သူရႆဝါFebruary 5, 20111min1743
“လတ်တလော (၁)” ကောင်းကင်မိုးသားဟာ ငါ့လောက်အရပ်မရှည်ဘူးဖြစ်နေတယ် ရန်ကုန်ဆောင်းကို အပိုင်ဝယ်သိမ်းထားလိုက်နိုင်တယ် ငါ့လက်တွေ မြန်မြန်ဆန်ဆန် ပြန်ပြီးရွေ့လျားလာတယ် ငါလည်း ကိုလံဘတ်စ်တစ်ယောက်ပဲလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တယ် လူငယ်ပီသနေတုန်းပဲ၊ အချစ်ရေးလည်းအဆင်ပြေတယ် သူမဟာ ငါ့ရဲ့ “ဧဝ” ဖြစ်တဲ့အကြောင်း သက်သေပြချက်အသစ်တွေ ထပ်တွေ့တယ် အရင်လိုမဟုတ်ဘူး ၂၀၁၂ ကမ္ဘာပျက်သွားမှာကို သိပ်ကြောက်နေမိ ။ သူရဿဝါ ရသစာပေအနုပညာဘလော့ဂ် ဖေဖော်ဝါရီလ ၅ ရက် ၊ ၂၀၁၁ ခုနှစ်


သူရႆဝါFebruary 2, 20111min2368
ဂမ္ဘီရစာရေးဆရာများ သုံးနှုန်းရေးသားလေ့ရှိသော တစ်နေ့သ၌ အင်တာနက်လောကရှိ Social Network Website များအနက်မှ အယုတ်အလတ်အမြတ်မရွေး လူသုံးအများဆုံးဖြစ်သော Facebook အမည်ရှိ ဝက်ဘ်ဆိုက်ကို တည်ထောင်သူ မာ့ခ်ဇူကာဘတ်သည် ၎င်းလက်ဆော့ခြေဆော့ လုပ်ခဲ့သည့် ဝက်ဘ်ဆိုက်ကြီးအား မည်သည့်နိုင်ငံမှ လူဦးရေ မည်မျှသုံးစွဲပါသနည်းဟု စစ်တမ်းကောက်၍ ၎င်း၏ Facebook အား သုံးစွဲမှုအများဆုံးနိုင်ငံသို့ အလည်အပတ် လေ့လာရေး ခရီးသွားရောက်ကာ ၎င်း၏အရှိန်အဝါဩဇာကို ပိုမိုတိုးတက်အောင် မားကက်တင်းဆင်းရလျှင် သင့်မြတ်လှပေမည်ဟု တွေးတောမိလေသည်။ ထိုငတိသည် ဉာဏ်များသည့်အလေ့အထ ရှိသည့်အတိုင်း ရှေးဦးမဆွကလည်း ထိုသို့ ထူးခြားဆန်းပြားသော လုပ်ရပ်မျိုးကို လူစိတ်ဝင်စားအောင် ခဏခဏ ပြုလုပ်လေ့ရှိသူတစ်ဦးလည်း ဖြစ်၏။ ဥပမာဆိုရလျှင် တလောက ၎င်းလူသုံးအများဆုံး ဝက်ဘ်ဆိုက်ကြီးကို တည်ထောင်ခဲ့မိသဖြင့် ၎င်း၏ လူပျိုလှည့်ချိန်များ၊ ဈေးဝယ် ထွက်ချိန်များ၊ နိုက်ကလပ်တက်ချိန်များ […]


သူရႆဝါJanuary 28, 20111min1895
မထင်မှတ်တဲ့လမ်းတစ်နေရာမှာ လွန်ခဲ့ပြီးတဲ့နှစ်ကာလအချို့က ငါ့ကိုဆူးတွေလိုလာငြိတယ် နင်တော်တော်ပိန်သွားတယ် ဇင်၊ နေရောကောင်းရဲ့လား၊ ဆံပင်တွေလည်း တိုသွားတယ် ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ တစ်ခုခုတော့ဖြစ်သွားတယ် ဇင်။ ကဗျာဆရာဆိုတာ ဖြစ်ရိုးဖြစ်စဉ်လူ့ဘဝဒုက္ခကို အဆပေါင်းများစွာ ကြီးကျယ်ကြောက်လန့်သွားအောင် ပြောပြတတ်တဲ့သတ္တဝါတစ်မျိုးပဲ။ တကယ်ပါ ဇင် … ကျွန်တော်အခု ဒုက္ခရောက်နေတယ် လွန်ခဲ့တဲ့ သုံးနှစ်ကအတိုင်းပဲ၊ မိုးရေတွေထဲမှာ မြုပ်နေခဲ့တဲ့ နင့်ခြေသန်းလေးကို ငါပြန်ရှာမရတော့သလိုပဲ အခုလည်း ငါ့ရှေ့တည့်တည့်ကနင့်ကို ငါပြန်ရှာမရဘူး၊ ငါ့ကိုယ်ငါလည်း ရှာမရဘူး ငါသိပ်ကြောက်ခဲ့တဲ့ မှော်ဆရာမ .. ဇင်၊ အခုထိလည်း နင့်ကိုငါ ကြောက်နေတုန်းပဲ ငါ့စိတ်ကိုငါ ပျော်ရွှင်မှုထဲ ပို့ကြည့်တယ်၊ မရောက်ဖူးတဲ့ Disney Land ကို စိတ်နဲ့သွားကြည့်တယ်၊ ငါရုပ်ရှင်ဝင်ကြည့်တယ်၊ ငါသိပ်သွားချင်တဲ့ နယူးယော့ခ်ဆင်ခြေဖုံးရပ်ကွက်လေးဆီ စိတ်ကူးကြည့်တယ်၊ မရဘူး ဇင်၊ […]


သူရႆဝါJanuary 25, 20111min1726
လက်ထဲကဓါးကို ချွန်မြိနေအောင်သွေးထား လက်လေးသစ်စာလောက်ပဲဖြစ်ဖြစ် လွတ်သွားတာနဲ့ အခွင့်အရေးတွေပေါ်လာမှာ ၊ ထိုးချပစ်လိုက် ။ အံ့ဩတဲ့အမူအယာမဆုံးခင် ပြုတ်ကျသွားလိမ့်မယ် ဒါ .. ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်ကိစ္စကြီးပဲ ၊ မဟာအောင်ပွဲပဲ ၊ ဒါကိုလိုချင်တာမဟုတ်လား ဒီလိုဖြစ်စေချင်တာမဟုတ်လားလို့ မေးစရာမလို ။ စားပွဲခင်းကို ဆွဲလှန်ပစ်လိုက်ပြီ ၊ ရင်ဝကိုပုလင်းကွဲနဲ့ ထိုးစိုက်လိုက်ပြီ ၊ သွေးထွက်သံယိုဖြစ်နေတာကို အေးခဲနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီ ။ ဘာသဘောလဲဆိုတော့ ဒီသဘောပဲပေါ့ကွာ ဘာဖြစ်ချင်လဲဆိုတော့ ဒါဖြစ်ချင်တယ်ကွာလို့ မိုက်ကြေးခွဲလိုက်ပြီ ။ ဒီခြုံထဲမှာ ဒီယုန်တွေရှိတယ် ၊ ပစ်ကွင်းတည်တယ် ၊ တောခြောက်ခံရတာသေချာတယ် … ဒါမျိုးတွေက အံတိုနေပြီလို့ပြောတယ် ။ ခပ်တည်တည်လှည့်ထွက်ခဲ့တယ် ၊ မထီတရီပြုံးတယ် ။ သူရဲကောင်းလား ၊ မုဆိုးလား ၊ လူမိုက်အထာလား […]


သူရႆဝါJanuary 21, 20111min24511
“စိုးရိမ်တတ်သော သူရဿဝါနှင့် ကွန်ပျူတာလောက၊ အိုင်တီလောက” လူတစ်ဦးလျှင် ဝါသနာတစ်မျိုးစီ ရှိတတ်ကြသည့်အထဲတွင် ကျွန်တော် ထက်ထက်သန်သန် ဝါသနာပါသော အလုပ်မှာ စိုးရိမ်ကြောင့်ကြခြင်းဖြစ်သည်။ ဘာပဲလုပ်လုပ် စိုးရိမ်ပူပန်စိတ်က ရှေ့ကနေ ကာဆီးကာဆီး လုပ်တတ်သဖြင့် ကောင်းကျိုးလည်း များခဲ့ပါ၏။ ဆယ်တန်းစာမေးပွဲဖြေစဉ်က သချာင်္နေ့တွင် တစ်ပုဒ်တွက်လိုက် “ငါ့အဖြေက မှန်မှ မှန်ရဲ့လား” ဟု စိုးရိမ်စိတ်ဖြင့် နှစ်ခေါက်လောက် ပြန်စစ်လိုက်၊ တစ်ပုဒ်တွက်လိုက် နှစ်ခေါက် သုံးခေါက် စစ်လိုက်ဖြင့် ဖြေချိန် သုံးနာရီမှာ နှစ်နာရီလောက် ပြန်ပြန်စစ်နေမိသဖြင့် သချာင်္အမှတ် မကောင်းခဲ့သည်က တစ်ခါ၊ အသက်ကလေး ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် အရွယ်ရောက်၍ လူပျိုပေါက်သဘာဝ ရည်းစားသနာ ထားချိန်တွင် ကိုယ့်ရည်းစားက ကိုယ့်ကိုမှ ချစ်ရဲ့လားဟု တွေးတွေးပြီး စိုးရိမ်နေတတ်ပြီး ကိုယ့်ကိုမချစ်ချစ်အောင် စကားအထုပ်ဖြင့် ချုပ်ရင်းပွားရင်းက […]


သူရႆဝါJanuary 20, 20111min1260
အခုရေးချလိုက်တာ ကဗျာမဟုတ်ဘူးလို့ ဘယ်သူပြောမလဲ ဘယ်သူပြောမှာလဲ ဟုတ်တယ် ၊ ကျွန်တော်ပြောမယ် ဒါ … ကဗျာမဟုတ်ဘူး သောက်ပြီးသားစီးကရက်အတိုတွေ ၊ အရည်တစ်စက်မှ မကျန်တော့တဲ့ ဖန်ခွက်တွေ ၊ ထွေးထားတဲ့ကွမ်းတံတွေးတွေ ၊ အခွံတွေ “ဟံလင်း” မွေးနေ့မှာ ကဗျာဆရာများ စွန့်ထုတ်လိုက်တဲ့ အနိဋ္ဌာရုံတွေ … ကျွန်တော် ထပ်ပြောမယ် ဒါ … က ဗျာ မှ မ ဟုတ် တာ ကျွန်တော်က ပြုံးပြုံးလေးနေတတ်တဲ့ အဆိုးမြင်ဝါဒီ ပဲ “ကောင်းသောရှင်သန်ခြင်းဖြစ်ပါစေ ဟံလင်း” ကဗျာ “သေ” နေတဲ့ကြားက ခင်ဗျားအတွက် ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့တယ် ။ ။ သူရဿဝါ ဇန်နဝါရီလ ၂ဝ ရက် ၊ ၂၀၁ဝ […]


သူရႆဝါDecember 24, 20101min1591
Mysuboo Fanclub ရဲ့ သုံးနှစ်ပြည့် အထိမ်းအမှတ် ထုတ်ဝေမယ့် နှစ်ပတ်လည် မဂ္ဂဇင်းအတွက် စာမူတွေ ပေးပို့လို့ ရတယ်ဆိုတဲ့ အကြောင်းကို တလောက ကျွန်တော် Post တစ်ခုတင်ပြီး စာမူရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော် စာမူဖိတ်ခေါ်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Online Writer များ၊ စာရေးဆရာများ၊ Blogger များဆီက ပေးပို့တဲ့ စာမူတွေ အများအပြားရောက်လာလို့ ဝမ်းသာရပါတယ်။ ရောက်လာတဲ့ စာမူထဲမှာ ကဗျာစာမူတွေ အရမ်းများပြီး ဝတ္ထုတို အနည်းငယ်လည်း ရခဲ့ပါတယ်။ ကာတွန်း၊ ဟာသ၊ ဆောင်းပါး၊ ရသစာတမ်း (Essay) တို့ကိုတော့ ဘယ်သူမှ ပေးပို့ခြင်း မရှိသေးပါဘူး။ ပထမတုန်းက ကျွန်တော်ပြောထားတဲ့ အတိုင်းပဲ ဒီဇင်ဘာလကုန် ၃၁ ရက်နေ့မှာ စာမူတွေ […]


သူရႆဝါNovember 27, 20101min980
မစ္စတာဘီးန်ရဲ့ဟာသတွေလည်း မရယ်ရတော့ပါ။ လွန်လေပြီးသောခုနှစ်တစ်ခု မျက်စိရှေ့မှာ ခပ်တည်တည် ပြန်ရောက်လာပြီးနောက် … ကီးဘုတ်မှတဆင့် ကွန်ပျူတာမျက်နှာပြင်ပေါ်သို့ ပို့လွှတ်သော ကိုယ်/ ဟာသ၊ ကိုယ် (ကိုယ်တိုင်) ဟာသ၊ အထွေအထူးတော့ မဟုတ်ပါဘူး။ “မတွေ့ကြတာအတော်ကြာပြီနော်” ဆိုတာက အရမ်းကိုရယ်ရတာ။ ဒီလိုလေ … မစ္စတာဘီးန်က မရယ်ရတော့ဘူး၊ ဆိုပြီးတော့ ကျွန်တော် ဟာသတစ်ခုပြောပြလိုက်တယ်။ “ဒီမယ် မမခရေရဲ့ … အချစ်ဆိုတာ ရိတ်ချင်တိုင်းရိတ် နှုတ်ချင်တိုင်းနှုတ်ရအောင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မဟုတ်ဘူး” ဘယ်လိုလဲ မမခရေ … ရယ်ရတယ်မဟုတ်လား။ တွန်းကန်လိုက်တဲ့ကောင်က ပြန်ပြီး လွင့်   လွင့် လ ွ င ် ့ စ ဥ  ် လ ာ ။ […]


သူရႆဝါNovember 13, 20101min1202
နံရံမှာချိတ်ထားတဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုယူပြီး ဟောဒီကဗျာ/ ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချလိုက်တယ် ပြန်တွေးကြည့်တော့ လွမ်းစရာကိစ္စတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ခဲ့ပြီ ကျွန်တော် တကယ်ပဲ ပစ်ထည့်လိုက်တယ် ကျွန်တော် ပစ်ချလိုက်မှရမှာ အစစ်အမှန် အာ့သ်တွေထည့်ရေးနေတာ စိတ်ထဲ ဖြိုးဖြိုးဖြောက်ဖြောက်ပေါ်လာသမျှ ဘာသာဗေဒ ရေးထားတာ ကမ္ဘာပေါ်မှာ လူသားသန်းပေါင်းများစွာ အ အာ အာ့ အား ဘုရားတ တရားကိုတ ဂွ ဂွ ဂွ ဂွ ချက်ကော့ဗ်ရဲ့ သေနတ်ကြီးယူပြီး ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချင်သလိုပစ်ချလိုက် သီအိုရီအရ ချိတ်ပေးထားတဲ့ သေနတ်ဟာ ပစ်ဖို့ပဲ အဲဒီသေနတ်ကိုင်ပြီး လုပ်ချင်ရာလုပ်ဖို့ပဲ အဓိကအရေးကြီးတာက ဖန်တရာမတေတဲ့ Text တွေဖြစ်ဖို့ပဲ ဒါက ကဗျာပဲ အဲဒီ အ အာ […]


သူရႆဝါOctober 19, 20101min1994
မနေ့က နေမင်းအားမာန် လူငယ်စာပေဝိုင်းရဲ့ တတိယမြောက် နှစ်ပတ်လည် စာပေဂုဏ်ပြု ဆုပေးပွဲမှာ ဒီနှစ် (၂၀၀၉ – ၂၀၁၀) အတွက် ကဗျာဆုရခဲ့တဲ့ ကဗျာဆရာ (ကို) ဝိုင်ချိုရဲ့ “ကဗျာရေးသူ” ကဗျာကို ပြန်လည်ခံစားတဲ့ စာတမ်း ရေးပြီးတော့ အခမ်းအနားမှာ ဖတ်ပေးဖို့ အဖွဲ့ခေါင်းဆောင် ကိုဇော်မျိုးသက် (ကုက္ကိုင်း) က တောင်းဆိုထားလို့ ကျွန်တော် ရေးပေးပြီးတော့ ပွဲကျင်းပချိန်မှာ ပြန်ပြီး ဖတ်ပြခဲ့ပါတယ်။ အခု အဲဒီစာတမ်းကို မနေ့က ပွဲကိုရောက်ပေမယ့် သေသေချာချာ ပြန်ဖတ်ချင်တဲ့သူများ၊ ပွဲကိုမတက်နိုင်ခဲ့တဲ့ ကဗျာဝါသနာရှင်များအတွက် ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်။ ကြုံတုန်း မနေ့က ပွဲအကြောင်းလေး နည်းနည်းရေးပါဦးမယ်။ နေမင်းအားမာန် လူငယ်စာပေဝိုင်း ဆိုတာက ၂၀၀ရ ခုနှစ်လောက် ကတည်းက ဖွဲ့စည်းခဲ့ပြီး ဝါသနာတူ […]


သူရႆဝါOctober 9, 20101min1794
“ကဗျာဆရာဖြစ်ဖို့ ဘာတွေလိုအပ်” ဘာလိုသလဲဆိုတော့ ဘာမှမလိုဘူး ဘာမှမလိုဘူးလားဆိုတော့ လက်လိုတယ်၊ ဘောလ်ပင်လိုတယ်၊ စာရွက်လိုတယ်၊ ဝက်ဘ်ပေ့ချ်တွေလိုတယ်၊ ကီးဘုတ်ကိုကောင်းကောင်းသုံးတတ်ဖို့လိုတယ်၊ အနုပညာစိတ်တွေ ထောင်းထောင်းထနေတဲ့ ဝိဉာဉ်လိုတယ် ကျွန်တော်က ခင်ဗျားတို့လိုတော့မဟုတ်ဘူး ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ ကဗျာရေးလာတာကြာပြီ ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့လိုမဟုတ်ဘူး သီအိုရီပိုင်းအရကြည့်ရင် ကျွန်တော့်ကဗျာကြီးက ပြားချပ်ချပ်ဖြစ်နေ ပိုစ့်မော်ဒန်သဘောတရားအရကြည့်တော့ ကျွန်တော့်ကဗျာကြီးက ဉာဏ်စဉ်မမှီတဲ့ကလေး၊ ဟိုမရောက်ဒီမရောက်၊ အူလည်လည်၊ ကျွန်တော့်ကဗျာကြီးက ပြောမဆုံးပေါင်တောသုံးထောင် ခင်ဗျားတို့ရေးတဲ့ကဗျာလိုတော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ခင်ဗျားတို့ရေးတဲ့ကဗျာလိုပါပဲ နှလုံးသွေး၊ ခံစားချက်၊ နာကျင်မှုတွေ ကျွန်တော့်ကဗျာထဲ တောင်ပုံရာပုံ ကဗျာအနုပညာက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတာ ကဗျာမရေးရရင် အသက်ရှူရပ်သွားမှာ ကဗျာဆရာဖြစ်ဖို့မွေးဖွားလာပြီး ကဗျာတွေက ကျွန်တော့်ကို ကဗျာဆရာအဖြစ် မွေးဖွားလိုက်တာ မူးရင်မရေးဘူး၊ ရေးရင်လည်းမမူးဘူး လက်ကိုင်ဝါဒ ကဗျာတွေကို အဲဒီလို သစ္စာရှိရှိ […]


သူရႆဝါOctober 5, 20101min1060
ခုလေးတင်ဖတ်လိုက်ရတဲ့ ကဗျာသုံးပုဒ် * * * အဲဒီထဲကလို သူသူငါငါသိ/ မသိသလိုလုပ်နေကြတဲ့ ကိစ္စအချို့အဝက်ကလွဲရင် နေပျော်သေပျော် လောကကြီး *မကင်းရာမကင်းကြောင်း အဲဒါတွေအကြောင်း မောင်မိုးချိုသိပါတယ် *လမ်းထွက်လျှောက်နေရတဲ့အကြောင်း အဲဒီအကြောင်း ဆူးခက်မင်းသိပါတယ် Facebook ထဲက Like Button ဟာ ဘာတွေလုပ်လို့ရ/ ကိုယ်စားပြုလို့ရသလဲ ကြက်သီးတဖြန်းဖြန်းထသွားလား၊ ဒါမှမဟုတ်ရင် ကဗျာဆရာတစ်ယောက်ရဲ့ ပိုစ့်မော်ဒန်အယူဝါဒ အာသီသ *ပရော်ဒီ (Parody) တွေ ခုန်ထွက်လာသလား ထားလိုက်ပါ … အထက်ပါကိစ္စတွေ ထားခဲ့လိုက်ပါ နေပျော်သေပျော်လောကကြီး အပေါ်မှာရေးထားတဲ့ကိုးကြောင်းကိုဖတ်ပြီး ခင်ဗျားစိတ်ထဲမှာ တရေးရေးပေါ်လာတဲ့ “အဲဒါလားမသိဘူး” ကိုဖျောက်ပစ်လိုက်၊ တကယ်တော့ အဲဒါ အဲဒါ အဲဒါ လို့ရေးနေရတာကိုက အဲဒါပဲ (ခင်ဗျာ့အတွေးကို ဒီနေရာမှာတင်ရပ်မယ်ဆိုရင် အေးရာအေးကြောင်း လမ်းဆက်လျှောက်ခွင့်ပေးမယ်) ဆိုတော့ … […]