lu ta loneMay 4, 20101min1210
အောင်မြင်ခြင်းရော  ရှုံးနိမ့်ခြင်းရော ရလာဒ်တခုပါပဲ… အဲဒါကို လက်ခံနိုင်ရင် ရောင့်ရဲတယ်လို့ ခေါ်နိုင်မယ်ထင်တယ်… အတိတ်ကံ  ဝဋ်ကြွေးဆိုတာတွေကြောင့်လို့ အရှုံးကို စောဒကတက်ရင် ပြောရင် မှားတယ်… ခံယူစိတ်နဲ့ပဲ ဆိုင်တယ်… တခါတရံ ရောင့်ရဲခြင်းက စိတ်ချမ်းသာမှု ( ဝါ ) ကိုယ်ကျန်းမာမှု အတွက် သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတလက်ပဲ… မှတ်တိုင် တခုခု… (ဝါ) ဥပမာကောင်း တခုခုဖြစ်ခဲ့လည်း…မဆိုးပါဘူး…. လောကကို ကောင်းကျိုးပြုခဲ့တာပဲပေါ့….


lu ta loneMay 4, 20101min1371
လူတိုင်းမှာ… မက်ချင်တဲ့ အိမ်မက်တခုတော့ အနည်းဆုံး ရှိပါလိမ့်မယ်… မက်ခွင့် မရနိုင်တဲ့ မက်ခွင့် မရတော့တဲ့ အခြေအနေဆိုတာလည်း ရှိလိမ့်မယ်… ကြိုးစားရင် ရတာပဲ (ဝါ) Nothing Is Impossible…ဆိုတာ လူကို ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုပါပဲ… လုပ်ယူရင်ရော…? လုပ်ယူလို့ မရနိုင် မဖြစ်နိုင်တော့ရင်ရော…? အိမ်မက်ကို ဝိုင်တခွက်နဲ့ နှိုင်းရင်… နှစ်ချို့ရင် တန်ဖိုး အရမ်းမြင့်သွားမှာပေါ့…. ဒါပေမဲ့.. ယစ်မူးပြီး နောက်ဆုံးရူးသွားအောင်လည်း စွမ်းတယ်… အိမ်မက် Tempo အမြင့်ဆုံးကို မရနိုင်ရင်တောင်… အိမ်မက် ကမ်ဘာအသေးစားလေးတော့ သဲနဲ့ရအောင် ဆောက်ပြပါရစေ…


lu ta loneApril 30, 20101min2213
သာဂဒိုး (၁၉၂၆-) ၁၉၂၆ – ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ဒါးကကြိမ်ချောင်း၊ ဖျာတန်းရွာ၌ အဖ-ဦးဆိုင်၊ အမိ-ဒေါ်မေညွန့်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးတင်စိုးဖြစ်သည်။ ၁၉၂ရ – တစ်နှစ်သားအရွယ်တွင် မိဖများကွယ်လွန်သွားသဖြင့် မိဘမဲ့ဖြစ်ခဲ့ရ။ ဒုက္ခရောက်ခဲ့သည်။ ဦးလေး၊ အဒေါ်တို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရ။ ဘုန်းကြီးကျောင်းတွင် စာသင်ခဲ့ရသည်။ ၁၉၃၆ – ၃၈ – (၁၀)နှစ်သားအရွယ်ကပင် ဘဝဝမ်းရေးအတွက် လှေလုပ်သားအဖြစ် လှေလိုက်ခဲ့ရသည်။ လှေ လိုက်ရင်းဖြင့် စာအုပ်ဟောင်းရောင်းသော လှေများနှင့်ပေါင်းမိကာ စာအုပ်များဖတ်ခဲ့ရသည်။ ထိုသို့ စာဖတ်ခွင့် ကြုံပြီး စာအုပ်များဖတ်ခဲ့ရာမှ စာပိုမိုတတ်ချင်၊ စာရေးချင်စိတ်များ ဖြစ်လာခဲ့ရသည်။ စာရေးဆရာလုပ်လျှင် ထမင်း ငတ်မည်ဟု ကြားဖူးသဖြင့် ထမင်းမငတ်စေရန် အိမ်ဆောက်၊ အိမ်မိုး၊ လက်သမားအတတ်၊ ထွန်ထယ် […]


lu ta loneApril 30, 20101min2285
… ဝိပဿနာကို ယခုနေအခါ ဟောတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဟောပုံချင်းကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။ အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ်တွေ ဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။ ဘုန်းကြီးကတော့ အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ် မဂ်ဖိုလ်ဉာဏ်အစစ် ဖြစ်တာကို ကိုယ်တိုင်တွေ့ ဖြစ်စေနိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်တရားကို ဟောနေပါတယ်။ ယခု အဲဒီ လုပ်ငန်းစဉ်တရားကို ဟောရမယ်။ အခြေခံ ဂါထာတစ်ပုဒ်ကို ရှေးဦးစွာ ရွတ်ပြရမယ်။ သတ္တိသုတ် (သံယုတ်ပါဠိ၊ ပဌမ ၁၂) သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။ ကာမရာဂပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။ ဒါက အမည်ဖော်ပြမထားဘဲ ‘အညတရာ ဒေဝတာ’ဆိုတဲ့ […]


lu ta loneApril 29, 20101min85226
အမေ – လူထုဒေါ်အမာ က ကလျာမဂ္ဂဇင်း မှာ ပြောထားတာလေးကို မြန်မာမိန်းခလေးများ သတိပြုမိစေဖို့ ပြန်လည်ရေးသားပေးလိုက်ပါတယ်။ အမေပြောခဲ့တာက ဒီလိုပါ – မြန်မာမတွေရဲ့ အမျိုသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ ဝတ်စုံအဖြစ်သတ်မှတ်ရဦးမှာပါပဲ။ ဟိန္ဒူအမျိုးသမီးများကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့အမျိုးသားဝတ်စုံပါပဲ။ ဒါဟာ အခုပြသနာလုပ်နေရတယ်။ အမျိုးသားဝတ်စုံရှိနေချင်သေးလား၊ မရှိချင်တော့ဘူးလားဆိုတာကို ငြင်းခုန်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ် တက်လူမိန်းကလေးတွေက ခါးမှာထမီမဝတ်ကြတော့ဘဲနဲ့ စကတ် တို့ ၊ ဘောင်းဘီ တို့ ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီ မဟုတ်ပဲနဲ့ ထဘီယောင်ဆောင်ထားတဲ့ အဝတ်တမျိုးပါ။ သူက ခါးပေါ်မှာတော့ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထားဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။ […]


lu ta loneApril 29, 20101min2093
စက်ကို မဖြစ်မနေ Format ရိုက်ရတော့မယ်… Driver လည်း မရှိဖြစ်နေသော သူများအတွက် ရည်ရွယ်ပါတယ်… လူတလုံးတော့ ဒါပဲသုံးတယ်… အဆင်မပြေတာရှိရင် ပြောပါ… အောက်မှာ Software Download Link ပေးထားပါတယ်… http://www.4shared.com/file/rTfNsZlX/drvgenpro.html


lu ta loneApril 29, 20101min1944
သူက ဘာတွေ Problem ပေးလဲဆိုတော့… Windows ထဲကို ဝင်တဲ့ Password ကို မသိတော့အောင်လုပ်တာ… ကိုယ်ပေးထားတဲ့ Password မဟုတ်တော့ပဲ… ပြောင်းသွားသလို လုပ်တာ… တကယ်တော့ မပြောင်းဘူး… အဲသလိုနဲ့ Windows ထဲကို ရောက်တယ်ဆိုရင်ပဲ… အောက်က Link ထဲက ဟာကို Download ဆွဲ… Run သာပေးလိုက် .. အိုကေပြီပဲ… အဆင်မပြေရင် ပြောပါ… ပြန်ဖြေပေးပါ့မယ်… Download Link: http://www.4shared.com/file/PiZsbO58/ClearNargizVirus.html


lu ta loneApril 28, 20101min57323
ဆရာကျင်ဟာ ဆီဆုံတွေလုပ်ပြီးရောင်းတယ်။ တစ်ရက်တော့မြို့ပေါ်က မှာထားတဲ့ ဆီဆုံတစ်ခု ပို့လိုက်တယ်။ ဆီဆုံပို့ပြီး ငွေယူရအောင်သွားတော့ ဆီဆုံဝယ်တဲ့ မြို့ပေါ်က လင်မယားက မတန်တဆ ဈေးနှိမ်တယ်…ဒါကြောင့် ကတောက်ကဆ စကားပြောရတာပေါ့ ။ ဒါပေမဲ့ ဆရာကျင်ဘက်ကမှန်တော့ တန်ဘိုးအပြည့်အဝရတယ်။ ဗုဒ္ဓဘာသာတွေ ထုံးစံအတိုင်း ပိုက်ဆံရှင်းပြီးတော့ အိမ်ရှင်လင်မယားက ဆရာကျင်ကို ထမင်းကျွေးတယ်။ ဆရာကျင်ကလည်း ထုံးစံအတိုင်း သရဏဂုံလေးဆောက်တည်ပြီး ပထမထမင်းလုပ် ဝါးပြီးမျိုချတယ် အဲဒီမှာတင် ထမင်းလုပ်ဟာ လည်ချောင်းဝမှာ တစ်နေတယ်။ ဒါအန္တရာယ်ပဲလို့ သူ့စိတ်က အလိုလိုသိတယ်။ ဒါနဲ့ အိမ်အပြင်သွားပြီးတော့ အာခေါင်ကို လက်နဲ့ လက်ညိုးထိုးအန်ချလိုက်တော့ ကြွက်အသေကောင်ကြီးထွက်လာတယ် ဒါစုန်းပညာနဲ့သူ့ကို သေအောင်သတ်တာပဲလို့သိလိုက်တယ်။ ဒါပေမဲ့ ဆရာကျင်ကမသေဘူးလေ။ အိမ်ရှင်လင်မယားကလည်း မျက်နှာပျက်နေတယ် သူတို့လုပ်ထားတာကို။ ဒါနဲ့ဆရာကျင်က ထမင်းဆက်မစားတော့ပဲ ရွာပြန်လာတယ်။ နောက်နေ့ကျတော့ အဲဒီအမျိုးသမီးက […]


lu ta loneApril 28, 20101min3286
အပျိုကြီးများ၏အားသာချက်များ တစ်ကိုယ်ရေနေထိုင်မှု၏ အားသာချက်များ အပျိုကြီးတို့ကို “ဖက်လုံးအဖော်ပြုသူ” “တိရစာ္ဆန်ထိန်းကျောင်းသူ” “အထီးကျန်သူ” စသည်ဖြင့် ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြသည်။ ယင်းအားသာချက်များမှာ- (၁) ရုပ်မြင်သံကြားကြည့်ပါက remote control လုစရာမလိုခြင်း။ (၂) နံစော်သောအဝတ်အစားများကို လျှော်စရာမလိုခြင်း။ (၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။ (၄) ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း။ (၅) တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုုခြင်း။ (၆) ‘ဘာဝတ်မှာလဲ’ ‘ဒါလေးဝတ်ပါလား’ ဟုနေ့စဉ် ပြောစရာမလိုုခြင်း။ (၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။ (၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။ (၉) စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။ (၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူတစ်ဦးဦးကို […]


lu ta loneApril 28, 20101min4549
ကိုယ်တွေ့ပါဗျာ… လူတလုံး ဘုန်းကြီးဝတ်ပြီး ထွက်လာတော့ တော်တော်ကို ဝ လာတာဗျ… ပေါင်ကို ၁၃၆ ဖြစ်နေတာ… ဗိုက်ကလဲ ထွက်လာတယ်… တချို့ဆို မထီလေးစားဆက်ဆံလာတယ်… ဘယ်တော့ မွေးမှာလဲ… ကလေးအဖေကျနေတာပဲတို့… လူများက နှာတဇျားသာအောင် တော်တယ်… နင်ကျတော့ ဗိုက်တလုံးသာအောင် တော်တယ်ဆိုပြီး… အဲဒါနဲ့ လူတလုံးလဲ တင်းပြီး… ပိန်အောင်လုပ်လိုက်တာ… ၃ ၄ ၅ ရက်မှာပဲ  ၅ ပေါင်လောက်ကျသွားတယ်… ဗိုက်ကတော့ သိသာတယ်ဗျ… လုပ်နည်းက လွယ်တယ်… မနက်ပိုင်းကို Soft ဘဲ စားတယ်… မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ် တပွဲလောက်ပဲ… အရင်ကဆို လူတလုံးက ထမင်းကြမ်းနဲ့ ကြိတ်နေကျလေ… လက်ဖက်ရည်တော့ ထပ်မသောက်နဲ့ … ဒီလောက်စားရင်တော်ပေါ့… နေ့လည်စာတော့ ဝ အောင် […]


lu ta loneApril 28, 20101min1914
ကဆုန်လပြည့် ဗုဒ္ဓနေ့ သန္ဓေယူခါ၊ ဆယ်လကြာသော် မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ ကဆုန်လပြည့်၊ သောကြာနေ့ဝယ် ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို။ (ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး) +++++ မဟာသက္ကရာဇ် ၆၈ ခု ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့ ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။ နတ်တို့၏ နန္ဒဝန်ဥယျာဉ်နှင့် အသွင်တူ၏။ အရွယ်နုပျို လူထိုထို၏ စိတ်ကို ဖောက်ပြား ချောက်ချား တုန်လှုပ်စေနိုင်သော၊ ပန်းမျိုးစုံ ပန်ဆင်၊ ပုတီးနားဍောင်းတို့ ဆင်ယင်၊ သွယ်ပျောင်းသော ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးငယ်ကို […]


lu ta loneApril 28, 20101min1846
အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း လာတယ်လို့ ထောက်ခံထားကြတာပါ ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။ ၁။ နတ်သမီးအနမ်း ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို ခေါ်တာပါလို့ပြောကြပြန်တယ်။ ၂။ ပါးပြင်အနမ်း နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့ နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။ ချစ်သူချင်းဆိုရင်တော့ ‘မင်းကို တကယ်ချစ်တာပါ’လို့ ပါးစပ်ကမပြောဘဲ အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း […]


lu ta loneApril 28, 20101min1852
နောက်တာနော်… လူတလုံးလဲ ကတုံးနဲ့ပါ… ဒါပေမဲ့ သတိထားတာတော့ ထားရမှာ… ဘာကိုလဲ ဆိုတော့ အခု ရန်ကုန်မှာ တအားပူတယ်လေ… အဲဒီမှာ ဆံပင်နဲ့လူထက် ကတုံးတွေက ခေါင်းကိုရေဆွတ်ပြီး အအေးခံကြတယ်ဗျ… မနေ့ကပဲ မီးပွိုင့်တခုမှာ… Taxi သမားတယောက်ဆုံးသွားတာ ကြားလိုက်တယ်… ဘယ်လိုဆုံးလဲဆိုတော့.. သူလဲ ဘုန်းကြီးလူထွက် (ဝါ) ကတုံးနဲ့ကို အိုက်လို့ဆိုပြီး ရေဆွတ်တယ်လေ… နဂိုကလည်း သူမှာ ရောဂါ အခံတော့ရှိပါတယ်… ဒါပေမဲ့ တိုက်ဆိုင်ချင်တော့ ရေဆွတ်ထားတာရော ပေါင်းပြီး ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာ ခင်ဗျ… အဲဒါကြောင့် ကတုံးများ အိုက်တိုင်း ရေမဆွတ်ပါနဲ့ အေးအောင်ဆိုပြီး… အခန့်မသင့်ရင် လျှောနိုင်ပါကြောင်း ခင်ဗျာ…