သင်္ဘောသီးဘဝ အလွဲများ (၁) ဖားယားဖိုက်တာကိုရင်

koyin sithuNovember 2, 20111min51724

တစ်ခုသော ကာလတစ်ခုက ကျွန်တော်သင်တန်းတက်စဉ် ကာလမှာပေါ့… သင်္ဘောသီးကျောင်းတော်ကြီးက ကျွန်တော်တို့ကို ပင်လယ်ပြင်တွင် မည်သို့ လုပ်ကိုင်ရမည်၊ မည်သို့နေထိုင်ရမည်၊ အရေးကြုံလာရင် ကိုယ့်အသက်ကို ဘယ်လိုကြံဖန်မွေးမြူရမယ်လို့ Safety First ဆိုသော ဆောင်ပုဒ်ကို တကြော်ကြော် အော်ပြီး စိတ်တက်ကြွနေသော ကျောင်းသားလေး ကိုရင်ခမျာ စာတွေ့၊ လက်တွေ့ သင်ကြားနေစဉ် ကာလမှာပေါ့…။ ကျွန်တော်တို့ သင်ရတဲ့ ဘာသာရပ်တွေထဲမှာ Fire Prevention and Fire Fighting ဆိုတဲ့ ဘာသာရပ်တစ်ခုကို လက်တွေ့ရော စာတွေ့ပါသင်ကြားရပါတယ်။ မီးဘေးဘယ်လိုကာကွယ်ရမယ်… မီးကို သင်္ဘောပေါ် ဘယ်လို ငြိမ်းသတ်ရမယ်ဆိုတာပေါ့။ သင်္ဘောပေါ်မှာ မီးလောင်ရင် မီးသတ်ကားလဲမရှိ၊ မီးသတ်သမားလဲ မလာနိုင်သမို့ ပါလာသမျှ သင်္ဘောသီးတွေ အားလုံး ကိုယ့်ဘာသာကိုယ် မီးငြိမ်းသတ်နည်းနှင့်တကွ မီးဘေးကြောင့်  မီးခိုးတွေအကြား ပိတ်မိနေသော ကိုယ့်ဘော်ဘော် သင်္ဘောသီးတွေကို ဘယ်လို ကယ်ဆယ်ရမလဲဆိုတာနှင့်တကွ မီးနဲ့ဆိုင်တဲ့ Equipment အစုံအလင်ကို သုံးတတ်အောင် သင်ကြားခဲ့ရသပေါ့။ မှတ်မိသေးတယ်…. အဆောင်မှာ ဘော်ဒါတွေအကြား ကြိမ်းဝါးမိတာကတော့ ဒီမီး.. ကိုရင် ခြေချမဲ့ သင်္ဘောပေါ်လာရဲလာကြည့် ဖနောင့်နဲ့ အပြည့်ပေါက်လိုက်မယ်.. ဆိုလားပဲ… တကယ်တမ်းမှာတော့….

မီးဖြစ်ပေါ်လာပုံ

မီးတစ်ခုဖြစ်ဖို့ လောင်စာ၊ အောက်ဆီဂျင် (၂၁%)၊ အပူ သုံးခုစုံမှ မီးစစတင်ဖြစ်ပွားပါတယ်။

သင်္ဘောပေါ်မှာ ဖြစ်တဲ့မီးကလည်း တစ်ခုနဲ့တစ်ခုမတူကွဲပြားသလို ငြိမ်းရတဲ့ ပုံစံတွေကလည်း ကွာခြားမှုရှိပါတယ်။

မီးအမျိုးအစားများ

Class A fire – Solid fire

Class B fire – liquid fire / Oil fire

Class C fire – Gas fire

Class D fire – Metal fire

Class E fire – Electrical fire

Class F fire – Cooking fire

ဒါကြောင့် ဖြစ်ပေါ်လာတဲ့ မီးလောင်တဲ့ အရင်းအမြစ်ကို ကြည့်ပြီး မီးသတ်ရတဲ့ ပုံစံ နည်းနည်းကွဲပြားသွားပါတယ်။ (သင်္ဘောပေါ်တွင်တော့ ဆီက စလောင်တယ်ဆရာ၊ မီးသွေးက စလောင်တယ်ဆရာလို့ မပြောပါဘူး… Class နဲ့ပဲ ခွဲပြီး သတင်းပို့ကြပါတယ်) မီးသတ်ဆေးဘူးတွေကိုလည်း အရောင်ခွဲခြား အသုံးပြုရပါတယ်..။

မီးသတ်ဆေးဘူးအမျိုးအစားများ

Water (Red)

Foam (Cream) အဖြူမှုန့်တွေနဲ့ အဲ့ဒါသုံးပြီး မီးငြိမ်းရင် ကိုရင်တို့ခမျာ သရဲလိုလို ဖုတ်ဝင်သလိုလိုနဲ့ အဖြူကောင်ကြီးဖြစ်သွားတာ… အနံ့ကြီးက ချဉ်စုပ်စုပ်နဲ့.. အဟွတ်

C.D.P (Blue) ဓါတ်ငွေ့မီး ငြိမ်းသတ်ရာမှာသုံး

CO2 (Black) ဓါတ်ငွေ့မီး ငြိမ်းသတ်ရာမှာသုံး

Halon (Green) ဓါတ်ငွေ့ကြောင့် လောင်တဲ့မီးကို ငြိမ်းသတ်ပါတယ်။ အိုးဇုန်းလွှာကို ထိခိုက်လို့ နောက်ပိုင်း အသုံးမပြုခိုင်းတော့ပါဘူး။ လူတော်တော်များများက မီးဆိုရင် ရေနဲ့ ငြိမ်းရင် အိုကေသွားတတ်တယ်လို့ ထင်ကြပေမယ့် Oil Tanker တို့လို့ ဆီတင်သင်္ဘောတွေကျတော့ ရေနဲ့ငြိမ်းမှ ပိုဆိုးပြီး မီးလောင်ရာပိုကျယ်ပြန့်စေတတ်သလို၊ ဝါယာရှောခ့်ကြောင့် ဖြစ်တဲ့မီးကို ရေနဲ့သွားတတ်ရင် ဒန်တန့်တန့် ဖြစ်သွားနိုင်တယ်လို့ ဆရာသခင်တို့က သင်ပေးခဲ့ပါတယ်။ နောက်ပြီး မီးငြိမ်းမနိုင်ကြတော့ရင်တော့ Hero လုပ်ပြီး ဆက်မငြိမ်းနဲ့တော့ ငါ့တပည့်တို့ သတင်းပို့ပြီး မာစတာဆီက အမိန့်စောင့်ပြီး Abondon Ship ကြပါတော့တဲ့…။ သင်္ဘောသံပြားပေါ် ခြေချမိတာနဲ့ နမော်နမဲ့မနေဖို့ ဆရာသခင်တို့က အတိအကျ မှာလိုက်လေသော်လည်း….. ဒီလိုနဲ့ မီးကို ဖိုက်ဖို့  လက်တွေ့လေ့လာသင်ကြားခဲ့တဲ့ သင်္ဘောသီးပေါက်စ ကိုရင်ခမျာ… တစ်ခုသော ကာလမှာ သင်္ဘောတစ်ခုပေါ်သို့ ယောင်တိယောင်ချာ ရောက်သွားလေသောအခါမှာတော့…

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ဆက်ရန် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

24 comments

  • Koyin Sithu

    November 2, 2011 at 9:48 pm

    သဂျီးဦးခိုင်ရေ…. ပို့စ်တင်ရင်း…
    ဘာဂျန့်ဖြစ်သွားလဲမသိဘူး…
    ခုနောက်ဆုံး တစ်ခေါက်မှာ အိုကေသွားပါတယ်…
    အဆင်မပြေခဲ့သော ပို့စ်နှစ်ခုကို ဖျက်ပေးဖို့
    ကျေးဇူးပြုပြီး တောင်းဆိုပါတယ်ခင်ည..

  • koyinmaung

    November 2, 2011 at 9:54 pm

    ကိုရင်ရေ…ဆက်ရေးပါစောင့်အားပေးနေကြောင်းပါ…..

  • ပေါက်ဖော်

    November 2, 2011 at 9:55 pm

    ဆက်ပါဦး..ကိုရင်သင်္ဘောသီးရဲ့..
    ရေမကူးတတ်လို ့.သင်္ဘောသီးတော့ မလုပ်ရဲပါဘူး..
    ဗဟုနဲ ့ သုတ ပေါ့ဗျာ

  • blackchaw

    November 2, 2011 at 10:15 pm

    ကိုရင် ဒီရက်ပိုင်း ရေးအားကောင်းနေပါလား။ စောင့်ဖတ်နေပါတယ် ကိုရင်။
    ငြင်းရင်ဖင်ပိတ်ငြင်းတယ်ဆိုတဲ့ ကိုရင့် လိုဂိုစာသားလေး ပြန်တင်ထားပေးပါလို့
    တောင်းဆိုပါရစေ။ IC ရှိုးတွေမှာ ပရိသတ်တွေက လေးဖြူ လေးဖြူ လေးဖြူလို့ အော်ကြတယ်။
    ဂဇက် ရှိုးမှာ ကျွန်တော်က ဒီလိုအော်မယ်ဗျာ။
    ကိုရင် ကိုရင် ကိုရင်

    • Koyin Sithu

      November 2, 2011 at 10:22 pm

      ကိုချောကတော့ အချင်းချင်း ကပ်မြှောက်နေပြန်ပါပီ…
      ဒီကလည်း မြောက်ပေးရင် ဂွေးတက်အောင် ကတတ်တာ..
      ဖင်ပိတ်ငြင်းတဲ့ လိုဂိုစားသားပြန်တင်ပါ့မယ်…
      ဒီလို အရေးတယူနဲ့ ခင်တဲ့ အနုပညာသမား ကိုချောကိုလဲ
      အမြဲခင်မင်လေးစားလျက်ပါခင်ညာ…
      အိုင်စီရှိူးပွဲတွေမှာ ပရိတ်သတ်တွေက မျိုးကြီး မျိုးကြီး မျိုးကြီးလို့ အော်ကြတယ်…
      ဂေဇက်ရှိူးမှာတော့ ….
      ကိုချော.. ကိုချော… ဂေဇက်တံခါးစောင့်ကြီး ကိုချောလို့..
      အားပေးလိုက်ပါရစေ….

  • kocho

    November 3, 2011 at 3:41 am

    ကောင်တယ်ဗျိုးပညာပေးတွေ ဘယ်ပရိုဖက်ရှင်နယ်မှာပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်

  • Foreign Resident

    November 3, 2011 at 7:42 am

    ကိုရင်ရေ အဘ သိတာလေး တခုလောက် ဝင်ပြောခွင့်ပြုပါကွယ် ။

    Foam (Cream) က အဖြူမှုန့်တွေ မထွက်ပါဘူးကွယ် ။ အမြုပ်ပဲထွက်တာပါကွယ် ။
    Chemical Dry Powder C.D.P (Blue) ကမှ အဖြူမှုန့်တွေ ထွက်ပါတယ်ကွယ် ။
    CO2 (Black) က Electrical Fire ကိုအဓိက သုံးပါတယ် ။

    ဝင်ရှုပ်တဲ့ အဘ ကို ခွင့်လွှတ်ပါ နော် ။
    ဖင်ပိတ်ငြင်းမှာကိုတော့ ကြောက်လှပါတယ်ကွယ် ။

    • အီးတီ

      November 3, 2011 at 4:59 pm

      F – Find the fire
      I – Inform everybody
      R – Restrict
      E – Extinguish the fire
      မီးကို တွေ ့ရင် လုပ်ဆောင်ရမယ့် အချက်လေးတွေပါ။

    • Koyin Sithu

      November 3, 2011 at 7:33 pm

      ဟုတ်တယ်.. အဘဖောရေ..
      ကျွန်တော်ရေးရင်းနဲ့မှားသွားပါတယ်..
      အဘမာစတာဖောတို့ အမှားတွေ့ရင်လည်း
      ပြန်ဝင်ပြင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ခင်ဗျာ…
      နောက်ထပ်ရေးမယ့် အပိုင်းတွေမှာ မှားတာတွေရှိရင်လည်း
      ဝင်ပြင်ပေးပါ့ခဗျ… ကျွန်တော်က ဘလိန်းသိပ်မကောင်းဘူး… အဘရဲ့…
      ကိုယ့် စီနီယာ မာစတာကြီးတွေကို ဖင်ပိတ်ပြီး ငြင်းဖို့မပြောနဲ့
      မော်တောင်မကြည့်ရဲကြောင်းပါ…

  • စုံ စုံ

    November 3, 2011 at 8:57 am

    ဗဟုသုတရတယ် ကိုရင်ရေ
    ဆက်ရေးပါဦး ဆက်ရန်ဆိုတော့ဖတ်ရတာတိုးလိုးတန်းလန်းနဲ့
    နောက်ပိုင်းလဲ သင်္ဘောပေါ်ကသဘောင်္သီးဘဝကိုဖြစ်နိုင်ရင်သေချာရေးပေးပါဦး
    အဲ့လိုရေးပေးတဲ့သူရှိမှ ဖတ်ရသိရမှာလေ
    သေချာမသိရင် တော်ကြာကျမကိုညှက်ချနေမှာစိုးလို့ 😛 😀

    • nozomi

      November 3, 2011 at 10:12 am

      ကိုရင်ရေ ပညာရပ်တိုင်းကတော့ စိတ်ဝင်စားဘို့ကောင်းတာချည်းပါပဲ ၊ မသိသေးတဲ့ အကြောင်းတွေကို အခုလို စိတ်ဝင်စားအောင် ရေးပြတာ ကျေးဇူးတင်ပါတယ်

      စုံစုံ ရေ သေချာ သိအောင်လုပ် ညှက်ချတာတော့ လုံးဝ မခံနဲ့ … စေတနာနဲ ပြောတာနော 🙂

      • စုံ စုံ

        November 3, 2011 at 10:26 am

        ဟုတ် ကိုနိုဇိုမီ
        လုံးဝမခံဘူး ဒါကြောင့်ရွာထဲကသင်္ဘောသီးတွေကိုဖားထားရမယ်
        အင်ဖော်မေးရှင်းစုံစုံလင်လင်သိရအောင်လို့ ဟဲဟဲ 😛 😛

        • Foreign Resident

          November 3, 2011 at 12:35 pm

          ရွာထဲက သင်္ဘောသီးတွေရေ

          အကုန်တော့ ပြောလို့မဖြစ်ဘူးနော် ။
          ငွေရေး ကြေးရေး
          ( Lashing / Hatch Cleaning / Bonus )
          မိန်းမကိစ္စ ( Latin America / Vietnam )
          အဲဒါတွေတော့
          ပါလို့မဖြစ်ဘူးထင်တယ် ။
          ဆရာစားတော့
          နဲနဲချန်မှ ဖြစ်မယ် ။

          သင်္ဘောသီး သည်
          အမျိုးသားရေးကို
          ( အမျိုးသမီးရေး မပါ )
          ဘယ်တော့မှ
          သစ္စာ မဖေါက် ။ 😛

        • အီးတီ

          November 3, 2011 at 8:18 pm

          အဘဖော မပြောဘူးလဲ ဆိုသေး…..ပေါ်ကုန်ပါပြီဗျာ။ 🙂

    • Koyin Sithu

      November 3, 2011 at 8:24 pm

      မစုံစုံရေ…. သိသမျှတော့
      တတ်နိုင်သလောက် ချရေးပြပါ့မယ်… (သို့သော်
      သင်္ဘောသီးတွေရဲ့ အမျိုးသားရေးကို ထိခိုက်စေမယ့်..
      အကြောင်းအရာကိုတော့ ချန်လှပ်ပါ့မယ်…)
      မစုံရဲ့ ကွန့်မန့်အခြေအနေအရ…
      သင်္ဘောသီးစုံထောက် ဖော်ကြည့်ရာ..
      စုံစုံသည် သင်္ဘောသီးကတော်လောင်း ဖြစ်နိုင်ကြောင်းပါ
      ခင်ည… 😀

  • etone

    November 3, 2011 at 9:16 am

    ကိုရင်စည်သူရေ အူဝဲကတော့ ပြောပါတယ် … အိမ်တိုင်းဆောင်ထား rain flower ပါတဲ့ 😀 😀 😀
    ကျွန်မတို့ ရုံးတွေမှာ မီးသတ်ဆေးဗူးရောင်းတဲ့ လူတွေ ပရိုမိုးရှင်းဝင်တုန်းက မီးလောင်ကျွမ်းမှု အမျိုးစား လေးခုလောက်ကို ငြိမ်းနိုင်တဲ့ အကြောင်း သူတို့ ပစ္စည်းပြပြီး ကြွားသေးတယ် …. ။ ဟီးဟီး 😀

    သဘောင်္သီးအကြောင်း တစေ့တစောင်းကို ဗဟုသုတအနေနဲ့ ဖတ်ရပါတယ် … ။ အပိုင်းဆက်ကို ဖတ်ဖို့စောင့်နေပါတယ်နော် … ။ ရေနံတင်တဲ့ သဘောင်္ဆိုလျှင်တော့ .. မီးအန္တရာယ်ပို ဂရုစိုက်ရမယ် … ပြောမယ့်သာပြောတာ ရေပတ်လည်ဝိုင်းနေတဲ့နေရာမျိုးမှာ ဘာမီးမှ မလောင်တာ အကောင်းဆုံးပါပဲ … ။
    ဒါနဲ့ … မီးသက်ဆေးဗူးတွေရော အလုံလောက်ပေးထားရဲ့လား 😀

    • htoosan

      November 3, 2011 at 1:13 pm

      ပြောင်းပြန် ပြန်မတွေးကြဘူးလား … ရေပါတ်လည်ဝိုင်းနေတာ .. ဘာကြောက်စရာရှိလဲလို့ ။
      ရေကုန်သွားလို့ဆိုတာ မရှိတော့ဘူးလေ…

  • နွယ်ပင်

    November 3, 2011 at 9:35 am

    ကိုရင်စည်သူရဲ့ သဘောင်္သီးဘဝအကြောင်းကတော့
    စိတ်ဝင်စားစရာပါပဲ ။ ဗဟုသုတလည်းရပါတယ်
    ဒါနဲ့ ဖတ်ကောင်းတုန်း ဆက်ရန်ဆိုတာကြီးကတော့ ……….. 🙂

  • inz@ghi

    November 3, 2011 at 9:55 am

    အဲ့လို တက်ခ်နစ်ခယ်လ် ပိုင်းတွေကြောင့် သင်္ဘောသီးတွေကို အင်ဇာဂီ ဝတ္ထုမှာ လက်မလွှတ်နိုင်တာပေါ့
    ခစ်ခစ်…

  • ကြောင်ကြီး

    November 3, 2011 at 10:19 am

    ကောင်းတယ်ဗျို့ ဆက်ရေးပါ။ ရွာထဲမှာတော့ လှေသဂျီးFR ကဖုံး၊ သင်္ဘောသီးများကဖော်နဲ့ အခုဆိုရင် ပွဲရှိန်မြှင့်လာပါပြီ။ ရွာသားများကို လက်ခုပ်လက်ဝါးတီး အားပေးကြဖို့ တောင်ဆိုပါတယ်ခင်ဗျာ…။ 😆

  • AKKO

    November 3, 2011 at 12:58 pm

    ပထမပိုင်းမှာတော့ မလွဲသေးဘူး နောက်ပိုင်းတွေမှာမှ အ လွဲလေးတွေပါလာမယ်ထင်ပါ့ 😀

  • ice

    November 4, 2011 at 8:05 pm

    သဘောင်္ ပေါ်မှာ မီး တွေ ့ရင် အရင်ဆုံး ” fire” fire ဆို ပြီး အာပြဲ ကြီးနဲ ့အော်ရမှာ ကအရေးကြီးဆုံးပဲ……..

  • windtalker

    November 4, 2011 at 8:13 pm

    ကျုပ်ကတော့ သဘောင်္ပေါ်မှာ ကတုံးလေးနဲ ့ကိုရင့် ပုံ ကို စိတ်ကူးနဲ ့မှန်းကြည့်ပြီး ပြုံးမိသွားတယ် ဗျို ့
    🙂

Leave a Reply