etoneMarch 18, 20111min1724
ရန်ကုန်ပြန်ရောက်လို့ မေးကြည့်တော့မှ အဲ့ဒါ အလောင်းကစားတာလို့ ခေါ်ပါတယ်တဲ့…သံချပ်သီချင်းတွေလည်း ဆိုရပါတယ်တဲ့… ။ အလောင်းကို လူအများကြီး မရတာက အလောင်းကစားတဲ့အချိန်ဆိုရင် အလောင်းကသာမန် အချိန်ထက် အလေးချိန်ပိုများနေလို့ပါတဲ့….. ။ သဂြိုလ်ခါနီးလေ… ပိုလေးလေ ဖြစ်ပါတယ် လူကြီးတွေက ပြောပါတယ် ။ နောက်က ရွာသူရွာသားတွေနဲ့ အသုဘရှူဖို့ လိုက်ပို့တဲ့လူတွေ ၊ အိမ်သူအိမ်သားနဲ့ ၊ ဆွေမျိုးများ စုံနေတာပါပဲ ။ တလမ်းထဲရှိတဲ့ ရွာလမ်းလေး အတိုင်း ရွာထဲကို ကျော်ဖြတ်ရပါတယ် … ။ ခြံဝိုင်းကိုယ်စီမှ အိမ်သားများ အပြင်ထွက်သူက ထွက် ၊ တစ်ချို့ကလည်း ခြံဝိုင်းအတွင်းမှာပင် အလောင်း သယ်ဆောင်လာသည်ကို မြင်သည်နှင့် ထိုင်ကန်တော့ကြပါတယ် … ။ ကျမအတွက် ထူးခြားတဲ့မြင်ကွင်းတစ်ခုပါ … ။ […]


etoneMarch 18, 20111min1705
ကျမ တက္ကသိုလ် တက်တဲ့ နှစ်မှာ ရန်ကုန်က တက္ကသိုလ်ကြီး ဆောက်လုပ်ဆဲ ဖြစ်လို့ … လူပေါင်းသုံးရာက မအူပင် ကွန်ပျုတာ ကောလိပ်မှာ သုံးလ သွားသင်ရပါတယ် … ။ ကံကောင်းလှတဲ့ ကျမ  အဲ့ဒီ လူပေါင်း သုံးရာထဲမှာ တယောက်အပါဝင်ပေါ့… ။ တက္ကသိုလ်ဆိုတာ ရုပ်ရှင်ထဲမှာ မြင်ဖူးတာတော့ သစ်ပုတ်ပင်တို့ ဂျက်စင်တို့ ကန်ဘောင်တို့မှာ လိုက်လျားလိုက်လျား လုပ်လို့ရတာပဲ… အဝတ်စား ဖြူနီပြာဝါ ရောင်စုံ ဝတ်ပြီး မျက်နှာက ကာလာရောင်စုံခြယ်ပြီး စာသင်လို့လည်း ရတဲ့နေရာပေါ့ … ။ အတွဲလေးဘာလေး တွဲချင်လည်း တွဲလို့ ရသေးတယ်လို့ မှတ်တာ …. အခု မအူပင်ဆိုတော့ ဘယ်လိုနေရာမှန်းမသိပဲ စိတ်ထဲ မသွားချင်ပါဘူး ။ […]