ယနေ့အေပရယ်ဖူးအရူးများနေ့သည်ကျွန်ုပ်အတွက် အတော်ကြီးပင် ရင်ခုန်လှသောနေ့ပင်ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သောပြောင်းလဲမှုသည် မြန်မာနိုင်ငံတွင်ယနေ့မှပင်စပေတော့မည်……. ၂၀၁၁ မတ်လကပြောင်းခဲ့ပြီဟုဆိုကဆိုနိုင်ပေလိမ့်မည်…… သို့သော်ယနေ့ပြောင်းလဲခြင်းသည် ထိုထက်အဆပေါင်းများစွာသောပြောင်းလဲမှုကြီးများ ရုတ်ချည်းဖြစ်ပေါ်မည့်ပြောင်းလဲခြင်းဖြစ်ပေ၏ ကျွန်ုပ်သည် ဆယ်တန်းအောင်စာရင်းဟုခေါ်ကြသော ဘဝတစ်ဆစ်ချိုးဟုလူအများသတ်မှတ်သည့် အောင်စာ ရင်ကြီးထွက်သည့်နေကပင်လျှင် ယနေ့လောက်ရင်အခုန်ကြီးမခုန်စဖူးပေ……. အောင်စာရင်းကိုပင်ကျကျ အောင်အောင်သွားမကြည့်သည့်လူစားမျိုးပင်ဖြစ်လေ၏။ ကျွန်ုပ်တစ်ခါကချစ်ခဲ့ဖူးသူတစ်ယောက်၏ ပခုံးသား နုနုကိုထွေးပွေ့ခြင်း၊ပါးပြင်တို့ကိုနမ်းခြင်းတို့သည်ပင် ဤမျှလောက်ရင်ခုန်ခဲ့ခြင်းမရှိပါပေ။ ရင်တဒိတ်ဒိတ်ခုန်လျက် ၂၀၁၂ခုနှစ်၏ မတ်လ ၃၁ ရက်နေ့ သမ္မတမိန့်ခွန်းနှစ်ပါတ်လည်နေ့ကြီးကို……… အိပ်စက်ခြင်းမပြုဘဲကုန်ဆုံးစေပြီး ယခု အေပရယ်၁ရက်နေ့ မြန်မာစံတော်ချိန်နံနက်ခုနှစ်နာရီပင်ထိုးချေပြီ။ ရှည်လျားသောညကြီးတစ်ညကို ကျွန်ုပ်ဖြတ်သန်းခဲ့ရလေ၏ လွန်စွာတိတ်ဆိတ်သောညအဖော်မဲ့သောည ကိုကျွန်ုပ်၏ရင်ခုန်သံတို့က တဒိတ်ဒိတ်မည်သံဖြင့်ဖြိုခွင်းလေ၏ အဖော်မဲ့ရသည်ဆိုခြင်းမဤရက်ပိုင်းအတွင်းကျွန်ုပ်၏မိသားစုသည်လည်း ခရီးရက်ရှည်သွားနေကြလေ၏ ကျွန်ုပ်တပ်မက်ခုန်မင်ပျော်ရွှင်ခဲ့ရသည့်ရွာကြီးဖြစ်သော ဂေဇက်သည်လည်း ညခရီးသွားမရှိတိတ်ဆိတ် ငြိမ်သတ်နေပေ၏ ထိုအချိန်တွင်ကျွန်ုပ်ယခင်ကသိနေရသော မြင်နေရသော ကိုယ့်ကိုယ်ကို ရွာစောင့်နတ် ဟုအမည်ပေးထားသည့်နတ်မင်းသည်လည်းမိမိဘုံဗိမာန်တွင် သရည်တဖြန်းဖြန်းစံမြန်းနေလောက်ပြီဖြစ် ၏…. ရွာတွင်ငှားထားသောဒလဝမ်သည်လည်းမိမိတာဝန်အားမထမ်းဆောင်ဘဲ …… ကင်းတဲတွင်ငိုက် မျဉ်းနေလေ၏……. […]