may flowersJune 18, 20121min18510
တကယ်တော့ မစပ်စုကျွန်မမေဖလားဝါးဆီမှာ ရေးစရာဖြစ်ရပ်မှန်ဇာတ်လမ်းတော်တော်  များများရှိပေမဲ့ တကယ်တန်းချရေးကြည့်တော့  ထင်သလောက် ပါးစပ်ကပြောပြရသ လောက်မလွယ်တာမို့  ရေးလိုက်၊ ဖျက်လိုက်နဲ့ လုံးလယ်လိုက်ပြီး  ဖြစ်ရပ်မှန်ပေမဲ့ စာ တစ်ပုဒ် ၊ ပိုစ့်တစ်ပုဒ်ဖြစ်ဖို့ တော်တော်လေးကြိုးစားရေးရပါတယ်။ တစ်ချို့စာရေးသူတွေ ဟာ စာဖတ်သူတွေကို စိတ်ဝင်စားအောင်ရေးနိုင်တာကို ကျွန်မတော်တော်လေးအံ့ဩ ချီးကျူးမိပါတယ်။   ကဲ   ခုကျွန်မပြောပြ၊ ရေးပြချင်တဲ့အကြောင်းလေးကတော့ ကျွန်မတို့ငယ်ငယ်အိပ်ရာ ဝင်ပုံပြင်တွေပမာအမြဲနားထောင်ခဲ့ရဘူးတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်မတို့ ငယ်ငယ်က ကျွန်မအမေကြီး (အမေ့ရဲ့အမေ) ရောကျွန်မအမေပါမကြာခဏပြောပြတတ် တဲ့သရဲဦးထိပ်နီရဲ့အကြောင်းလေးပါ။ များသောအားဖြင့်ကျွန်မတို့အတွက် သရဲဆိုတာ  ကြောက် စရာ၊ လန့်စရာအကောင်အဖြစ်သာ သိထားကြတာပါ။ ဒီသရဲထိပ်နီကတော့  အဲလို သဲအမျိုးအစားမှာမပါရှာတဲ့ သရဲတစ်ကောင်အကြောင်းပါ။ ဒီလိုပါ………….. ကျွန်မတို့အဖွားရဲ့ အမေတွေလက်ထက်တုံးက ရွာမှာဦးထိပ်နီဆိုတဲ့   လူပျိုကြီးတစ် ယောက်ရှိခဲ့ပါတယ်တဲ့။ အဲဒီဦးထိပ်နီဟာ အိမ်ထောင်လဲမပြုပဲ မိအို၊ဘအိုကြီးတွေကိုပဲ […]