kokyawzinJuly 25, 20101min1360
မှောင်မိုက်တဲ့လမ်းတစ်ကွေ့မှာ မိုးချိန်းသံတွေကြားနေရတယ် မိုးတွေ ရွာနေတဲ့ အချိန်မှာပေါ့ နှလုံးသားတွေလည်း တဆတ်ဆတ် တုန်လို့ နားခိုရာမဲ့နေတဲ့ ငှက်ကလေးတွေကို ကြည့်ရင်း ချမ်းအေးနေတဲ့ ရာသီစက်ဝန်းထဲမှာ ငါဟာ နားခိုရာမဲ့ လူသားတစ်ဦး။ စာရွက်ထုတ်ပြီး ဘောပင်လေးနဲ့ ချရေးမိတယ် ဘဝရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ? အကြိမ်ကြိမ်ရေးနေခဲ့မိ ။ မိုးရေတွေရဲ့ စိုရွဲမှုအောက် ငါ့ရဲ့ ကြိုးစားမှုတွေ ပျောက်ကုန်တယ် ငါကပဲ ပိန်းနေတာလား ကံကြမ္မာကပဲ ယိမ်းနေတာလား ။ ခြေလှမ်းကျဲကျဲနဲ့ လျှောက်လှမ်းနေပေမယ့် သိုင်းကွက်နင်းနေတဲ့ ငါ့အားအင်တွေ ငါ့ ခြေထောက်ငါတောင် တည့်တည့် မကြည့်နိုင်သေးဘူး ။ ဪ လောကကြီးရယ် ငါ့ အတွက်ဘာရယ်လို့ သီးသန့်မရှိခဲ့ဘူးနော် မရှိခဲ့ခြင်းတွေသာ ငါ ပိုင်ဆိုင်တယ်ဆိုရင် လောကကြီးရယ် ငါ သေပျော်ပါပြီ… ။ […]