Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


မောင် ပေDecember 16, 20111min83840
အမှန်တစ်ကယ် ဆိုလျှင် သူမ ကို ကျွန်တော့် အခန်းထဲ ခေါ်မလာသင့် ။ သူမ သည် စူးစူးရဲရဲကြီး ကျွန်တော့် ကို စိုက်ကြည့်နေသည် ။ ရှုပ်ပွညစ်ပေနေသော ဝတ်ပြီးသား အင်းကျီ ပုဆိုး ဘောင်းဘီ များ သောက်လက်စ ၊ သောက်ပြီးသား ဘီယာပုလင်းခွံများ နှင့် စီးကရက်တိုများ ဖုန်း ၊ ကင်မရာ ၊ ဘောပင် ၊ အေဖိုးစာရွက်များနှင့် ပြည့်နှက်နေသော ကျောပိုးအိတ်တစ်လုံး ရေးလက်စ နှင့် ရေးပြီးသား ကဗျာတိုများ ၊ စာတိုများ ပြည့်နှက်နေသော ကုတင်တစ်လုံး ဘယ်တော့မှ မပိတ်ဘဲထားသည့် တီဗီတစ်လုံးနှင့် ဒီဗီဒီတစ်လုံး ၊ အက်ရှင်ဇါတ်ကားခွေများ အဆိုပါ နေချင်စရာ တစ်စက်မှ မကောင်းသော အခန်းပိုင်ရှင် […]


မောင် ပေNovember 14, 20111min2479
မှတ်မိကြဦးမည်လား ။ မောင်ပေ ၊ ပေါက်ဖော် ၊ ကိုဘီလူး တို ့သုံးယောက် ဦးပိန်တံတား က ရှိုးပွဲ တွင် ဇိမ်ကြနေသည့် အကြောင်း ။ ပေါက်ဖော် က Toilet အသွားဖြင့် ရပ်ထားခဲ့သည်ကို ဆက်ရေးပါမည် ။ အိမ်သာသို ့သွားသော ပေါက်ဖော် တစ်ယောက် ကမန်းကတမ်း ပြန်ပြေးလာသည် ။ “ ဟေ့ရောင်..မောင်ပေ..ဒိန်ညင်းသီး နံ ့မရဘူးလား ” “ ဟုတ်အကို ၊ အကို စားချင်လို ့လား ၊ မှာလိုက်မယ်လေ ” “ ထပ်တေရီး..ဘယ်ကလာ ၊ ငါ့ နှာခေါင်းထဲမှာ ၊ ဒိန်ညင်းသီးစော် နံ လာလို ့ကွ ၊ […]


မောင် ပေOctober 17, 20111min38011
စုံထောက်ကြီး ဦးလန်ဘား တစ်ယောက် ရန်ကုန်သို ့ရောက်နေပါသည် ။ ရွာသာယာ မှ ဦးသာဝ နှင့် ဒေါ်မြ တို ့၏ သီတင်းကျွတ်မင်္ဂလာပွဲ အပြီး ၊ သူတို ့လင်မယား က  ဦးလန်ဘားကို ဘုရားဖူး၊အလည်အပတ်ခရီးအတွက် စပွန်ဆာပေးခြင်း ဖြစ်သည် ။ ရန်ကုန်မြို  ့သို ့တစ်ခါ မှ မရောက်ခဲ့ဖူးသူ ၊ ဦးလန်ဘား အတွက် တွေ  ့သမျှ ၊ မြင်သမျှ အားလုံးထူးဆန်းနေသည် ။ ဘုန်းကြီးလမ်း ရှိ ဦးသာဝ အမျိုးအိမ်တွင် တည်းခိုရသည် ။ ဦးသာဝ အမျိုး ကမ်းကြီး ဆိုသော လူငယ်က ဦးလန်ဘားကို ရန်ကုန်မြို  ့ထဲ အဖော်အဖြစ် လိုက်ပေးသည် ။ […]


မောင် ပေOctober 16, 20111min72227
ခေါင်းစဉ်တပ်ထားသလိုပါပဲ ၊ သူများအကြောင်းလဲ မပြောချင်ပါဘူး ခင်ဗျာ ။ မပြောတတ်တာတော့မဟုတ်ဘူးပေါ့ ။ မပြောတာ အကောင်းဆုံးမို ့မပြောတာပါ ခင်ဗျား ။ သို ့ပေသည့် ၊ ယခုပို ့စ်တွင်တော့ သူများအကြောင်း မဟုတ်တဲ့ ၊အများ အကြောင်း နဲနဲပြောပြချင်ပါတယ် ခင်ဗျား ။ ကိန်းဂဏန်းများဖြင့် အတိအကျ ရေးပြချင်သော်လည်း ၊ ခက်တာက ကိုယ်က အတိအကျ မသိ ။ ရှေးဦးစွာ မြန်မာလူမျိုးတို ့အလှူအကြောင်းကို နဲနဲပြောချင်ပါတယ် ။ မြန်မာလူမျိုးတွေဟာ အလှူဒါန ပြုလုပ်ရာမှ လက်မနှေးကြဘူး ဆိုတာ မြန်မာတိုင်း သိကြပါတယ် ။ အလှူလုပ်ပြီ ဆိုလျှင် လည်း ကိုယ်တတ်နိုင်လျှင် တတ်နိုင်သလို ၊အလှူလာ ဧည့်ပရိသတ်များကို  ကောင်းပေ့ […]


မောင် ပေOctober 10, 20111min93734
ဝမ်းနိုက်ဝမ်းပေါ့ ဘယ်လို ဝမ်းနိုက် လဲ ဆိုတော့ လပြည့်ည ကြီး … ဘယ်လို လပြည့်ညကြီး လဲ ဆိုတော့ တစ်ရွာလုံး ဆူညံနေအောင် ဗြောက်တွေ ဖောက်တဲ့ ဆူဆူပူပူည … ဘယ်နေရာတွေ ဆူပူနေလဲ ဆိုတော့ ရွာရဲ  ့အနောက်မြောက်ပိုင်းတွေ မှာ … ကြာပါပြီလေ…မောင်ပေ တို ့ရွာ ဆူဆူပူပူညံနေခဲ့တာ တွေဟာ ။ ဒီလပြည့်ည မတိုင်ခင် ကတည်း ကို က ၊ ရွာအနောက်မြောက်ပိုင်း က လူတွေ ဗြောက်အိုး အရမ်းဖောက်နေခဲ့ကြတာမလား ။ သက်ကြီးရွယ်အိုတွေ ဆိုရင် နားပူလွန်းလို ့၊ တစ်ခြားကို ခဏပြောင်းရွှေ  ့တဲ့သူလဲ ရွှေ  ့ကုန်ကြတာပေါ့ ။ သူတို ့ဟာ […]


မောင် ပေOctober 9, 20111min4629
ကိုရှီနို ကြယ်ဂေါင်ထဲမှ ဆိုင်ကယ်ငါးစီး ဝယ်လိုက်ရာ တစ်စီးကို နှစ်သောင်းကျပ် ထပ်လျှော့ပေးသဖြင့် ၊ တစ်စီးလျှင် လေးသိန်းရှစ်သောင်းကျပ်သာ ဖြစ်သွားသည် ။ ကျောက်ရောင်းရသော ငွေ မှာ စုစုပေါင်း ၃၂ သိန်း ရှိရာ ၊ ဆိုင်ကယ်ဝယ်အပြီး ၈ သိန်းကျော် လက်ထဲ ကျန်သည် ။ ထို ့နောက် ကယ်ရီသမား ရွှေဘိုသား တို ့အဖွဲ  ့ကို ကယ်ရီခ ပေး ၊ ဆိုင်ကယ် များ အပ်ကာ မန်းတလေး သို ့ပြန်ဆင်းလာခဲ့သည် ။ ကယ်ရီခ နဲ ့ သီးသန် ့ပေးတဲ့ မုန် ့ဖိုး က ခုနှစ်သောင်းရှစ်ထောင် ကျပ် ။ မန်းတလေး […]


မောင် ပေOctober 2, 20111min48414
အဟမ်း..အဟမ်း..အဟမ်း ၊ မင်္ဂလာပါ စာဖတ်သူများ ခင်ဗျား (သည်းခံကြပါ ချစ်လှစွာ ၊ စာဖတ်သူ အပေါင်းတို ့ခင်ဗျား ၊ ဒီရက်ပိုင်းအတွင်း ရွာလိုက်တဲ့ မိုးနှယ် ၊ မစို ့မပို ့လေး ဆိုတော့ နှာစေး ချောင်းဆိုး ဖြစ်နေလို ့ပါ ) ကျန်းမာရေး က သိပ်အလန်းကြီး မဟုတ်ပေမယ့် လည်း ၊ ရေးစရာလေး နဲနဲ ရလာလို ့ ရောက်အောင် လာရေးရပါတယ် ။ ဂေဇက်ဝင် တွေ အတွက် ပြန်ဖောက်သည်ချ ချင်ဇောအားကြီးစွာနဲ ့ လာခဲ့ရပါတယ် ။ ပထမဦးစွာ မန်းဂေဇက် မိုနိုဒိုင်ယာလော့ခ် လို ့ခေါင်းစဉ်တပ်ရခြင်း ကတော့ ၊ ဆရာ ဂျက်ကွမ်းခြံကုန်း […]


မောင် ပေOctober 1, 20111min3175
ဦးသာဝ နှင့် ဒေါ်မြ တို ့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေခိုက်.. သူကြီး ၏ မိန် ့ကြားချက် အရ ဒေါ်မြ မှ စပြောလာသည် ။ “ ဒီလိုပါ တော် .. ” ဒေါ်မြ သည် ရွာသာယာ ရှိ တစ်ခုထဲသော တည်းခိုခန်း ပိုင်ရှင် ။ အသက် ၄ဝ ကျော် အပျိုကြီး ။ တည်းခိုခန်း ဆိုလို ့၊ အကြီးအကျယ် အခမ်းအနားကြီး မဟုတ် ။ ရွာမှာ ဆိုတော့က.. သူမ ၏ ရေနံချေးသုတ် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး  အောက်ထပ် တွင် အခန်းများ ဖွဲ  ့ကာ ၊ ဖွင့်ထားခြင်း ဖြစ်သည် ။ […]


မောင် ပေSeptember 24, 20111min3778
အချိန်ကား..ည ရ နာရီ ကျော်ခန် ့ ။ နေရာကား….မန်းတလေး မိန်းပေါက်ရှိ နာမည်ကြီး  လဘက်ရည်ဆိုင်ရှေ  ့ ။ ချာတိတ် နှစ်ယောက် ၊ လျှို လျှို တိတ်တိတ် ဖြင့် ၊ ဆိုင်တွင်း သို ့ကျီးကန်းတောင်မှောက် ကြည့်နေကြသည် ။ တစ်ယောက် က သူတို ့စီးလာသည့် စူပါကပ် ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုးလိုက်သည် ။ တစ်ယောက် က လဘက်ရည်ဆိုင် အတွင်းသို ့ကြည့်နေဆဲ ။ သူတို ့ဘေးနားတွင် ရပ်ထားသည်မှာ ယာမဟာ အာစတပ် 97 အလန်းလေး ။ ဆိုင်ကယ်ပေါ်မှ တစ်ယောက် က ၊ လက်မထောင်ပြလိုက်သည် ။ အိုကေပြီ ဆိုတဲ့သဘော […]


မောင် ပေSeptember 23, 20111min2545
ကျွန်ုပ် မောင်ပေ တစ်ယောက် ၊ မန်းဂေဇက် သို ့ဝင်ကာ ၊ အက်နယူးပို ့စ် ကို ခေါ်ပြီး သကာလ.. ဘာရေးရင် ကောင်းမလဲ ဟု ထိုင်စဉ်းစားရင်း… မောင်ပေ တို ့၁ဝတန်းအောင်ကာခ ၊ လူငယ်ဘဝ ကို ပြန်သတိရမိသွားသည် ။ ကဲဗျာ…ပြောတော့မယ်နော် ၊ ခင်ဗျား တို ့တားလည်း..အို ဘာတဲ့… ဒီလိုဗျ ။ အရင် ဝိုင်တူးကေ တုန်းကပေါ့ ။ သက္ကရာဇ် ၂၀၀ဝ ခန် ့က ပေါ့ ။ မန်းတလေး မြို  ့ဆိုတာ ၊ မြန်မာနိုင်ငံ ရဲ  ့ဒုတိယ မြို  ့တော် လို ့သမုတ်ခဲ့ကြတာပေါ့ ။ […]


မောင် ပေSeptember 22, 20111min39414
အမှာစာ ။  ။ ဆရာသုမောင် ၏ ကွမ်းစကား စာအုပ်များ ကို ဖတ်ဖူးကြမည် ဟု ထင်ပါသည် ။ မန်းတလေး ဂေဇက် ရှိ မောင်ပေ့ တင်ခဲ့သမျှ ကွမ်းပို ့စ်များမှာ လည်း ၊ ဆရာသုမောင် ကို လေးစားအားကျပြီး အတုခိုးရေးထားသားခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ပါသည် ။ ယခုရေးတင်သည် ပို ့စ်မှာလည်း ၊ တပ်စရာ ခေါင်းစဉ် ခက်နေပါသဖြင့် ၊ ကွမ်းပိုစ် ဟု တပ်လိုက်ပါသည် ။ ကျွန်တော် ချစ်ခင်၊လေးစား၊အားကျရပါသော ဆရာသုမောင် တစ်မောင် တစ်ယောက် ကောင်းရာသုဂတိ မှ ၊ ကောင်းရာဘုံ မှ နေ၍ မောင်ပေ့အား တပည့်တစ်ယောက်တိုးပြီဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါစေ […]


မောင် ပေSeptember 20, 20111min56218
ဒီစာကို မရေးခင် ကိုကြောင်ကြီး ကို လန် ့တယ် ဗျ ။ ကျွန်တော့် စာကို ဖတ်ပြီးရင် “ လွှတ်တော် ကို သွားတိုင် ” လို ့ပြောမှာ သိနေလို ့ပါ ဟဲဟဲ….. လွှတ်တော် ကို ဘယ်လို တိုင်ရမလဲ မသိဘူး ။ ကျုပ်ရေးမယ့် ကိစ္စ က လွှတ်တော် တိုင်ရလောက် တဲ့ အထိ လဲ မဟုတ်ဘူး ဗျ ။ ဘဏ်တွေမှာ ချစ်စရာကောင်းအောင် အလုပ်လုပ်ကြပုံလေး တွေ ၊ လေးစားစရာ အပြုအမူ လေး တွေ ၊ ထပ်သွားပြီးရင်း သွားချင်လောက်အောင် ကို ဝန်ဆောင်မှု ကောင်းပုံလေး တွေ ကို […]


မောင် ပေSeptember 19, 20111min2294
ယောက်ျားတစ်ဦး မော်တော်ဆိုင်ကယ် စီးလာသည် ။ ဆိုင်ကယ် မှာ ဂျပန်နိုင်ငံ လုပ် ၊ ယနေ ့ပေါက်ဈေး သိန်း၅ဝ ကျော် တန် ဖြစ်သည် ။ ဆိုင်ကယ် အပ်နှံရာ ၊ ရပ်နားရာ နေရာသို ့ရောက်သောအခါ စက်ရပ်ပြီး သူ ့ဆိုင်ကယ် ကို ထိုးလိုက်သည် ။ ဆိုင်ကယ် ပေါ်မှ ဆင်းပြီး ၊ ဆိုင်ကယ်စီး ဦးထုပ် ကို ချွတ်သည် ။ ဆိုင်ကယ် စတန်းစောင့် ဝန်ထမ်းကို သေချာ မှာနေသည် ။ သူ ့ဆိုင်ကယ်ဦးထုပ် မှာ တန်ဘိုးကြီးသည့် အတွက် သေချာစွာ ထိန်းသိမ်း စောင့်ရှောက်ပေးရန် အထပ်ထပ် မှာကြားသည် ။ သူ […]