တောကအလှူ (သို့မဟုတ်) မင်းကကွန်မြူနစ်ကောင်…..

naywoon niNovember 12, 20101min63329

လွန်ခဲ့တဲ့သုံးနှစ်လောက်ကပေါ့..။

ကျွန်တော်နဲ့ကျောင်းအတူနေခဲ့/ ပေခဲ့ဖူးတဲ့သူငယ်ချင်းက ရွာတစ်ရွာကအလှူသွားဖို့ခေါ်ပါတယ်..။ သူတစ်ယောက်ထဲဖြစ်နေလို့အဖေါ်ခေါ်တာပါ..။ ရွာကမြို့နဲ့သုံးမိုင်ကျော်လောက်ပဲရှိတာမို့ စက်ဘီးနဲ့ပဲစောစောသွားပြီးစောစောပြန်လာကြဖို့သဘောတူလိုက်ပါတယ်..။ အဲအလှူသွားမဲ့မနက်ရောက်တော့မြန်မာစော နေထွက်ဆိုသလိုပါပဲ ခုနှစ်နာရီခွဲလောက်မှသွားဖို့အဆင်သင့်ဖြစ်ပါတယ်။

“ဟေ့..အလှူသွားမှာပိုက်ပိုက်လေးဘာလေးကောထည့်ခဲ့ရဲ့လား”

ကျွန်တော်ကအကြောင်းသိနေလို့သတိပေးလိုက်တာပါ.။ ကျွန်တော်မှာတော့အိတ်ထဲအစောင့်ထည့်ထားတဲ့ ငွေ2500လောက်ပဲ ပါတာမို့စိုးရိမ်ကြီးမေးလိုက်တာပါ..။ ကိုယ့်ကောင်အ ကြောင်းကိုယ်သိတာလည်းပါတာမို့ပါ..။ သူကဒီမြို့နဲ့အဆက်အသွယ်ပြတ်နေတာကြာပြီ.။ ဒီမြို့နယ်ဘက်တွေမှာထွန်းကားနေတဲ့ယဉ်ကျေးမှုကိုသူမသိလောက်သေးဘူး..။

ပြန်ရောက်တာပဲသုံးလေးရက်လောက်ရှိသေးတာ..။ ဒီတော့အခြားသူဆိုရင်လိုက်ဖို့ငြင်းလိုက်မဲ့ ကိစ္စကိုအားနာလို့လိုက်လာတာလည်းပါတယ်လေ..။ သူက

“ဟ..အလှူသွားမှာလေဟာ!မင်္ဂလာဆောင်မှမဟုတ်တာ”

စပြီ..။ ဇာတ်လမ်းကဒီတော့သူအမေဖြစ်တဲ့သူကမနေနိုင်တော့ဘူး။

“ဟဲ့သား..လိုရမယ်ရတော့ထည့်သွားဦးလေ.. ဟိုကျမှစာရင်းစာအုပ်နဲ့တိုးနေလို့………..”

“ဟာ…အမေတို့ဆီကလည်း……… ပါပါတယ်ဗျာ..ဒီကောင်ကို့စချင်လို့..”

သူကဒီအလှူကိုသွားတာအကြောင်းကလည်းရှိကိုး..။ မသွားရင်လည်းဖြစ်သွားရင်လည်းဖြစ်ပေမဲ့ သူ့အိမ်ကစကားကိုမပယ်ရှားချင်သူဆိုတော့ ရောက်အောင်သွားရမှာပေါ့…။

ဒီလိုနဲ့ငယ်ကအကြောင်းပြောရင်း စက်ဘီးလမ်းအတိုင်းမှန်မှန်ပဲနင်းသွားကြပါတယ်.။ မကြာပါဘူးအလှူရှိတဲ့ရွာကိုရောက်ပါပြီ.။ အဲဒိမှာသူကအိမ်ကသဘောတူထားတဲ့ကောင်မလေးအိမ်အရင်သွားရမလား။ အလှူကိုပဲအရင်သွားရမလားမေးလာပါတယ်..။

“ကျွှန်တော်ကအလှူလာတာပဲအလှူအရင်သွားပေါ့..။ မင်းကောင်မလေးလည်းအလှူရောက်နေရော့ပေါ့”

ဆိုပြီးအလှူရှိရာမဏ္ဍပ်ကိုသွားခဲ့ကြပါတယ်..။ အဲဒိရောက်တော့အလှူရှင်က အိမ်တစ်အိမ်ကိုခေါ်သွားပြီးသီးသန့်ဧည့်ခံပါတယ်..။ ကျွန်တော့မင်းသားကတော့မျက်စေ့သူငယ်နဲ့ပေါ့..။ အလှူမှာကျွေးတဲ့ ထမင်းရုံထဲမခေါ်ပဲနဲ့သီးသန့်ကျွေးတာဆိုတော့ သူ့စိတ်ထဲမှာရှိူးတိုးရှန့်တန့်ဖြစ်နေပုံလည်းရပါတယ်..။ ဘာလို့လည်းဆိုတော့ကျွန်တော်တို့ဟာသူငယ်ချင်း မင်္ဂလာဆောင်အလှူတို့ကလွဲရင် လူတောထဲသိပ်မဝင်ဆန့်တာလည်းပါပါတယ်..။ မရောက်ဖူးဘူးပေါ့ဗျာ..။

ကျွန်တော်ကပဲဦးဆောင်ပြီးသူ့ကိုခေါ်သွားရတာပေါ့..။ အဲဒိမှာဘာတွေ့လိုက်သလဲဆိုတော့ ကလေးတွေဝတ်ကောင်းစားလှလေးတွေဝတ်ပြီး အလှူကကျွေးမဲ့အချိန်စောင့်နေကြတာပါ..။ စောသေးတော့သူတို့ကိုမကျွေးသေးပါဘူး.။ ကျွန်တော်တို့ရောက်သွားတဲ့ ရှစ်နာရီလောက်ကျမှကျွေးဖိုု့ပြင်ဆင်နေတုန်းပါ..။

ကျွေးတဲ့ပုံကလည်းကြည့်ပါဦး..။ အိမ်မြင့်မြင့်တစ်လုံးရဲ့အောက်ထပ်မှာပါထမင်းနဲ့ဟင်းပုံကျွေးတာပါ..။ ဟင်းချိုနဲ့အချဉ်သုပ်ကတော့စ ားပွဲပေါ်မှာအပြည့်ထည့်ထားပေးပါတယ်..။

ကလေးတွေဆိုပေမဲ့တစ်ချို့ဆယ့်လေးငါးနှစ်တွေလည်းပါပါတယ်..။ယောက်ျားလေးတွေပေါ့..။

ကျွန်တော်သိတာကအဲဒိလူပျိုပေါက်ကလေးတွေ…..       အလှူမှာလာလုပ်ကိုင်ပေးတဲ့ကလေးတွေပါ..။ ဒီလိုမှမဟုတ်ရင်ဒီလိုနေရာမျာနေခွင့်ရှိမှာမဟုတ်ပါဘူး

အိမ်ကလူကြီးတွေတောင်အလှူပုံစံခွက်နဲ့ကျွေးတာ… ဒီကလေးတွေအတွက် အတွက်အလှူခွဲတမ်းမပါပါဘူး..။

ကျွန်တော်တို့လည်းသူတို့ဧည့်ခံရာ အိမ်ပေါ်မှာစားသောက်ရင်း လက်ငင်းဖြစ်နေတဲ့ဒီရွာတွေရဲ့ယဉ်ကျေးမှုအကြောင်းပြောပြဖြစ်ပါတယ်..။

“ဟေ့ရောင်..မင်းတို့ဆီကလည်းဘယ်လိုလဲဟ”

“ဘာကိုဘယ်လိုတာလဲ”

“မင်းမမြင်ဘူးလား”

မဏ္ဍပ်အဝင်မှာစာရင်းစာအုပ်နဲ့ အလှူဝင်လက်ခံနေတဲ့ခုံနဲ့ ကလေးတွေထမင်းကျွေးဖို့ပြင်ဆင်နေတာကို မေးငေါ့ပြရင်းပြန်မေးပါတယ်..။

“မြင်သားပဲ…. မင်းခုမှပြန်ရောက်တာမို့အကြောင်းမသိသေးလို့ လာတာ..။ ငါကလည်းမင်းနဲ့မတွေ့တာကြာနေလို့လိုက်လာပေးတာ ကျန်တဲ့သူဆိုလိုက်ဖို့ကတော့ဆော်ရီးပဲ။ ဝေါနဲ့တင်ခေါ်ပါ့မယ်ဆိုလည်းမလိုက်ရေးချမလိုက်..။ ဒီမြင်ကွင်းတွေမကြည့်ရက်လို့..။ မမြင်ချင်လို့သိလား”

ဒီတော့မှ

“ငါဒီကထွက်သွားတာဆယ်နှစ်လောက်ပဲရှိပါသေးတယ်..။ ဒီလောက်ပဲပြောင်းလည်းကုန်ပြီလားဟ”

“ရောက်တုန်းရောက်ခိုက်မြင်စရာရှိတာလေး တွေမြင်ရအောင်လေ့လာသွားဦး.. မင်းကဒီရွာသားလုပ်မဲ့ကောင်..”

“ဟုတ်…..ဆရာသမား..။ ကျွန်တော်လေ့လာပါ့မယ်..။”

ကျွန်တော်လည်းဒီရွာအကြောင်းသိရအောင်.. ထမင်းရုံဘက်ရောက်အောင်အကြံထုတ်ပါတော့တယ်..။ ရွာတွေကဒီလိုစည်းတွေဘောင်တွေသာ ထုတ်ထားတာသူတို့ရွာအကြောင်းတော့သိမှာလွှတ်ရှက်တာ။ ။ ကျွန်တော်နဲ့သိတဲ့ရွားသား တစ်ယောက်ထမင်းကျွေးကျတယ် ဆိုတာသိထားတော့သူကိုမေးပြီးတွေ့ချင်ကြောင်းပြောပြီထမင်းရုံဘက်ကို တားနေတဲကကြားကဇွတ်ထွက်လာပါတယ်.။ ဒါတောင်နောက်ကနေ စောစောကကျွန်တော်မေးတဲ့ရွာသားနာမယ် ကိုဆောင်းဘောက်ကအော်ပြီး ဧည့်သည်ရောက်နေကြောင်းကို အော်ခေါ်ပေးနေပါတယ်..။ ကျွန်တော်လည်းတွေ့ချင်တဲ့သူ ထမင်းရုံထဲကထွက်မလာနိုင်ခင်သူငယ်ချင်း လက်ကိုဆွဲပြီးခပ်သွက်သွက်လျှောက်ကာ ထမင်းကျွေးတဲ့ရုံထဲကိုဝင်လိုက်ပါတယ်..။ တွေ့ရပါပြီ..။ရွာသူရွာသားတွေထမင်းစားနေတဲ့ပုံစံ..။ ထမင်းပန်းကန်ဘေးမှာဟင်းခွက်လေးတွေကိုယ်စီနဲ့..။ စားပွဲအလယ်မှာဟင်းချိုပန်းကန်..အချဉ်သုပ်..။ ငရုပ်သီးထောင်း

သဘောကတော့.. ထမင်းကြိုက်သလောက်ရမယ်..။ ဟင်းကတော့ဒါပဲဆိုတဲ့သဘော..။ ဒါမြန်မာတွေရဲ့အလှူနော်..။ ဆက်ကြည့်ဦး……….

ဒီအထဲကိုရောက်မှ သူငယ်ချင်းရဲ့မျက်နှာကပိုပျက်သွားပါတယ်..။ သိပ်ကြာကြာမနေနိုင်နိုင်ပါဘူး.. ပြန်ဖို့ခြေလှမ်းပြင်နေပါပြီ..။ ဒါနဲ့ပဲကျွန်တော်ကဦးဆောင်ပြီးအလှူငွေလက်ခံတဲ့ခုံကိုခေါ်သွားပါတယ်..။ အဲဒိမယ်လည်းသူဖျားရပြန်ပါတယ်..။ အလှူငွေထည့်နေတာကတတ်နိုင်သလောက်မဟုတ်ပဲသတ်မှတ်ချက်နဲ့မို့ပါ..။ ကျွန်တော်တို့နဲ့တော့မဆိုင်ဘူးလေ……

ဒါပေမဲ့သူများတွေတောင်ငါးထောင် အောက်ထစ်ထည့်ပြီးအလှူပုံစံစားနေတဲ့ဥစ္စာ..။ ကျွန်တော်တို့နှစ်ယောက်ကိုသီးသန့်ကျွေးထားတာ..။ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့စိတ်ထဲမှာအလှူလာတယ်ဆိုတာကိုမေ့ပြီး ထမင်းဆိုင်မှာစားချင်တာမှာစားပြီး ကောင်တာမှာငွေလာရှင်းနေတယ်လို့ပဲအောကမေ့   နေကြတာ.. (ဒါကနောက်ပိုင်းမှပြန်ပြောဖြစ်တဲ့ဟာသ

စကားပါ..။)ဒီမှာတင”်

“ဟေ့ငါကိုပိုက်ဆံနှစ်ထောင်လောက်ပေးထားဦးတဲ့”  အိမ်မှာတုန်းကတော့ပိုက်ဆံလိုသေးလား အလှူသွားမှာဆိုတဲ့ကောင်က.. သနားတာနဲကမပြောတော့ပါဘူး သူအလှူဝင်လိုက်တဲ့ငွေရှစ်ထောင်ကို စားရင်းမှတ်တဲ့ခုန်ကလက်ခံပြီး ကျွန်တော်တို့လည်းလှည့်မကြည့်ပဲထွက်လာခဲ့ပါတော့တယ်..။

“ဟေ့……မင်းကောင်မလေးဆီမသွားတော့ဘူးလား”

ကျွန်တော့ကသတိပေးလိုက်တော့

“မသွားတော့ဘူးကွာ…….. ငါ့မှာစဉ်းစားရမှာတွေများနေပြီ..။ အလှူတောင်ဒီလိုကျွေးတဲ့ရွာ…. မင်္ဂလာဆောင်ဆိုရင်ဘယ်လိုများနေမလဲမသိဘူး..။ ငါနဲ့ဖြစ်မယ်မထင်ပါဘူး”

“ဘာလို့လဲဟ..ဒီမျာဒါကထုံးစံဖြစ်နေပြီဟာ.. မင်းကဘယ်လိုများဖြစ်ချင်နေသေးလို။့လဲ”

“ဟေ့ကောင်! မင်းငါ့အကြောင်းသိတယ်နော်. .ငါ့ကိုဒီထုံးစံဆိုတာကြီးနဲ့လာခြောက်မနေနဲ့..။ုဂ ရုစိုက်မှာမပါဘူး.. ဒီဓလေ့ကိုမကြိုက်ရင်ဒီမှာမနေဘူးကွာမရဘူးလား…

ငါဖြစ်ချင်တာမပြောဘူးကွာ.. ငါမကြိုက်ရင်ငါမနေဘူး..။ ဒီကောင်မလေးလည်းမယူဘူးကွာ”

“ဟဲ ဟဲ… ထမင်းလေးထောင်ဖိုးစီဝယ်စားလာပြီးအသံကမာလှချည့်လား”

“ဟုတ်ပါ့ကွာ…. .စောစောကအလှူငွေထည့်နေတုံးက ငါ့စိတ်ထဲမှာ ထမင်းဆိုင်ကောင်တာမှာငွေရှင်းနေရတယ်လို့ ထင်နေတာ မင်းကော………”

“မင်းနဲ့ငါစိတ်တူကိုယ်တူပေခဲ့လေခဲ့ကြတာပဲလေ…… ထိချက်တစ်ခုပေါ်မှာအသံထွက်ချင်းတူတာပေါ့ဟ”

‘အလှူရင်ကလည်းကွာ…. စာရင်းစာအုပ်ကြိးချပြီးလှူရတယ်လို့….. တတ်နိုင်သလောက်ပဲလှူပေါ့ကွ… စိတ်ထားတတ်ရင်မြတ်တာပဲ..ခုတော့ကွာမဟုတ်တဲ့ပကာသနတွေကများနေတယ်။ ဖိတ်စာကလေးငါးရာတန်…… ရှင်လောင်းလှည့်တော့လည်းအလှပြင်ခသိန်းဂဏန်းပေးရတယ်တဲ့..။ မဏ္ဍပ်ကလည်းမနဲပေးရမှာ……. အရက်ကလည်းစဉ့်အိုးနဲ့တိုက်တာတဲ့……. အိုကွာပိုနေတာတွေစာရေးမှတ်ရင်စာရွက်သုံးရွက်လောက်ရှိမယ်…။ ဟိုသီချင်းကသုံးမရတော့ဘူးသိလား..။ ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်ဆိုတာ

မလိုတာတွေဖယ်လိုက်ရင်… ဒီလိုအလှူပြန်ခံနေစရာမလိုတော့ပါဘူး..။ ဒါတွေမပါပဲကော..ကလေးတွေရှင်ပြုပေးလို့မရတော့ဘူးလား..။ ဘာသာရေးနဲ့ပတ်သက်လို့ငါသိပ်တော့မသိဘူး..။ ဒ ီလိုပြောလို့ငရဲကြီးမယ်ဆိုလည်းကြီးပါလေ့စေကွာ…… ဘာတဲ့ရွာသားတွေကတစ်အိမ်ကိုအနဲဆုံးငါးထောင်ဝင်ရတယ်. .ကျွေးတော့ဟင်းခွက်သေးသေးလေး တစ်ခွက်နဲ့ပုံစံချကျွေးတယ်..။ ကိုယ်ံပိုက်ဆံနဲ့ကိုမြို့ပေါ်တက်စာတော့မှာပေါ့ဟ… အလှူသာပြောတာပိုတဲ့ ဟင်းကိုပိဿာချိန်နဲ့ပြန်ရောင်ဦးမှာတဲ့.. ငါကြားလာတာ… အလှူဟင်းပိုလေးရောင်းရင်ဝယ်ထားဦးမှ… ကလေးတွေဟင်းကောင်းစားရအောင်……..  ဘာတွေလည်းကွာ..။ ငါမြန်မာပြည်ပြန်ရောက်နေတာကောဟုတ်ရဲ့လား”

“ဟေ့ကောင်……. အိမ်ကထွက်လာတုန်းကတော့အလှူသွားမှာပိုက်ဆံမလိုဘူးဆို……. ခုလာတာအလှူမဟုတ်ဘူးဟ..။ တောထဲမှာကိုယ့်စရိတ်နဲ့ကိုယ်ပျော်ပွဲစားလာထွက်တာသိပြီလား.. ဒီထက်ဆိုးတာတွေရှိသေးတယ်..။ ပြောရင်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုရှိတော့မယ်……. ငါကမပြောတော့ဘူး မင်းဖာသာ မင်းမြင်အောင်ကြည့်တော့သိလား”

“………..မင်းကကွန်မြူနစ်ကောင်”

ကျောင်းတုန်းကပြောနေကြစကားနဲ့ အနိုင်ယူပြီးစက်ဘီးနင်းထွက်ဖို့ပြင်နေပါတယ်။။ ကျွန်တော်ကလည်းပြောနေကြစကားသတိရပြီး

“အေး….. ငါကကွန်မြူနစ်ကောင်…….. မင်းကဘူဇွာ…သွားပြီ”

ပြန်ပြောပြိးစက်ဘီးကိုဦးအောင်နင်းထွက်လာပါတော့တယ်………

ကဲ ကျွန်တော်တို့ယဉ်ကျေးမှု……… ဆိုတာဒါပဲလား?

အရင်တုန်းကတော့ ထမင်းရေချောင်းစီးအလှူတွေပေးခဲ့တာ ဒီလိုပဲအလှူဝင်ငွေကိုစာရင်းစာအုပ်ကြီးရှေ့ချပြီး လက်ခံခဲ့ကြတာပဲလား?

ခင်ဗျားတို့အလှည့်ကျရင်ကော ဘယ်လိုလှူမလဲ?

ဟိုမင်းသားကြီး သီချင်းလိုပေါ့ဗျာ

ဘာတဲ့”လူတွေစဉ်းစားကြ…… စဉ်းစားကြ……… လောကအတွက်…… သင်ဟာသမိုင်းကြောင်းကောင်းဖို့ တစ်ခုခုလုပ်ခဲ့လား?

ဟုတ်ကဲ့……. ကျွန်တော်လည်းလူသားအားလုံးကိုလေးစားချင်ပါတယ်

29 comments

  • naywoonni

    November 12, 2010 at 1:11 pm

    မနေ့ကတင်တဲ့ပိုစ့်ကမပြည့်စုံဘူးထင်လို့နောက်ထပ်ထပ်တင်ပေးလိုက်တာပါ
    တစ်ကယ်တော့ဒီလိုအကြောင်းအရာတွေမရေးချင်ပါဘူး…………
    ဒါပေမဲ့…ရေးစရာနေရာလည်းရှိနေပြီ..ရေးသမျှလည်းဖတ်မဲ့သူရှိနေတဲ့နည်းပညာသက္ကရာဇ်ကိုရောက်နေတဲ့အချိန်မှာ
    စာရေးသူဟာမျက်စေ့ရှေ့မှာဖြစ်ပျက်နေတာကို…မမြင်ချင်ယောင်ဆောင်နေလို့မရပါဘူး
    စည်ဆိုတဲ့အမျိုးကထိချက်ပြင်းလေအသံကျယ်လေပါ..လေတိုးတိုင်းမြည်တဲ့အမျိုးအစားမဟုတ်ပါဘူးနော်

  • weiwei

    November 12, 2010 at 1:27 pm

    ယုံတောင်မယုံချင်စရာပဲ .. တစ်ခါမှ အဲဒီလိုအလှူမျိုး မကြုံးဖူးဘူး .. ကြားလည်းမကြားဖူးဘူး … ထူးဆန်းပါပေ့ အဘနီရယ် …

  • naywoonni

    November 12, 2010 at 2:36 pm

    မကြုံဖူးရင်လိုက်ပြမယ်လေ………….အဲဒါလွန်ခဲ့တဲ့သုံးနှစ်လောက်ကနော်
    နောက်အလှူဆိုရင်မသွားတော့ဘူး……..လူကြုံနဲ့အလှူဝင်ငွေထည့်ပေးလိုက်တယ်
    ဘာပြန်လာသလဲသိလား……..ခွဲတမ်းဟင်းဗျာ………..
    နောက်ကျတော့ငါ့ကိုယ်စားဘယ်သူသွားစားဟေ့ဆိုပြီးပြောလွှတ်လိုက်ရတယ်
    ရွာကဆင်းရဲတဲ့သူရွေးပြီးတော့ပေါ့………….

  • weiwei

    November 12, 2010 at 2:47 pm

    ငယ်ငယ်က တောကအလှူတစ်ခုသွားတုန်းက ရွာလုံးကျွတ် မီးခိုးတိတ်ကျွေးတာ မြင်ဖူးတယ် .. ထမင်းစားရုံကြီးတွေနဲ့ .. ထမင်းစားလက်မှတ်တွေနဲ့ အားရပါးရပဲ …
    အခုလိုမျိုးဆိုတော့ စိတ်မကောင်းစရာပဲ … တော်တော်ရှားပါးလာတာကို ဖော်ပြတာလား? အသိဉာဏ်နဲပါးလာတာလား မပြောတတ်ပါဘူး …

  • kopauk mandalay

    November 12, 2010 at 2:53 pm

    ကျနော်လည်းဒီလိုအလှူကိုငွေသတ်မှတ်ပြီးကောက်တာတော့မတွေ့သေးဘူး။
    အလှူမှာ ကူငွေခံတယ် မခံဘူးကတော့ ကြားဘူးတယ်။
    တစ်ချိုကတော့ ကုသိုလ်ပါချင်တယ်လို့ ပြောတော့ ဖလားတစ်လုံးချထားပေးလိုက်ကြပါတယ်။
    ကိုယ်တတ်နိုင်သလောက် သဒ္ဒါသလောက်ထဲ့ ဒါမျုးိတော့ တွေ့ဘူးတယ်။
    အခုပိုစ်ထဲပါတဲ့ အလှူမျိုးတော့ မကြုံသေးတာ ကံကောင်းတယ်ဆိုရမှာဘဲ။

  • naywoonni

    November 12, 2010 at 3:44 pm

    တစ်ကယ်ရှိနေပါတယ်ကိုပေါက်..
    အများကောင်းမှုနဲ့ပကာသနလုပ်ချင်ကြတာပေါ့ဗျာ
    မင်္ဂလာဆောင်ကပိုဆိုးသေးဗျ
    မြို့နဲ့သိပ်ဝေးလံတဲ့ရွာတွေလည်းမဟုတ်ပဲနဲ့ဒီလိုအကျင့်တွေဖြစ်ကုန်တာကဘယ်ကစပြောရမှန်တောင်မသိတော့ဘူး
    လုပ်ခါစတုန်းကတော့ဗျာ…မတတ်နိုင်တဲ့သူတွေအဆင်ပြေရုံလှူနိုင်ရုံ..မင်္ဂလာဆောင်နိုင်ရုံလောက်လုပ်ကြတာပဲ
    မင်္ဂလာဆောင်ရှိရင်တစ်အိမ်ကိုဘယ်လောက်တော့အနဲဆုံးလက်ဖွဲ့၊အလှူဆိုလည်းဘယ်လောက်တော့အလှူဝင်ကြပေါ့
    အစတုန်းကတော့ငွေကြေးလည်းသိပ်မရှားပါးသီနှံလေးကလည်းအဆင်ပြေနေတော့မထောင်တာဘူးပေါ့…
    နောက်ကျတော့ဒါကိုအခွင့်ကောင်းယူပြီးကောင်းကောင်းအသုံးချလာကြတာပဲ…..။ခုတော့အဲဒိနေရာတွေမှာအလှူ/
    အထူးသဖြင့်မင်္ဂလာဆောင်ဆိုတာရှိရင်ဖျားချင်နေရပြီ..။အလှူကတော့ကုသိုလ်ရေးတွက်လို့ရသေးတယ်လေ…….
    မင်္ဂလာဆောင်ကျတော့ကြွေးသာတင်လိုက်တယ်ကိုယ့်အတွက်ဘာမှမရလိုက်ဖူးလို့တွက်နေကုန်ပြီ………..။
    ဒီစနစ်ကိုပြင်လည်းပြင်ချင်တယ်ပြင်လည်းမပြင်ရဲဘူးဖြစ်နေကြတယ်….ပြင်လိုက်ခါမှကိုယ့်မှာကိစ္စ/ဝိစ္စထပေါ်ရင်
    အရင်လိုလက်ဖွဲ့လာမှာအလှူဝင်လာကြတော့မှာမဟုတ်ဘူးလေ……..

    (တော်တော်ရှားပါးလာတာကို ဖော်ပြတာလား? အသိဉာဏ်နဲပါးလာတာလား မပြောတတ်ပါဘူး …)ဆိုတာကတော့
    အများကောင်းကျိုးအတွက်ချမှတ်ထားတဲ့မူကိုအလွဲသုံးစားပြုပြီးငွေကြေးတန်းဘိုးနဲလာတာကိုအကြောင်းပြပြီးတစ်
    ဖြေးဖြေးမြှင့်ယူလာကြတာတွေ……ကိုယ်တတ်နိုင်ပါရက်နဲ့ကိုပေါက်ပြောသလိုအလှူငွေမခံပဲတတ်နိုင်ပါရက်နဲ့သူ
    များတွေတုန်းကကြတော့ငါထည့်ခဲ့ရတာငါအလှည့်ကျတော့လည်းထည့်ကျပေါ့ဆိုတဲ့စိတ်တွေနဲ့လုပ်နေကြတာပါ
    ဒီတော့အဲဒိရွာတွေမှာနေကြတဲ့သူတွေရဲ့60%လောက်ဟာတစ်နှစ်ပတ်လုံးကြွေးကင်းတယ်ဆိုတာမရှိကြတော့ဘူး
    မိုးလေမမှန်လို့သီးနှံမရတဲ့နှစ်။အကြောင်းမသင့်လို့သီးနှံဈေးမရတဲ့နှစ်တွေဆိုရင်ပိုဆိုးတာပေါ့……………………
    ဒီနှစ်ဆိုရင်ပဲတီစိမ်းကဈေးပျက်သွားတယ်လေ………..ပထမတစ်တင်းလေးသောင်းခွဲလောက်ကနေနှစ်သောင်းကျော်
    ပဲဖြစ်သွားတော့အခြေအနေတွေပိုဆိုးကုန်တာပေါ့
    အံ့ဝသကြတာကရွာတွေနဲ့မနီးစပ်လို့ဖြစ်မှာပါ……ရောက်သွားရင်လည်းကျွန်တော်တို့လိုသီးသန့်ဧည့်ခံလိုက်ပြီးသူတို့
    ရဲ့ဖြစ်အင်ကိုဖုံးထားလိုက်နိုင်လို့ဖြစ်မှာပေါ့……..ကျွန်တော်တို့သွားခဲ့တဲ့ရွာကလည်းဒီလိုလုပ်လိုက်တာပဲ
    ဒါပေမဲ့ကျွန်တော်ကခြေခြေမြစ်မြစ်သိထားတော့…….ကျွန်တော့သူငယ်ချင်းကိုလည်းလက်တွေ့ပြချင်တာလည်းပါတာ
    ပေါ့….ဒါတွေကြောင့်မျက်မြင်ကြုံခဲ့ရတာပါ………သူကလည်းကိုယ်တိုင်တွေ့မှယုံမဲ့သူကိုး…………
    က၊ျွန်တော်လည်းအရင်ကကြားသာကြားဖူးတာအဲဒိတစ်ကြိမ်ကြုံဖူးတာပဲ……နောက်ကျတော့စိတ်ပျက်ပြီးမသွားဖြစ်
    တော့တာလည်းပါတာပေါ့

  • kai

    November 12, 2010 at 10:34 pm

    မြန်မာတွေရဲ့ အားနာတတ်တဲ့ ရှေးရိုးစွဲအယူအဆတွေကို သဘာဝတရားက အလိုအလျှောက်ပြင်ယူနေတယ်ထင်တာပါပဲ.။
    ပြောစရာတွေတော့အများကြီးပဲ..တိုတိုပြောရရင် လောကကြီးနဲ့ မြန်မာယဉ်ကျေးမှုဓလေ့တွေ ညှိယူနေပါတယ်ပေါ့..။

    အားနာလို့..။ အားနာတယ်၊ စတဲ့အမူအကျင့်တွေကို ဖျောက်ပစ်ဖို့ပဲလိုတယ်လို့ထင်ပါတယ်..။
    ==
    ဆိုတော့..။
    ဒါက ..
    ရန်ကုန်က အိုင်စီတို့..။ လေးဇီးကလပ်တို ့ ပွဲသွင်းအမြတ်ခွဲဆိုတာနဲ့.. သဘောတရားတူတူပါပဲ..။

    အလှူလုပ်သူဟာ အလှူလည်းလုပ်ရင်း။ နာမယ်လည်းကျန်ရင်း.. ငွေယားလေးလည်းရချင်လို့ဖြစ်ပါလိမ့်မယ်..။
    ဒါကို အားနာတတ်တဲ့ မြန်မာတွေစရိုက်နဲ့ မလိမ့်တပါတ်လုပ်တယ်ပေါ့..။
    အားမနာပဲ.. ဟေ့..အလှူပဲကွ..မပေးနိုင်ဘူးလို့ ပြောပစ်ရပါလိမ့်မယ်..။
    အေး..သိပ်အလှူလုပ်ချင်ရင် ..ကြိုလာညှိပါ။ ကုန်ကျစရိတ်ချပြပါ..။ ဘုန်းကြီးတွေ၊ ကလေးတွေခွေးတွေ၊ ကျွေးရင်ကုန်မဲ့စရိတ်ပြပါ..။ အချိုုးကျကောက်ခံပါ။ ငွေထည့်သူတွေနာမယ်လည်းထည့်ပါ။ မန်းနိပ်ချ်မန့်ဖိုးချန်ပြီး … အကျိုးအမြတ်လဲ အချိုးကျပြန်ခွဲပါ..ဆိုတာမျိုးလုပ်လို့ ပြောရမှာပေါ့..။

    ဒီလိုမျီုးနိုင်ငံတွေတော်တော်များများ ဖြစ်ခဲ့ဖူးတယ်မှတ်ပါတယ်..။ လူ့ယဉ်ကျေးမှု တိုးတက်လာခြင်းရဲ့ ဖြတ်ကျော်ရမဲ့ အဆင့်တခုပါပဲ..။

  • bigcat

    November 13, 2010 at 2:49 am

    ဟင်းပုံစံနဲ့ကျွေးတာကတော့ တောရောမြို့ပါ၊ အခုကျနော်နေတဲ့ ပြည်ပနိုင်ငံကမြို့ အတူတူပါပဲ။ အလယ်ပွဲမှာ ဟင်းထည့်ပေးတာဆိုလို့ မုန့်ဟင်းခါး ဟင်းရည်ပဲရမယ်။ ဒါပေမဲ ဦးနီပြောသလို ပိုက်ဆံကောက်တာကတော့ လွန်ပါတယ်။ ပကာသနအတွက်ဆိုတော့ပိုဆိုးတာပေါ့။ ခက်တာက ကျနော်တို့မြန်မာတွေကလည်း သူများဗုဒ္ဓဘာသာယဉ်ကျေးမှုကိုသာ အပြစ်ပြောမယ်၊ ကိုယ့်ကိုယ်ကိုကြတော့ မြင်ရကောင်းမှန်းမသိဘူး။

  • char too lan

    November 13, 2010 at 5:52 am

    စိတ်ပျက်စရာကြီးပါလားနော် ကြုံဖူးပေါင် ~~ကြုံဖူးပေါင်~~ ဘယ်တိုင်းဒေသကြီး ဘယ်မြို ့နယ် ဘယ်ရွာပါလိမ့်ပြောပြလို့ရမလား ??

  • naywoonni

    November 13, 2010 at 7:02 am

    ပြောရမှာရှက်ပါတယ်..။
    နေပြည်တော်ဒေသကြီးထဲမှာပါ………..တိန်!!!!!!!!!!!

  • char too lan

    November 13, 2010 at 7:34 am

    အေ~~~(ဝမ်းခေါင်းသံကြီးဖြင့်)…………………..တိန်!!!!!!!!!!! 😛

  • naywoonni

    November 13, 2010 at 3:08 pm

    bigcat ခင်ဗျား
    ကျွန်တောရုပ်ရုင်တွေVDOတွေထဲမှာကြည့်ဖူးတာကတော့(တရုပ်တို့ကိုရီယားတို့ပေါ့)
    ထမင်းကနဲနဲနဲ့ဟင်းအဝစားကြတာပေါ့ဗျာ…ကျွန်တို့မြန်မာတွေကျတော့ဟင်းနဲနဲနဲ့
    ထမင်းအဝစားကြတာဗျ….ဘာလို့လဲ..သိနိုင်မဲ့သူတွေရောက်ဖူးတဲ့သူတွေလိုက်မေး
    ကြည့်တယ်..။ဟုတ်မဟုတ်တော့မသိလူးပေါ့ဗျာသူတို့အပြောပေါ့…
    တို့တိုင်းပြည်ကဆန်ပေါတာကိုကွ..သူတို့ကနိုင်ငံခြားကဝယ်စားရတာထမင်းချည့်အဝ
    စားပစ်ရင်နိုင်ငံခြားကဆန်ပိုဝယ်ရမှာစိုးလို့အတိုင်းအဆနဲ့စားကြတာ……….
    ဒီမှာတော့မဟုတ်ပါဘူး…ပိုပိုမိုမိုချက်စားကြတယ်အဝစားလို့ပိုရင်လည်းပက်ပစ်ဖို့ဝန်
    မလေးကြဘူးသူများဆီကဝယ်စားရတာမဟုတ်လို့တန်ဘိုးမထားကြဘူးလို့ပြောကြ
    တယ်ဗျ…အဲဒါဘယ်လောက်အထိမှန်သလဲပြောပြပါဦး…….
    ပိုက်ဆံကောက်တာမဟုတ်ဖူးဗျို့တစ်အိမ်ဘယ်လောက်ထည့်ရမယ်ဆိုပြီး
    စည်းကမ်းသတ်မှတ်ထားကြတာ…အကြွေးမှတ်လို့လည်းမရဘူးဗျ…မရှိရင်
    အတိုးနဲ့ဖြစ်ဖြစ်…သီးနှံကြိုရောင်းပြီးဖြစ်ဖြစ်ထည့်ဝင်လှူဒါန်းသည်ပေါ့ဗျာ
    မင်္ဂလာဆောင်ဆိုလည်းလက်ဖွဲသည်ပေါ့….။သူလှည့်ထဲမှကိုယ့်အလည့်ပြန်လာမယ်ဆိုတဲ့
    သဘောမျိုးနဲ့လုပ်ကြတာ….ကိုယ်ထည့်ရမယ့်အလှည့်ရောက်ရင်ကိုယ့်တုန်းကသူဘယ်လောက်
    ထည့်ထားသလဲစာရင်းထဲပြန်ကြည့်ပြီးပြန်ထည့်ရတာ…ကိုယ်လှူတုန်းကလာမထားရင်သူ့အလှည့်
    မထည့်ပဲလည်းနေခွင့်ရှိတယ်ဗျ….သူ့စည်းကမ်းနဲ့သူတော့ဟုတ်နေတာပဲ

  • bigcat

    November 14, 2010 at 1:57 am

    ကျနော်သိမြင်သလောက်တော့ ဆင်းရဲတဲ့နိုင်ငံက ပြောင်းလာတဲ့သူမှန်သမျှ စားတာကို တစေ့တစောင်း ကြည့်လိုက်ရင် ထမင်းများပြီး ဟင်းနဲပါတယ်။ မြန်မာမှမဟုတ် တရုတ်၊ကုလား အကုန်ပါပဲ။ အသက်ကြီးမှရောက်လာတဲ့သူများလည်း အနေကြာလို့ အဆင်ပြေသွားတော့လဲ အကျင့်ပါသွားလို့ ဒီကကောင်တွေလို ဘီလူးသရဲစီးသလို အသားငါးအဓိကထား အုပ်ကြတာနဲပါတယ်။ ကိုယ်တိုင်းပြည်မှာနေစဉ်ကလိုတော့ ဟင်းဖတ်တိုင်းစရာမလိုတော့ပေမဲ့ ထမင်းအားပြုစားတာ အကျင့်ဖြစ်ကုန်ပါတယ်။ ဆရာနီကိုပြောတဲ့ ထမင်းပိုစားလို့ ဆန်ကိုနိုင်ငံခြားကသွင်းရင် ပိုက်ဆံ ကုန်မှာစိုးလို့ဆိုတာတော့ နောက်ပြောတာထင်ပါတယ်။ ဘယ်မှာမဆို အသားငါးနဲ့ အသီးအရွက်က ဆန်ထက်ပိုဈေးကြီးမှာပါ။ မြန်မာပြည်မှာသာ တရုတ်တွေက စီးပွားရေးလုပ်တတ်၊ အစားကောင်း စားတာ သူတို့စရိုက်လဲဖြစ်လို့ ပိုစားကြတာပါ၊ ဒီကိုပြောင်းရွှေ့ကာစ ပြည်မက တရုတ်တွေလည်း ထမင်းအားပြုစားတာ သတိထားမိပါတယ်။ ကိုရီးယားကတော့ ချမ်းသာနေပြီမို့ အသားငါး ဟင်းသီးဟင်းရွက် ပိုစားပါလိမ့်မယ်။ ယူအက်စ်မှာ မွေး၊ကြီးလာတဲ့သူတွေကြတော့ တမျိုးပေါ့နော်။ မိဘက ဝင်ငွေနဲလို့မတတ်နိုင်ရင် ကျောင်းတွေမှာ အလုံအလောက်ကျွေး၊ အစားအသောက်ဝယ်ယူခွင့် လက်မှတ်တွေလည်း ထုတ်ပေးထားတော့ ဒီမှာမွေးသူတွေကတော့ ဟင်းများများစားတာ သူတို့ အကျင့်ဖြစ်နေပါပြီ။
    သူ့အလှည့်ကိုယ့်အလှည့်ဆိုလို့ ကိုယ့်အသိုင်းအဝန်းအတွင်းမှာ သတိထားမိတာတော့ မွေးနေ့ လက်ဆောင်ပါ။ ကိုယ်အလှည့်ပေးတော့ သူအလှည့်ကြပြန်ပေးရနဲ့ မပြီးနိုင်ပါ။ လူတွေက အပိုလုပ်ကြတာများပါတယ်။

    • kai

      November 14, 2010 at 2:13 am

      အဲဒီလိုနဲ့ … ယူအက်စ်ရောက်ခါစ အကောင်သေးသေး မြန်မာလေးတွေခမျာ… အန်ကယ်ဆမ် ပေးလိုက်တဲ့ အဆီအသားတွေ ၂ဝပေါင် ၃ဝပေါင်တက်လို့ … ကြီးကုန်တော့တာပါပဲ..။
      ကြောင်ဆိုလည်း ကြောင်ကြီးဖြစ်တော့တာပေါ့..
      ဥပမာ ။ ။ bigcat ပေါ့လေ..။

      • bigcat

        November 14, 2010 at 3:31 am

        မှားပါသည်။ အရင်က အသားစားကြောင်ရိုင်းကြီး သက်သက်လွတ်ကြောင်ယဉ်ကြီး ဖြစ်သွားပါသည်။ အန်ကယ်ဆမ်ကြွေးလို့ တဖြဲနဖြဲစားပြီးတက်လာတဲ့ ကိုယ်အလေးချိန်ပေါင် ၂ဝကျော်လည်း ကျသွားပါပြီ။

  • ဆူး

    November 14, 2010 at 4:37 am

    အသားစား ကြောင်ရိုင်းကြီး သတ်သတ်လွတ် စားပါပကောလား.. မနေ့ကတွေ့မိတာ.. ဒေါသတချောင်းချောင်နဲ့.. အမြတ်တထောင်းထောင်း အမည်နာမ တခုတွေ့မိလေသလားလို့.. ကြောင်ပုဇွန်စား ကြွတ်ကြွတ်ဝါး သကဲ့သို့ သင့်ကိုလည်း ကျွှန်ုပ် ဝါးစား လတ္တံ ဆိုသော ရည်ညွန်းသော စားများတွေ့ရလို့.. ကြက်သီးများ ဖျန်းဖျန်းထ မိအောင် အကြောက်သွေးများ ထကြွလို့ အသံမထွက်ရဲအောင် တုန်လှုပ် မိပါသည်။ တောပါသေးရဲ့..သတ်သတ်လွတ် စားမိပြီ ဆိုတော့ ကြောင်နှာခေါင်းမွေး သွားဆွဲကြည့်မယ်.. တကယ်စားပြီလားလို့..

    • bigcat

      November 14, 2010 at 5:00 am

      သက်သတ်လွတ်စားလဲ တဂျွတ်ဂျွတ်မြည်ပါသေးသည်။ ဥပမာ ပါပလာ၊ မုန်လာဥ၊ သခွားသီး။

      • ဆူး

        November 14, 2010 at 6:01 am

        ပါပလာက ဝက်ဆီနဲ့ ကြော်တာနော်..
        မုန်လာဥ နဲ့ သခွားသီး ပိုးမကျအောင် ပိုးသတ်ဆေး တွေ ဖြန်းထားတယ်..
        ကျန်းမာရေး ဂရုစိုက်နော်..

  • wa tout gyi

    November 14, 2010 at 4:43 am

    ဟုတ် ပါ တယ်။ ကျွန် တော် လည်း ကြုံ ဖူး ပါ တယ်.အ လှူ တော့ မ ဟုတ် ဘူး ။မင်္ဂလာ ဆောင် တစ် ခု မှာ ပါ.။ naywonni ပြော တဲ.နေပြည်တော်ဒေသကြီးထဲမှာပါ…ဟင်း ကို ပုံ စံ ခွက် နဲ့ ကျွေး တာ ပါ။

  • kopauk mandalay

    November 14, 2010 at 8:51 am

    ကျနော်တို့အိမ်မှ ထမင်းစားရင် အဖွားက ဟင်းကို ပုံစံခွက်နဲ့ကြွေးတာဗျ။
    ထမင်းလိုတယ်နော် ရတယ် ဟင်းရည်လိုချင်ရင် ထပ်ခပ်
    အသားတုံး ထပ်လိုချင်ရင်တော့ ဆောရီးပါ။
    ပုံစံခွက်ဆို အိမ်က ဘော်ဒါကျောင်းသားတွေ လက်ခံထားတာကိုးဗျာ။
    ကျနော်ကတော့ ပုံစံခွက်နဲ့စားတာ တော်တော်လေးအကျင့်ပါခဲ့ပါတယ်။
    ဒါကြောင့်အခုအဲဒီမကောင်းတဲ့အကျင့်ကိုပြင်ထားတာကြာပြီ။
    ဘာလို့လဲဆိုတော့ ထမင်းစားပွဲသွားရင်တို့ ဘူဖေးသွားစားရင် ကျနော်ဘက်ကအရှုံးပေါ်လို့ ပါ။.
    အခုတော့ လာထား ဘာဖြစ်ဖြစ်စားမယ် တစ်ဝတပြဲဘဲ။

  • ဆူး

    November 14, 2010 at 9:53 am

    လေးပေါက် အိမ်မှာ ထမင်းလာ ချားမှာနော်.. ဘူဖေး.. ခနုံထုပ်လေးလည်း ပါပစေ..ဟီးဟီး..
    ပြောသာပြောရပါတယ်.. ဆူး အိမ်မှာတော့ မိသားစု လက်စုံဝိုင်း စားတာဘဲ.. အစောကြီးထဲက အသားတုံးတွေ တယောက် ဘယ်နှစ်တုံးနှုန်းနဲ့ ချက်တာ.. အဲဒီ စနစ်က ကောင်းတယ် ကြိုက်သလောက် စားဆိုပြီး တဖြဲ နှစ်ဖြဲ မတရားစားတော့ ကလေးတွေ အဝလွန်တာတွေ ဖြစ်နိင်တယ်။ များများစားဖို့ များများချက်ပြီး မကုန်ရင် နောက်နေ့ ထပ်စားရတာ စိတ်ညစ်စရာကြီး.. တနေ့ချက်တာ တနေ့ အကုန်စားတာ အကောင်းဆုံးဘဲ.. ဧည့်သည်လာရင် ထမင်းစားချိန်လည်း ခပ်တည်တည်ဘဲ.. အပိုမချက်ထားဘူး ကြိုအကြောင်းကြားထားရင်တော့ ထမင်းကျွှေးတာပေါ့ အားလုံးက အလေအလွင့် မရှိတာ အကောင်းဆုံးဘဲ။

  • weiwei

    November 14, 2010 at 12:00 pm

    ဆူးတို့အိမ်ကို ဧည့်သည်လုပ်ရင် အချိန်ကိုသတိထားသင့်ကြောင်း မှတ်သားထားလိုက်ပါသည် …

    • ဆူး

      November 14, 2010 at 12:26 pm

      လူသား ပီသအောင် နှမျောတွန့်တို လောဘ စိတ်လေး ထားတဲ့ အကြောင်း မြင်အောင် ကွက်ကွက် ကွင်းကွင်း ပြောပြတာပါ။ ကြိုပြောထားတော့ အားမနာရဘူးပေါ့။ ဟီးဟီး

  • weiwei

    November 14, 2010 at 12:31 pm

    ဆူးကကြိုပြောတော့ မဝေလဲ ပြောရအုန်းမယ် … မဝေအိမ်ကတော့ လာတဲ့ဧည့်သည်က စားစရာပါတစ်ခါထဲယူလာရတယ် .. မယူလာရင်လဲ ဧည့်သည်က အပြင်ကဆိုင်တစ်ခုခုမှာ အိမ်ရှင်ကို ပြန်ကျွေးသွားရတာချည်းပဲ … မီးဖိုချောင်ဝင်ကြည့်ပြီး သနားသွားကြလို့လေ …..

    • ဆူး

      November 14, 2010 at 12:44 pm

      စိတ်မပူနဲ့ မဝေ.. ဆူး လမ်းမှာကတည်းက အဝ တွယ်ပြီးမှ လာမယ်.. အိမ်ပေါ်လည်း မတက်ဘူး.. အောက်ကနေ ခေါင်းလောင်း လှမ်းဆွဲလိုက်မယ်နော်..

  • naywoonni

    November 14, 2010 at 3:24 pm

    အင်းဆူးမတို့ကလူလည်ကျပြန်ပြီအိမ်ရှင်နဲ့ဧည့်သည်နဲ့ကတော့ဟုတ်နေတာပဲ
    အဲဒါကြောင့်……………………….
    ပြောတော့ပါပူး

  • ဆူး

    November 15, 2010 at 3:57 am

    အဘနီရေ.. ဆူးက အပျော်သဘော နောက်ပြောတာပါ။ ဟီးဟီး..
    သူများကို ခိုးလု ခုလု ဖြစ်အောင် လုပ်တာ အကျင့်ပါနေလို့.. ဝါသနာ အရ ပြောလိုက်တာ။

  • chityaaung

    November 15, 2010 at 10:27 am

    မင်းက..ကွန်မြူနစ်လို့ခေါင်းစဉ်ပေးထားတာကသိပ်ကြမ်းမနေဘူးလား

  • tun

    November 15, 2010 at 11:00 am

    နေရာအတိအကျပြောရင်ကောင်းမယ်ကွာ ။သတိထားလို့ရအောင်
    နေပြည်တော်တိုင်းက အကျယ်ကြီး။

Leave a Reply