မခင်ချိုမျက်လုံးများကို…. အားယူကာဖွင့်ကြည့်မိသည်။ လှုပ်ရှားလို့မရအောင်ပင် မခင်ချိုတစ်ကိုယ်လုံး အားအင်များချည့်နဲ့နေလေသည်။ မခင်ချိုနားထဲတွင်… မီးရထားသံကြီးတစ်ခု လွှမ်းမိုးနေ၍ မခင်ချိုအသက်လုပြီး ပြေးနေရ၏။ မခင်ချိုအိပ်နေသော အခန်းဝတွင် လူတစ်ယောက်သည် မခင်ချိုအား သွေးစွန်းပေနေသော ခေါင်းအုံး တစ်လုံးအား လာရောက်ကမ်းပေးနေလေသည်။ မခင်ချို ထိုလူပေးသောခေါင်းအုံးအား မယူဘဲ အော်ဟစ်ကာနေလေ တော့သည်…။ အရာရာသည်အမှောင်အတိဖုံးလွှမ်း၍ မခင်ချိုလွင့်မျောချင်ရာ လွင့်မျောနေမိတော့သည်။ *** *** *** *** လူနာကုတင်နံဘေးတွင် အိပ်ငိုက်နေရင်းနှင့်ပင် မသီတာသူကအဒေါ်ဖြစ်သူအား ကြည့်ရင်းပင် တရားရမိသည်။ “ပညာရှိ သတိဖြစ်ခဲ” ဆိုသလိုပင်… အရာရာတွင် ကိန်းကြီးခန်းကြီးနိုင်လှသောအဒေါ်… ကျန်းမာရေးကိုအလွန်ဂရုစိုက် သောအဒေါ်… အသန့်အပြန့်သဲသဲလှုပ်တတ်သော အဒေါ်…. အရာရာကိုငွေကြေးနှင့် တိုင်းတာတတ်သောအဒေါ်…..မခင်ချို၏ အဖြစ်အပျက်စတင်ရာကာလသည်……။ လွန်ခဲ့သော(၃)လခန့်…… ခွဲစိတ်မှုခံယူတော့မည် “ဆေးစစ်ချက်အဖြေအရတော့…မခင်ချိုရဲ့ သည်းခြေမှာကျောက်တည်နေတာပါ….” မခင်ချိုနှင့် ခင်ပွန်းဖြစ်သူကိုမြင့်စိန်တို့နှစ်ဦး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၏။ မခင်ချိုဝမ်းဗိုက်သည် […]