ဂ်စ္စူJune 20, 20111min1527
စက်ရုံ နောက်ကျောဘက်ကို မီးငြှိမ်းသတ်နေပုံ (ဓာတ်ပုံ – ဧရာဝတီ) Monday, 20 June 2011 17:36 ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယမန်နေ့က အနှိပ်ခန်း အဆောက်အအုံတလုံး မီးလောင်ခဲ့ပြီး ယနေ့နံနက်တွင်လည်း စက်ရုံတလုံး မီးလောင်ကျွမ်းသွားသည်။ ယနေ့ နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည့် ၁၆ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ မော်တာ အထည်ချုပ် စက်ရုံမီးလောင်မှုတွင် စက်ရုံအနီး နေထိုင်သူတို့က ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ကြသည်ဟု ဒေသခံတဦးက ပြောသည်။ “မီးခိုးတွေက လုံးပြီး ထွက်လာတယ်။ စက်ရုံက အကာအရံတွေနဲ့ ဆိုတော့ ဝင်လို့မရ ဖြစ်နေတယ်။ မီးသတ်ယာဉ်တွေ မရောက်သေးတော့ ရပ်ကွက်က စက်ရုံဘေးကပဲ ဝိုင်း ပက်နေရတယ်” ဟု စက်ရုံ နောက်ဘက်တွင် နေထိုင်သူ […]