koyin sithuNovember 2, 20111min62824
တစ်ခုသော ကာလတစ်ခုက ကျွန်တော်သင်တန်းတက်စဉ် ကာလမှာပေါ့… သင်္ဘောသီးကျောင်းတော်ကြီးက ကျွန်တော်တို့ကို ပင်လယ်ပြင်တွင် မည်သို့ လုပ်ကိုင်ရမည်၊ မည်သို့နေထိုင်ရမည်၊ အရေးကြုံလာရင် ကိုယ့်အသက်ကို ဘယ်လိုကြံဖန်မွေးမြူရမယ်လို့ Safety First ဆိုသော ဆောင်ပုဒ်ကို တကြော်ကြော် အော်ပြီး စိတ်တက်ကြွနေသော ကျောင်းသားလေး ကိုရင်ခမျာ စာတွေ့၊ လက်တွေ့ သင်ကြားနေစဉ် ကာလမှာပေါ့…။ ကျွန်တော်တို့ သင်ရတဲ့ ဘာသာရပ်တွေထဲမှာ Fire Prevention and Fire Fighting ဆိုတဲ့ ဘာသာရပ်တစ်ခုကို လက်တွေ့ရော စာတွေ့ပါသင်ကြားရပါတယ်။ မီးဘေးဘယ်လိုကာကွယ်ရမယ်… မီးကို သင်္ဘောပေါ် ဘယ်လို ငြိမ်းသတ်ရမယ်ဆိုတာပေါ့။ သင်္ဘောပေါ်မှာ မီးလောင်ရင် မီးသတ်ကားလဲမရှိ၊ မီးသတ်သမားလဲ မလာနိုင်သမို့ ပါလာသမျှ သင်္ဘောသီးတွေ အားလုံး ကိုယ့်ဘာသာကိုယ် မီးငြိမ်းသတ်နည်းနှင့်တကွ မီးဘေးကြောင့်  မီးခိုးတွေအကြား […]