ရုံးအပြန် အိမ်အရောက် ကျတော့်ကို ထွက်ကြို မယ် သူလည်းမရှိတော့ဘူး။ အရင်တုန်းက ဆူပူပြီး အထီးမကျန်ဘူး။ အခုတော့ ဆူပူပြီး အထီးကျန်တယ်။ လူတစ်စု စိတ်ချမ်းသာဖို့ လူတစ်စုနဲ့ အချို့အရာတွေ အစတေးခံလိုက်ရတယ်။ ဆူပူမှုတွေ ချုပ်ငြိမ်းပြီး သာယာတဲ့ လေညင်းတွေ ကျတော်လိုချင်မိနေတယ်။ အချိန်တွေ စောင့်ရဦးမယ်။ အခုတော့ ကျတော့်အိမ်ပြန်ချိန်တွေ အထီးကျန်လွန်းတယ်။ သတိရတယ် ဗစ်ကိရေ။ မင်းကို အမေလည်း သတိရနေတယ်။ ငါလည်း သတိရတယ်။ ငါတို့ သံယောဇဉ်တွေ စတေးခံလိုက်ရပေမယ့် တစ်ရက်တော့ ပြန်တူတူနေရတော့မယ်။ အခုတော့ အဝေးမှာ ပျော်အောင်နေနော်။   #အောင်မိုးသူ  


မြသဲ ( 17082011 )May 31, 20122min60939
      ချင်ပင်ဇီလေးဟာ မွေးမွေးချင်းအမေသေသွားလို့ တိရိစ္ဆာန်ရုံဝန်ထမ်းတွေက ခွေးမကြီးဆီပို့ထားပြီး ခွေးလေးတွေနဲ့အတူတူစောင့်ရှောက်ခိုင်းထားတာ။ ပုံမှာမြင်ရတဲ့အတိုင်းပဲ ချင်ပင်ဇီလေးက ခွေးလေးတွေနဲ့ခွေးမကြီးကို သူ့အမေနဲ့ သူ့မောင်နှမတွေလို့ထင်ပြီး ခွေးလေးတွေလိုလိုက်လုပ်နေတာ။ ချစ်ဖို့ကောင်းသလို သူတို့ရဲ့သံယောဇဉ်ကိုလဲ ခံစားမိတယ်။ ဒါပေမဲ့အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ ဘဝတွေ သဘာဝတွေဟာ မတူဘူးဆိုတာ သိလာကြတဲ့အချိန်မှာ ဘယ်လိုများဖြစ်မလဲဆိုတာ စိတ်ဝင်စားနေမိပါတယ်။ အခုအချိန်မှာတော့သူတို့ သံယောဇဉ်ဟာတော်တော်ကို ခိုင်မာနေပုံရပါတယ်။  မေးထဲရောက်လာတဲ့ပုံလေးတွေကို ခံစားရလို့ ပြန်လည်ဝေမျှလိုက်တာပါ။


koyinAugust 31, 20114min30613
သံယောဇဉ်သာ ဆိပ်တက် ရင် နွေသက်သတဲ့လား ဆောင်းငှက်က ပင်အိုထက် ရင်ထက်မှာ မြား…။   တစ်မျှင်ပတ်ပေမယ့် ပင်ယှက်တဲ့ တစ်ခက်နွယ် နှောင်တွယ်ကာ ထား…။ နှင်းစက်က ခိုတွယ် မျက်ဝန်းက အငိုလွယ်သတဲ့ ဒဏ်ခတ်တဲ့ နွေ…။ အပျံခက်သတဲ့ ရက်စက်တဲ့ လေနီရိုင်းက  မုန်တိုင်းကို စေ…။ ခြွေချင် ခြွေ… ကြွေနေမှာပဲ သွေးစက်တွေ ခဲကာမှ အစိမ်းရောင် ခြယ်ကာ သတ်မှတ်လိုက်မတဲ့ တားမြစ်ဖို့ ခက်တဲ့ နယ်မြေ…။ လာစေချင် ဝင်လာမလား မသွားပါနဲ့ ထားခဲ့မှာလား ပိုင်းခြားထားတဲ့ ရင်ပြင်ထက် တောင်တန်းတွေကို လက်နဲ့သယ် ကာရံလို့ ကွယ်မလား…။ မကွယ်မကာ တတွယ်မက်မက် မရှောင်ရက်လို့ အနှုတ်ခက်လည်း စိုက်ဝင်လျှက်သား….. နှလုံးသားမှာ…။ သံယောဇဉ်သာ ဆိပ်တက် ရင်…။ ။ တောက ကိုရင်