lu ta loneMay 5, 20101min32511
ဒီသတ္တဝါကိုကြည့်ပြီး ထင်မြင်ချက်ပေးဖို့ရာ ခက်ခဲလှပါတယ် ။ ကျွန်တော်တို့အတွက် တွေ့ဖူးသမျှ သတ္တဝါတွေ ထဲမှာ အဆန်းဆုံးလို့ ပြောရမှာ ဖြစ်ပါတယ် ။ အရှင်းဆုံးပြောရရင်တော့ ဒီဟာ ဘာကောင်လဲဆိုတာ ခန့်မှန်းဖို့ ကျနော် မတွေးတတ်ပါဘူး ။ ဒီတော့ ဒီသတ္တဝါဟာ အဖြေတက် မေးခွန်းတွေ ပိုများလာစေမယ့် သတ္တဝါပဲ ဖြစ်ပါ တယ် ။ ရရှိတဲ့နေရာကတော့ ထိုင်းနိုင်ငံ ကျေးရွာလေးတစ်ရွာကလို့ သိရပါတယ် ။ ဒေသခံတွေကတော့ နတ်ရိုးရာ ယုံကြည်မှုရှိသူတွေပီပီ ဒီသတ္တဝါကို လာဘ်လာဘတိုးပွားစေတဲ့အဆောင်အဖြစ် ပူဇော်ပသ နေကြ တာကို လည်း တွေ့မြင်နိုင်ပါတယ် ။ အသက်ရှိတဲ့ သက်ရှိသတ္တဝါလို့ ယူဆတဲ့အတွက် ပန်ကာ ဖွင့်ပေးထားပြီး အမျိုးမျိုးသော ဆုတောင်းမှု တွေပြု လုပ်ကြတဲ့အတွက် လာရောက်လေ့လာသူတွေနဲ့ စည်ကားလျှက်ရှိတယ်လို့ […]


lu ta loneMay 5, 20101min28410
window 7 မှာ ပါတဲ့ အထဲက ကျွန်တော်သဘောကျတဲ့ တစ်ချက်ကတော့ ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် . အသုံးပြုနည်း (၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ . (၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ . (၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင် Headset microphone , Desktop microphone, other ဆိုပြီးတော့ […]


lu ta loneMay 5, 20101min2095
Yahoo, Hotmail, Aol အစရှိသည့်မေးလ်အသုံးပြုသူများ ဒီသတင်းဟာယနေ့မနက်တွင် Microsoft နှင့် Norton တို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့ Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့် ချက်ချင်း delete လုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer screen တွင် It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏ PC မှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော […]


lu ta loneMay 5, 20101min2075
ဒူးရင်းကို ပုံမှန်အားဖြင့် အဝါရောင် အသားနဲ့သာ တွေ့ကြရ ပေမယ့် မလေးရှားနိုင်ငံ အရှေ့ပိုင်းဆာဘာ့ပြည် နယ်မှာ အနီရောင် အသား နှင့် ဒူးရင်းသီးမျိုးစိတ်သစ် ၈၆ လုံးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တောရိုင်းဒူးရင်းသီးလို့ အသိများကြတဲ့ အနီရောင် အသား နှင့် ဒူးရင်းသီးဟာ ဆာဘာ့ပြည်နယ် တောထဲမှာအလေ့ကျ ပေါက်နေ တာဖြစ်ပါတယ်။ အမြွှာကြီးကြီး ၊ ခရင်မ်အရသာ အပြည့်ပါတဲ့ ပုံမှန် စိုက်ပျိုးထုတ်လုပ်နေတဲ့ ဒူးရင်းသီးတွေ ထက်စာရင် အနီရောင် အသားပါတဲ့ ဒူးရင်းသီးဟာ အမြွှာလည်းသေး၊ ခြောက်သွေ့တဲ့ ပုံစံမျိုး ရှိတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ ဒူးရင်းသီးတွေ ဈေးနှုန်း ဟာ ၂ ရင်းဂစ်ကနေ ၃ရင်းဂစ် ( အမေရိကန် ဒေါ်လာ ဝ.၅ရ မှ […]


lu ta loneMay 5, 20101min1905
ယခုနှစ်တွင် ရာသီဥတုပူပြင်းပြီး မိုးမရွာသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသ အင်းလေးကန်အတွင်းရှိ အင်းလေးဖောင်တော်ဦးဘုရားဝန်းကျင်တွင် စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်လျက်ရှိ ကြောင်းဒေသခံများထံမှ သိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရား ဝန်းကျင် ရေခန်းခြောက်မှုရှိခဲ့သော်လည်း ဘုရားခြေတော်ရင်းလှေကား ထစ်လှေဆိပ်အထိ စက်လှေ မော်တော်များ သွားလာနိုင်ပြီး ရေကျ၍ ကုန်းပေါ်လာမှုကြောင့် စက်လှေပေါ်မှဆင်းပြီး ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရန် ပေ ၂ဝ မှ ပေ ၄ဝ အထိသာ လမ်းလျောက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ”အင်းလေး ကန်မကြီးတစ်ခုလုံးပဲ ခန်းခြောက်ကုန်တယ် ပြောနေကြလို့ ကိုယ်တိုင်အင်းထဲကို ဆင်းပြီး လာကြည့်တာပါ။ ရာသီဥတုပူပြင်းပြီး မိုးမရွာလို့ ကန်မကြီးမှာ ရေချိန်ပေ တော်တော်ကျသွားပေမယ့် အလျားငါးမိုင်၊ ခြောက်မိုင် အနံ နှစ်မိုင်၊ သုံးမိုင်လောက် ကျယ်တဲ့ […]


lu ta loneMay 5, 20101min60336
၁။ ပိုက်ဆံအချေးခံရသက်သာခြင်း ၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။ ၃။ ဆေးလိပ်၊ဘီယာ ကဲ့သို ့သော အနံ့ဆိုးများမှ သက်သာခြင်း။ ၄။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..) ၅။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။ ၆။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။ ၇။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊ ဘ ီယာဆိုင်တကာလိုက်ရှာရခြင်းဒုက္ခ မှ ကင်းဝေးခြင်း။ ၈၊ အွန်လိုင်းခ ၊ ဖုန်းခများသက်သာသဖြင့် အလိုရှိရာအသုံးအဆောင်ပိုဝယ်ယူနိုင်ခြင်း။ ၉ ။ယောက်ျားလေးသူငယ်ချင်းများဖြင့် လွတ်လပ်စွာ (စိတ်သန့်သန့်ဖြင့်)ပေါင်းသင်းသွားလာနိုင်ခြင်း။ ၁၀။ကိုရီးယားမင်းသားနှင့်တူသောကောင်ချောလေးများကိုတရားဝင်ပေါ်တင်ငေးမောကြည့်ရှုနိုင်ခြင်း။ ( အဟိ…..) ၁၁။ ဟိုလိုမဝတ်နဲ့ဒီလိုမဝတ်နဲ့၊ ဟိုလိုဝတ် ဒီလိုဝတ် စသဖြင့်ဆရာအလုပ်ခံရခြင်းမှကင်းဝေးခြင်း။ […]


lu ta loneMay 5, 20101min1231
မီးနေခွင်ဝယ် နာကျင်ပြင်းပြ၊ ဆိုငိုတ၏၊ ထိုမှတဖန်၊ တအားသန်၍ အားမန်ကဲမောက်၊ ချွေးပေါက်ချွေးသီး ယိုစီးပြိုက်ပြိုက်၊ သူအားစိုက်သည် တိုက်စကြာဝဠာ ခါလောက်၏။ ဝေဒနာနှင့် ငါတကားဟဲ၊ သည်လွန်ပွဲဝယ် အူဝဲသံလွင့်၊ ခွန်ချိုဆင့်သော် မိခင်မျက်နှာ၊ ထိန်ထိန်သာသည် သော်တာငွေလ ရှုံးလောက်၏။ From: (ညွန့်ဝေ-ကသာ)


lu ta loneMay 4, 20101min2867
“လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး” သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။ Belief (ယုံကြည်ခြင်း) အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ Care (ဂရုစိုက်ခြင်း) တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ “အလုပ်ပင်ပန်းလား?”ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို “မိုးအေးပြီနော်… အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်”ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။ Devoted (သစ္စာခိုင်မြဲသည်) လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။ Enjoy (ကျေနပ်စွာခံစားသည်) တစ်ဘက်သားရဲ့အရာအားလုံးကို […]


lu ta loneMay 4, 20101min67114
နာဆာမှ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ Stephen Hawking ဟာဂြိုလ်သားများရှိတယ်ဆိုတာပြင်းပြင်းထန်ထန်ယုံကြည်ထားသူတစ်ယောက်ဖြစ်ပြီးကမာ္ဘကြီးဟာ ထိုဂြိုလ်သားများရဲ့ ကျူးကျော်မှု့ကို ခံရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ မှတ်တမ်းမှတ်ရာများအရ အကျိုးအကြောင်းစပ်ဆက်ပြီး အာကာသ ဆိုင်ရာ နာမည်ကျော် သိပ္ပံပညာရှင်ကြီးဟာ စကြာဝဠာရဲ့ တစ်နေရာမှာ အသိဉာဏ်ရှိတဲ့ သတ္တဝါတွေရှိတယ်လို့ဆိုပါတယ်။ ထို သတ္တဝါ (ဂြိုလ်သား) တွေဟာ ကမာ္ဘရဲ့ ကောင်းမွန်းတဲ့ အရင်းအမြစ်တွေကို လိုခြင်မှု့ကြောင့် ကိုလိုနီလုပ် နယ်ချဲ့လာနိုင်တာဖြစ်တယ်လို့အခိုင်းအမာပြောဆိုခဲ့ပါတယ်။ Hawkingကကျွန်တော့် စိတ်ကူးနဲ့ စဉ်းစားကြည့်တာ ထိုသတ္တဝါတွေမှာ လဲ ကြီးမားတဲ့ ယာဉ်တွေရှိပြီး လောလောဆယ်တော့ သူတို့ ဂြိုလ်ကထွက်တဲ့ အရင်းအမြစ်တွေကိုသာ သုံးစွဲနေတုန်းဖြစ်ပါတယ်။ ထိုသတ္တဝါတွေဟာ ဒါထက်ပိုအဆင့်မြင့်ပြီးရေကြည်ရာမြက်နုရာ နေရာတွေကို သိမ်းပိုက်ရင်းနဲ့ ကျွန်တော်တို့နေထိုင်ရာကမာ္ဘကို ရောက်ရှိပြီး သိမ်းပိုက်လာနိုင်ပါတယ်။ တကယ်၍ ထိုသတ္တတွေဟာကျွန်တော်တို့ဆီကို အမြဲတမ်း လာနေခဲ့မယ်ဆိုရင်ရလာမဲ့အကျိုးကျေးဇူးကတော့ ဘာနဲ့တူမလဲဆိုရင် ခရစ္စတိုဖာ […]


lu ta loneMay 4, 20101min2028
(ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအတွက်သာ) ဒါကတော့ သတင်းကြားကြားချင်း အသိပေးလိုက်တာပါ . အခု ဒီနေ့ကစပြီး နောက်ထပ် တစ်လ နှစ်လအတွင်း ထိုင်းနိုင်ငံနေရာအနှံကို microsoft company မှ ဝန်ထမ်းများနှင့် ထိုင်းရဲတပ်ဖွဲ့များ တိတ်တဆိတ် လိုက်လံစစ်ဆေး နေပါတယ် . window 7 ကို လိုင်စင်မဲ့ တင်မည့်သူများ သတိတော့ထားပါ . တစ်ချို့ အင်တာနက် ဆိုင်တွေမှာ လုပ်နေကြတဲ့ မြန်မာများ လက်တည့်စမ်းချင်သော အားဖြင့် သွားပြီးတော့ မိမိလုပ်တဲ့ ဆိုင်တွေရဲ့ pc တွေမှာ ဒီ window 7 ကို သွားပြီး မတင်လိုက်ကြပါနဲ့ . တစ်ခါတည်း ဂိပီး တရားရုံးကိုပါ ရောက်သွားနိုင်ပါသည် . အစကတည်းက တဆိတ်ရှိ တစ်ခုခုဖြစ် […]


lu ta loneMay 4, 20101min2313
စစ်ရှူံးစဉ်လည်း ဒါနကို မမေ့ မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏ သာသနာ ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံး ဖြစ်၏။ ထိုမဟာရာဇာသည် ညီတော် တိဿနှင့် စစ်ဖြစ်၍ စစ်ရှူံးခိုက် မြင်းတစ်စီး၊ အမတ်တစ်ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာ ဆာလောင်နေစဉ် အမတ်၏ တစ်ယောက်စာပွဲတော်ကို (မြင်း၊ အမတ်၊ မိမိတို့အပြင် လှူဖို့ပါ) ၄ စု ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြွေးကြော် ပင့်ယူလေသည်။ အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက်လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့အစုကိုပါ အားလုံး လှူလိုက်ကြလေသည်။ နတ်ရွာစံခါနီး၌ကား မိမိ၏ အလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး၊ ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို […]


lu ta loneMay 4, 20101min1995
ကလေးစိတ်အကြောင်းကို စရေးဖြစ်တာကတော့ တနေ့က အစ်မတစ်ယောက်နဲ့ Gtalk မှာ စကားပြောနေတုန်း ကျွန်တော်က သူ့ကို ဆရာဝန်တွေမှာ ကလေးစိတ်ရှိဖို့ လိုအပ်တယ်လို့ ပြောလိုက်တယ်။ သူက အံ့ဩပြီး ကလေးစိတ်ဝင်နေရင် သူငယ်ပြန်မှာပေါ့ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က အဲဒါကို ပြောတာမဟုတ်ဘူး။ ကလေးတစ်ယောက်ရဲ့ စူးစမ်းတတ်တဲ့ စိတ်ဓာတ်ကို အသက်ကြီးသွားလည်း လက်မလွှတ်လိုက်ဖို့ လိုတယ်ဆိုတာကို ပြောတာလို့ ပြန်ပြောလိုက်တယ်။ အဲဒီ ကလေးစိတ်နဲ့ ပတ်သက်ပြီး စာရေးချင်တာနဲ့ အခု ဆောင်းပါးကို ရေးလိုက်တာပါ။ ကလေးစိတ်ဆိုတာ ဘာကို ပြောတာလဲ။ ကျွန်တော်တို့ လူရယ်လိုု့ ဖြစ်လာပြီး အသက် ၂ နှစ် အရွယ်ဝန်းကျင်လောက်ကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ ဘာကိုမှ မသိဘူး။ မသိတဲ့အတွက်လည်း အရာရာကို သိချင်တယ်။ […]


lu ta loneMay 4, 20101min920
အောက်ခြေလွတ်နေတဲ့ ငါ… ဘယ်အခါမှ (ဖုတ်ခနဲ) ပြုတ်ကျမယ် မသိ… ပါးပါးလေး ချစ်မိတောင် ဒီလောက်ထိလွတ်နေရင်… များများလေးသာ ချစ်ခွင့်ရရင် ဘယ်လောက်များ လွင့်ထွက်(မိ) မလဲ … ငါမသိ… ကောင်မလေးရေ… မင်းနဲ့ ဝေးကွာမှု    အသက်ရှုမှု ခဏရပ် ဘယ်ဘက်မှာ ရပ်မလဲ… မမေးပါနဲ့ ငါ ဘယ်အကွက်ကို ရွေးမလဲ မင်းသိပါတယ်… ရင်နဲ့ ရင်းတဲ့   ချစ်ပျိုးပင်လေးကို နှလုံးသွေးမြေဆီ   မျက်ရည်အာပေါဓာတ် လိုအပ်ရင်   အသက်နဲ့ ခန်ဓာပေး သူလေးသာဖြစ်ထွန်းရင်   ငါ..နစ်မွန်းပါစေတော့….