(၂၀)အဆိပ်ကိုပေဤလောကေ၊ဝိသေဆိပ်မဆို သံဃာပစ္စည်းသို့ပင်နည်း၊ဆိပ်ကြီးမည်ဟူလို အဆိပ်စစ်မှာတစ်ကြိမ်သာ၊သတ်ရာအစဉ်တို သံဃိကမှန်သတ်တတ်ပြန်၊ဖန်ဖန်အကြိမ်ပို။ (၂၁)ကျေးဇူးမြင်းမြတ်မှန်သိအပ်၊ဖြတ်လတ်လျှင်မြန်ခြင်း နွားလားဂုဏ်ကျေးသိရန်ရေး၊ဝန်လေးရွက်ဆောင်နှင်း နို့ထွက်နွားမနို့ညှစ်ရ၊ဂုဏသိကြမင်း လျှို့ဝှက်ရာတွင်အပြောကျင့်၊ဉာဏ်ရှင်ကျေးဇူးချဉ်း။ (၂၂)သူတော်မြတ်များဥစ္စာကား၊နည်းပါးဖြစ်သော်ပင် တွင်းရေပမာမှီခိုရာ၊ရလာများလူရှင် မသူတော်စိုးဥစ္စာမျိုး၊ပွားတိုများသော်ပင် သမုဒ်မြစ်ရေပမာပေ၊ထက်ကြေသုံးမဝင်။ (၂၃)ရေကိုမြစ်ကမသောက်ပ၊ရုက္ခသီးမစား အချို့ဒေသေရပ်ဌာနေ၊မိုးစွေမရွာပါး သူ့အကျိုးငှာဖြစ်ရန်သာ၊ဥစ္စာသူတော်များ။ (၂၄)မတောင်းတအပ်အရာမှတ်၊ဆတ်ဆတ်မတောင်းနှင့် မကြံအပ်ပြန်မကြံရန်၊ရွှေဉာဏ်စိတ်နှိုင်းချင့် တရားနှင့်သာစပ်ယှဉ်ရာ၊မကွာစိတ်ကြံသင့် အချီးနှီးလှထိုကာလ၊ဟုတ်ပမလိုလင့်။ (၂၅)မကြံစည်ဘဲဖြစ်တတ်မြဲ၊ကြံလဲပျက်တတ်ခဲ့ မိန်းမယောက်ျားလူအများ၊စီးပွားကြံပေမယ့် ကြံတိုင်းမပြီးအချည်းနှီး၊ပျက်စီးတတ်သတဲ့။ (၂၆)မသူတော်ကိုအချစ်ပို၊ပစ်လိုသူတော်မှန် မသူတော်များယူတရား၊ဖောက်ပြားနှစ်သက်ပြန် ဤလူမသင့်မူအကျင့်၊ဆင့်ဆင့်ပျက်စီးရန်။   သူတော်ကောင်းတို့ကိုဆိုရာအခန်းပြီး၏၊