kotun winlattAugust 22, 20161min28310
အာနိုးမ @@@ (၁) မြို့ ကလေး ….။ မီးရထားလမ်းဆုံးမြို့လေး ဖြစ်သလို … မြစ်ကလေးတစ်စင်းကလည်း ရစ်ခွေစီးဆင်းသွားသည့် မြို့ကလေး …။ မြို့ကလေးရဲ့ အစည်ကားဆုံးဖြစ်တဲ့ တောင်မြောက်ပြေးနေတဲ့ လမ်းမကြီးတစ်ခု ၊ ထိုလမ်းမကြီးနှင့် ထိပ်တိုက်ဆုံတွေ့ပြီး စည်ပင်သာယာဈေးအဖြစ် အဆုံးသတ်သွားခဲ့သည့် အရှေ့အနောက် ဖောက်လုပ်ထားသည့် လမ်းတစ်ခု …။ ယင်းလမ်းနှစ်ခုဆုံရာ လက်ယာဘက်ခြမ်းတွင်တော့ မြင်းလှည်းဂိတ်၊ ကားဂိတ်၊ လက်ဘက်ရည်ဆိုင်တို့က စီစီရီရီ …။ မြင်းလှည်းဂိတ်ရှေ့တွင် မြင်းလှည်း သုံးလေးစီး ရပ်တန့်ထား၏။ ကားဂိတ်တွင်တော့ မော်တော်ကားနှစ်စီး ရပ်လျှက်၊ လက်ဘက်ရည်ဆိုင် အတွင်းတွင်မူ ကားသမားများ၊ မြင်းလှည်းသမားများနှင့် ခရီးသည်များဖြင့် စည်ကားနေပေသည်။ # # # # # # # # # […]


ခြေဖဝါးကိုထိတွေ့တဲ့အထိအတွေ့က သဲမှုန်တို့နဲ့ ရောယှက်နေတယ်။ ချနင်းလိုက်တဲ့ခံစားမှုတိုင်းက တစ်ယှက် ယှက်။ ဒီခံစားမှုဟာ သာမာန်ခံစားမှုမျိုးရှိတဲ့ မြေသားမဟုတ်ဘူး မောင်။ အရှိန်နဲ့ ခြေချမိလိုက်တိုင်း နစ်ဝင်နေ တယ် မောင်။ မောင် ကျွန်မကို ကြောက်နေတာလား။ ကျွန်မကပဲ မောင့်ကို ကြောက်နေတာလား။ ကျွန်မ သိချင်တယ် မောင်။ သိချင်လို့လည်း ကျွန်မဒီနေရာကို ရောက်လာခဲ့တာပေါ့။ မောင်ဒီနေရာကို ဘာကြောင့် ရောက်နေခဲ့ရသလဲ။ ထားဝယ်မြို့ဆိုတဲ့ နေရာက ကျယ်ဝန်းလွန်းတာမို့ မောင့်ကိုတွေ့မလားဆိုတဲ့ စိတ်တစ်ခု နဲ့ လာရတာဟာ ကျွန်မပဲမိုက်မဲလွန်းရာကျမလား။ အရှိန်နဲ့သွားနေတဲ့ ရထားက တစ်ရိပ်ရိပ်နဲ့ အတားအဆီး မဲ့စွာ တိုးဝင်လာတယ်။ ဘယ်လောက်အရှိန်များများ တစ်နေ့တော့ ရပ်တန့်ရမယ်မဟုတ်လား။ မောင်ဟာ အရှိန်ပြင်းပြင်းနဲ့ပြေးနေတဲ့ ရထားတစ်စင်းသာ ဖြစ်ပါစေလို့ ကျွန်မဆုတောင်းနေမိတယ်။ ကျွန်မရဲ့ ချစ်သူဟာ ကျွန်မရှေ့ကနေ […]