ရွှေအိမ်စည်February 15, 20123min2839
လှိုင်သာယာ စက်မှုဇုန် (၃) ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု ဟာ..တကယ်တော့ပြည်သူစိတ်ဝင်စားမှုနည်းနေပါတယ်…။ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ရ နာရီအချိန်က လှိုင်သာယာ စက်မှုဇုံ ၃ မှာရှိတဲ့ တရုတ်လူမျိုးပိုင် တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား ၂၅၀ဝ ကျော်ဟာ ဇန်နဝါရီလ အတွက် ရရှိမယ့် လုပ်ခ လစာတွေ ဖြတ်တောက် ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်ခွင် မဝင်ပဲ ဆန္ဒပြ ခဲ့ကြပါတယ်။ စက်ရုံပိုင်ရှင်မှ ဇန်နဝါရီလက အလုပ် ပိတ်ရက်တွေ များတယ်လို့ အကြောင်းပြပြီး လုပ်ခ လစာငွေတွေကို ဖြတ်တောက် လိုက်တာကြောင့် စက်ရုံ အလုပ်သမားတွေကသူတို့ရဲ့လစာငွေတွေ အပြည့်ပြန်ရဖို့ အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြတာပါ။   […]