အိပ်ရာကနိုးလာပေမယ့် လူက ကြည်ကြည်လင်လင်မရှိပဲ ထိုင်းမှိုင်းနေသည်။ ညက ဧည့်သည်တွေ တော်တော်နဲ့မပြန်ကြ ….. မနက်(၃)နာရီလောက်မှ ပြန်သွားသဖြင့် မနက်ကို နေမြင့်အောင်အိပ်လိုက်သည်။ သူမတို့ကို မုန့်ဖိုးများများ ပေးနေသည့် ဆိုင်ကို လာနေကျ တရုတ်ပေါက်ဖော် သူဋ္ဌေးနှင့်သူ့အပေါင်းအသင်းများဖြစ်သဖြင့် သူမတို့ လဲ မငြိုငြင်ရဲပေ…အစွမ်းကုန်ပြုစုနိုင်လေ မုန့်ဖိုးများများရလေ…. သူတို့လို ယောကျာ်းမျိုးများများလာလေ ဆိုင်မှသူဋ္ဌေးအပါအဝင် သူမတို့က ကြိုက်လေပင်… အဓိက ကတော့ဆိုင်ပိုင်ရှင် သူဋ္ဌေးပေါ့…သူမတို့ကတော့ ဧည့်သည်ကသက်သက်ပေးသည့် မုန့်ဖိုးရမှသာ အူစိုနိုင်သည်။ ဆိုင်က ရသည့်လခနှင့် ကော်မရှင်ခ ကတော့ သန်လျှင်မှာ နေသည့် ပန်းနာရောဂါသည်အမေ နှင့် အရွယ်မရောက်သေးတဲ့မောင်လေး အတွက် ရသမျှပို့လိုက်တာ များသည်။ သူမအတွက်က ဧည့်သည်ဆီမှ ရသည့် သီးသန့်ရသည့် ပိုက်ဆံနှင့်သူမအတွက် ရပ်တည်ရသည်။ ရသလားဆိုတော့ တခါတလေလည်း မြိုးမြိုးမြက်မြက် […]