etoneJune 30, 20111min1427
ကျွန်မရဲ့ မွေးရာပါဝါသနာကိုက စူးစမ်းလေ့လာချင်တာရယ်… အယုံမလွယ်တာရယ်မို့ … တနေ့ အကြောင်းကိစ္စတစ်ခုပေါ်တာနဲ့ ဗေဒင်ယတြာ အရမ်းဝါသနာကြီးသူ တယောက်အိမ်ကို ရောက်ခဲ့ပါတယ် …. ။ ရှေးယခင်မြန်မာများ ပြောဖူးကြတာ ကြားဖူးပါတယ် မွေးရာပါ ဝမ်းတွင်းစုန်းပညာဆိုတာမျိုးလေ …. ။ အထူးတလည် သင်ယူထားခြင်းမရှိပါသော်လည်း  အမေဝမ်းထဲမှာ နေစဉ်ကတည်းက တတ်လာခဲ့တာမျိုးလိုလေ… ယုံတော့မယံပေမဲ့ … အတင်းတော့ မပြောရဲပါဘူး ။ တော်ကြာ ထမိန်ခြုံလိုက်လျှင် စုန်းဖြစ်တယ်ဆိုတော့ ….. ဟုတ်မဟုတ်မသိပေမဲ့ ကြောက်တာပေါ့ … ။ ဒါနဲ့ပဲ … မှော်ဆန်ဆန်ဇာတ်လမ်းတွေ ပြောတတ်၊လုပ်တတ်တဲ့ အိမ်ရောက်တော့ ဝါသနာအတိုင်း စပ်စုတော့တယ်… ဘုရားစင်အောက်က အမွှေးတိုင်ကိုတွေ့တာနဲ့ … တမူထူးခြားနေပါတယ်… သာမန်အမွေးတိုင်မဟုတ်ပဲ သိုးမွှေးကြိုးလေးတောင်ပတ်လို့ … အရောင်လေးကလည်း ယောကီရောင်ဆိုတော့ … […]