နွေခေါင်ခေါင်ငယ်ထိပ်ကို မိုးကြိုးပစ်တဲ့နေ့ ! ကျွန်တော့်ကမ္ဘာလေထုထဲ အိုဇုန်းလွှာတွေပေါက်သစ်ပင်တွေ ခြောက်တဲ့နေ့ ! အဲဒီနေ့မှာ ကွဲအက်ရှတတဲ့အသံနဲ သေမင်းက တိုးတိုးလေးလှောင်တယ် “မင်းလည်းတစ်နေ့ ငါနဲ့တွေ့မှာပါကွာတဲ့ “ ဟုတ်ပါရဲ့အခုဆို ကျွန်တော့် ဘဝဥယျဉ်ထဲက သစ်ပင်တွေ ခြောက်ကုန်တာ တဖျောက်..ဖျောက်နဲ့ လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗါစရိယ မိနှင့်ဖ” ပေမယ့် ဆရာဆိုတဲ့အသိ အဖေနဲ့တွေ့မှ သိခဲ့ရတာ ။ အဖေအမြဲပေးတဲ့ဓါးတုံးတုံးတစ်လက် အမြဲထက်အောင် ကျွန်တော် သွေး၊ ရေးလိုက်တဲ့ စာတိုင်းအဖေ့ကျေးဇူးနဲ့ နှိုင်းရင် ကျွန်တော် ရိုင်းရာကျမှာလား အဖေ။ မိသားစုနဲ့ဝေးနေတဲ့ကျွန်တော့်အတွက် သားငယ်ဆိုတဲ့ ဖုန်းထဲက အဖေခေါ်သံ အားဖြစ်စေခဲ့တာ အမှန်ပါ။ တကယ်တော့ကျွန်တော်ဆိုတဲ့ လူသားတစ်ယောက် ရန်ကုန်မှာမွေးဖွားလို့ ငယ်မြို့လေးမှာကြီးထွားလာခဲ့ရတာ။ […]