ဘားလားတံတားလို့ပြောလိုက်တာနဲ့ အခြာက်အလှန့်အလွန်ကြမ်းပြီး သရဲအလွန် ခြောက်ကြောင်းကို ကိုသာချိုတို့တစ်နယ်လုံး ၊ တစ်မြို့လုံးသိကြသည်။ အနှီဘာလား တံတာနားက ညဘက်ဆိုရင်တော့လူတစ်ယောက်ထဲ ဘယ်တော့မှဖြတ်မသွားလိုက် လေနှင့်။ အခြာက်မခံရရင် ပြောချင်တာသာပြောဆိုပြီး လောင်းဝံ့သူက ဒီနယ်တစ်ခုလုံး ကလူတွေပါပဲ။ ဒါပေမဲ့ နေ့လည်နေ့ခင်းဘက်တွေမှာတော့ ဒီတံတားကတော်တော်စည် ပါတယ်။ မစည်ခံနိုင်ရိုးလား ဒီဘားလားတံတားအနီးမှာပဲ တစ်နယ်လုံးရဲ့အားထားရာ မြို့မဈေးကြီးကတည်ရှိနေတာမဟုတ်လား။ ပြီးတော့ ဒီနားအနီးတစ်ဝိုက်ကရွာလေးတွေ ကလည်း မိမိတို့စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်လေးတို့ ချောင်ကြားမြောင်းကြားက ရှာဖွေလို့ရလာတဲ့ ငါးလေးပုဇွန်လေးတို့ကို မြို့ကိုလာရောင်းချင်သပဆို အနှီတံတားကြီး ပေါ်ကပဲဖြတ်သန်းလာကြရတာပဲကို။ ဒါပေမဲ့ တစ်ယောက်စ ၊ နှစ်ယောက်စတော့မလာ ရဲကြပါဘူး။ အနဲလေး လူစုပြီးလေး၊ ငါး၊ ခြောက်ယောက်လောက်ပေါင်းပြီးလာကြတာပါ။ မနက်စောစောလူလုံးမကွဲတစ်ကွဲ အချိန်လောက်ဆိုရင်ပြောပါတယ်။ ဒီတံတာက နံမည်ကြီးတာလည်းမပြောနဲ့ ဒီတံတားနားမှာ မှောက်လိုက်ကြတဲ့ကား၊ သေ လိုက်ကြတဲ့လူတွေ နဲမှမနဲပဲ။ ကားသမားတွေကတော့ပြောကြပါတယ် […]