ကာရံJune 18, 20131min3496
ပန်းလေးရယ်မှ မလန်းခင် အခုတော့ နွမ်းရတော့မယ်ပ လေနှင်ရာ သူလေယိမ်းလို့ ဆင်းသက်ခြွေ သူလေနှင်း မိုးစက်ပွင့်တို့ ကြွေသက်ဆင်း………….. အကြွေစောတဲ့ ပန်းကလေးငယ် လွမ်းရတော့မယ်ထင်ပ သူ့အဆင်း သူ့အရောင် ရုပ်သိမ်းလို့ ညိုရော့တယ် ရနံ့ကလေးရယ် မမွှေးခင် အကြွှေစောလှတယ်……. ကျန်ခဲ့သူလဲလွမ်း ပြန်ရက်သူလဲလွမ်း နောက်ဆုံးတော့ အလွမ်းငှက်နွေဥဩငယ် ပူဆွေးဖွယ် ရတက်မအေး ကူဖေးမယ့် သူအဝေးမှာ ကျမျက်ရည် ဘယ်ညာခက်ကယ်မို့ ဘဝဆိုတာ အဆက်အဆက်ရှိရင်လေ ဆုံချင်သေးတယ် ရနံ့ကြွယ်ပန်းပမာ လန်းဖြာပါစေကြောင်း အစ်ကိုလေ အခုဘဝတင်မက နောင်ဘဝမှာပါ ဆုတောင်းလိုက်ပါတယ် ညီလေးရယ်……                      ပိတောက်မိုး