သုရွင္August 28, 20121min772
ပေါက်ပန်းမို့တဲ့…………………………………………………ကျွန်တော့်ကို အနံ့မမွှေး အဆင်းမလှ အသုံးမဝင် တဲ့နောက်မှာ ………………………. တစ်ပင်လုံးဝေ..နေအောင်ပွင့်တာတောင်….ဥပေက္ခာပြုရက်ကြတယ်။ ဒါများ နှလုံးသားရှိတဲ့သူတွေဆိုပဲ……………………….ကဗျာတွေထဲမှာ လင်္ကာတွေထဲမှာ….ကျွန်တော့်အကြောင်းဘယ်သူက ကောင်းကြောင်း ပြောလို့လဲ။………………………………………………………………………. ခိုင်းနှိုင်းဥပမာပေးကြရင်တောင် …ကျွန်တော့်လိုကောင်မို့..လူရာမဝင်.. အဆင်းမရှိ အချင်းမရှိ လူ့ပေါက်ပန်းရယ်လို့.တန်ဖိုးနှိမ့်ပြီး ယှဉ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခွင့် ရခဲ့လို့လား  ဘယ်ပန်းဖြစ်ချင်လှပါတယ် ဆိုပြီးတော့လေ။………………………………………………………………… မပြောပါနဲ့ဗျာ..ခင်ဗျားတို့နှုတ်က  ……………………..တရားမျှတမှုရယ်လို့ အဆင်းရှိမှ အချင်းရှိမှ အသုံးဝင်မှ…ပန်းဘဝ၊လူ့ဘဝ နေရာပေးကြတဲ့သူတွေ။ ဘယ်မှာလဲ…သဘာဝကပေးတဲ့ …အလှတရား….။………………………………. ကျွန်တော့်ကို ပြောနေလိုက်ကြတာများ..ဖြင့်…ပန်းအဖြစ်ရှင်သန်ဖြစ်တည်နေ..တာကိုက အရှက်ရစရာ။…………………………………………………………………………… အဲဒါထက်…ဆိုးတာရှိတယ်။ ပေါက်သား၊ပေါက်ကိုင်း ၊ ပေါက်ဖက်၊ပေါက်ပင်၊ ထင်းအဖြစ်က လွဲရင်…ကျွန်တော့်ကို..တစ်နေရာလောက်ဖြစ်ဖြစ် ……………. နေရာမပေးကြချင်ဘူးလား..ဟင်…………………………………………………….. အခြားတစ်ပင်နဲ့ ယှဉ် စိုက်ထားရင် ရွေးစရာရှိလို့မှ………………………………… ဒီပေါက်ပင်ကိုချန်ထားမယ် ဟိုအပင်ကို ခုတ် ( ချိုင် ) လိုက်လို့..တစ်ခါမှ…….. မကြားခဲ့ဖူးဘူး။………………………………………………………………………….. အဲဒီလောက် မျက်ကွယ်ပြုခံရတဲ့ […]