ကာရံApril 24, 20131min1616
အိမ်လေးလဲဟောင်းအိုခြေပြီ နှောင်းအတိတ် ခြေရာကောက်လို့ ခြောက်သွေ့တဲ့ ရွှက်ကြွေတွေကြားမှာ ငါမရောက်တာ အတော်ကြာပေါ့ ဥဩဌက်တေးသီသံကြား ခြားနားတဲ့ အတိတ်ပန်းချီကားတစ်ချပ်က အော် အခုတော့ စိတ်စေရာကိုဖန်တီးနေသလားလေ နှစ်မျောနေတဲ့ သံဇဉ်တွေကြားမှာ ငါ့နှလုံးသားလဲ အမေ့အိမ်ကိုတမ်းတနေဆဲလေ ငယ်ကာမှစလို့ ယခုထိတိုင် ကျွေးမွေးနေဆဲ အမေ့မေတ္တာတွေအောက်မှာ သားမရောက်တာ နှစ်ပေါင်းဘယ်လောက်များ ကြာနေပြီလဲ မေမေရေ တမ်းတတိုင်း လွမ်းမဝလို့ သားကျတဲ့မျက်ရည်စက်တွေက ပြုစုခွင့်မရလို့ မုန်းများနေပြီလားလေ သားသိပါတယ်မေမေ ဘယ်လောက်ဆိုးဆိုး ပြစ်မထားရစ်တဲ့ မေမေ့မေတ္တာတွေကတော့ အနန္တကမ္ဘာအိမ်ငယ်လေးပါ အခြေအနေမပေးလို့ ဝေးကွာနေဆဲ ကာလတွေမှာ သားလေးဘေးကင်းပါစေကြောင်း ဆုတောင်းနေတဲ့ မေမေ့ တေးသီသံလေးအောက်မှာ သားနိုးမထချင်သေးဘူးမေမေ အိပ်ရာဝင်ပုံပြင်လေးမဆုံးခင် အပြေးလာချင်တဲ့ ခြေလှမ်းတိုင်း မေမေပေးတဲ့ခွန်အားတွေနဲ့ သားလေ လောကကို အလှဆင်နိုင်တဲ့တစ်နေ့ ရင်ခွင်ဟောင်းရဲ့ တစ်နေရာကို သားလေးအပြေးသာ လှမ်းလာချင်ပါတော့မယ်  မေမေရယ် […]