weiweiOctober 31, 20101min21712
အန်ကယ်ကြီးတင်တဲ့ သွားဒုက္ခအကြောင်းဖတ်ပြီး ကျွန်မရဲ့ သွားဒုက္ခတွေထဲက မှတ်မှတ်ရရလေးတစ်ခုကို ပြန်ပြောပြချင်လို့ပါ။ တရုတ်ပြည်မှာ ကျောင်းတက်နေစဉ် ကျွန်မရဲ့အရှေ့သွားအပေါ်သွားက ကြက်သားကြော်အရိုးတစ်ခုကိုကိုက်မိစဉ် ပဲ့ထွက်သွားပါတယ် … နဂိုကထဲကလဲ သိပ်မကောင်းလို့ပါ … အရှေ့သွားဆိုတော့ မဖြစ်မနေ ဆေးရုံပြေးရတာပေါ့ .. ဆေးရုံရောက်တော့ လေဆာသုံးပြီးဖာလိုက်ရုံနဲ့အဆင်မပြေနိုင်ဘူးတဲ့ .. အရောင်လွဲပြီး ရီလိုက်ရင် သိသာနေမယ်လို့ပြောပါတယ်။ အဲဒီသွားကလဲသိပ်မကောင်းလို့ ငုတ်တိုဖြစ်အောင်ကျောက်စက်နဲ့စားလိုက်ပြီး အသစ်ပြန်စွပ်ဖို့အကြံပေးပါတယ် … ကောင်းသလိုသာလုပ်ပေါ့ဆိုပြီး သူတို့လုပ်ပေးတယ့်အတိုင်း သီးခံလိုက်ပါတယ် … တရုတ်ဆရာဝန်တွေအရမ်းစိတ်ရှည်ပါတယ် … သွားတစ်ချောင်းကို ဆရာဝန် ၄ ယောက်ပြောင်းပြီး ကုပေးပါတယ်။ သူတို့က တစ်ယောက်ကို တစ်လိုင်းစီပဲကိုင်ပါတယ်။ သွားကိုစားလိုက်ပြီး သွားပုံယူပြီး သွားအတုအပ်ထားစဉ် တစ်ပတ်အတွင်းမှာတော့ ပလပ်စတစ်အသားလိုဟာတစ်မျိုးနဲ့ယာယီသွားအတုလုပ်ပြီး စွပ်ပေးထားပါတယ်။ အမာမစားဖို့မှာလိုက်တယ်။ တစ်ပတ်ပြည့်တော့ သွားအတုနဲ့သေချာတပ်ဆင်ပေးလိုက်တယ်။ သွားက နဂိုကထက်ပိုလှသွားလို့ ကျွန်မလဲကျေနပ်သွားပါတယ်။ […]