံစားချက်တစ်ခုဟာ ကျွန်တော့ရင်ဘတ်ထဲ ပြည့်ကျပ်နေသလိုခံစားနေရတယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်နေရ တစ်ဖက်တိုက်က နေရာတစ်နေရာကို ငေးကြည့်မိတယ်။ ကျွန်တော်ကြည့်မိတဲ့နေရာဟာ တိတ်ဆိတ်နေတာ ရက်သတ္တပတ်တစ်ခုကြာနေပြီလေ။   တိတ်ဆိတ်မှုတွေတိုင်းမှာ အသံတွေရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ပြီ။ အခုပတ်ဝန်းကျင်က တိတ်ဆိတ် […]


ကျွန်တော်သည် အတိတ်ကိုပိုင်ဆိုင်ခဲ့သည်။ ကျွန်တော်သည် အတိတ်ကိုပိုင်ချင်ပါသေးသည်။ အတိတ်သည် ကျွန်တော့် အား တိုးတက်မှုများစွာပေးခဲ့သည်။ နွေးထွေးမှုများစွာပေးခဲ့သည်။ မေတ္တာဓာတ်များစွာပေးခဲ့သည်။ တစ်ခါတစ်ရံ မွန်းကြပ်မှုများစွာလည်းပေးပြန်သည်။ အမှန်တကယ်တွင် အတိတ်သည်ကျွန်တော့်အနားတွင် မရှိမဖြစ်လိုအပ်ခဲ့သည်။ အတိတ်ကို အတိတ်မှာထားခဲ့ဆိုသည့်စကားအတိုင်း ကျွန်တော်သည် အတိတ်ကိုမထားခဲ့နိုင်ချေ။ ကျွန်တော်တတ်နိုင် သည်မှာ အတိတ်အားငေးမောကြည့်နိုင်ရုံသာ ကြည့်ခွင့်ရတော့၏။ အတိတ်သည် ကျွန်တော့်ရှေ့တွင်ပင် တဖြည်းဖြည်း ပါးပါးလျကာ ပျောက်ကွယ်သွားတော့မည်။ ကျွန်တော့်အား ပျောက်ကွယ်သွားမည့်ဆဲဆဲအထိ အတိတ်၏သံယောဇဉ်များ သည် အမျှင်တန်းလေးများသဖွယ် ကပ်ငြိကာကျန်နေခဲ့သေးသည်။ သေချာသည့်အရာတစ်ခုမှာ အတိတ်တွင် ကျွန်တော်၏ နောင်တများစွာ စုပုံကာ ကျန်ရစ်ခဲ့လိမ့်မည်။ ဒီနေ့ အတိတ်သည် ကျွန်တော်နှင့်အတူရှိမနေတော့ချေ။ လက်ရှိကျွန်တော့်လက်ထဲရှိ ပစ္စုပ္ပန်ကိုသာကျွန်တော်ပိုင်ဆိုင် တော့သည်။ ကျွန်တော့်တွင် ပစ္စုပ္ပန်များစွာရှိသည်။ ယခင်အတိတ်တုန်းကလည်း ပစ္စုပ္ပုန်များစွာရှိခဲ့ဖူးသည်။ ယခုအခါ ထိုပစ္စုပ္ပန်များသည် ကျွန်တော်၏လေလွင့်စိတ်ကြောင့် နောင်တများဖြင့်ပြည့်နှက်နေသော အတိတ်များဖြစ်သွားခဲ့သည်။ […]